Unicode
ကားတွေကို အခြေခံအားဖြင့် အမျိုးအစား (၇) မျိုးခွဲခြားထားပါတယ်။ သင်ဟာကားချစ်သူတစ်ယောက် ဒါမှမဟုတ် ကားတွေအကြောင်း လေ့လာနေသူတစ်ယောက်ဆိုရင်တော့ ဒီလိုအခြေခံကျတဲ့ ကားအမျိုးအစားတွေအကြောင်းကို သိထားရမှာဖြစ်ပါတယ်။ အနည်းဆုံးတော့ ကိုယ်စီးနေတဲ့ကားက ဘယ်ကားအမျိုးအစားထဲမှာပါဝင်လဲဆိုတာတော့ သိကိုသိထားသင့်တယ်ထင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကားချစ်သူတွေ ဗဟုသုတရစေမယ့် အခြေခံကျတဲ့ ကားအမျိုးအစား (၇) မျိုးအကြောင်း တင်ဆက်ပေးလိုက်ပါတယ်နော်။
(၁) Hatchback
Hatchback ကားအမျိုးအစားတွေဟာ ကိုယ်ထည်ခပ်သေးသေးတည်ဆောက်ထားတဲ့ ကားပုံစံမျိုးဖြစ်ပါတယ်။ Hatchback ဆိုတဲ့အတိုင်းပဲ ကားရဲ့နောက်ဖုံးကို အပေါ်အထိလှန်တင်နိုင်မှာဖြစ်ပြီး ကားနောက်ခန်းမှာလည်း ပစ္စည်းထည့်ဖို့နေရာ အကျယ်အဝန်းတစ်ခုပါရှိမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Honda Fit လိုကားတွေဟာ Hatchback ကားအမျိုးအစားတွေဖြစ်ပါတယ်။
(၂) Sedan
Sedan ကားအမျိုးအစားကတော့ ကိုယ်ထည်ကျစ်ကျစ်လစ်လစ်နဲ့ ခေတ်ဆန်တဲ့ကားအမျိုးအစားဖြစ်ပါတယ်။ တံခါးပေါက်လေးဘက်ပါဝင်ပြီး ရှေ့နောက်ထိုင်ခုံလေးစုံ ပါဝင်တာဖြစ်ပါတယ်။ US အခေါ်အရတော့ Sedan ဖြစ်ပြီး UK မှာတော့ Saloon လို့ခေါ်ကြပါတယ်။ ဥပမာအားဖြင့် Honda Civic နဲ့ Toyota Crown ကားတွေဟာ Sedan ကားအမျိုးအစားတွေ ဖြစ်ပါတယ်။
(၃) MPV (Multi – Purpose Vehicle)
MPV ကားအမျိုးအစားတွေကတော့ အများဆုံးလူခြောက်ယောက် ခုနှစ်ယောက်လောက်ဆန့်တဲ့ ကားအမျိုးအစားဖြစ်ပါတယ်။ MPV ကားတွေကို နောက်တစ်မျိုးအနေနဲ့ Multi – Utility Vehicle (MPU) လို့လည်းခေါ်ပါတယ်။ ပုံမှန်ကားတွေလိုပဲ ဘီးလေးဘီး တံခါးပေါက်လေးပေါက် ပါဝင်တာဖြစ်ပြီး ခုံကတော့ ၃တန်းလောက် ပါဝင်လာတာဖြစ်ပါတယ်။ ဥပမာအားဖြင့် Toyota Wish နဲ့ Suzuki Ertiga တို့လို ကားအမျိုးအစားတွဟာ MPV ကားအမျိုးအစားတွေဖြစ်ပါတယ်။
(၄) SUV (Sports Utility Vehicle )
SUV ကားအမျိုးအစားတွေကတော့ ဘော်ဒီခပ်မြင့်မြင့် ခပ်တောင့်တောင့် အင်ဂျင်ပါဝါကြီးတဲ့အကိတ်တစ်လိုင်းတွေဖြစ်ပြီး ခရီးဝေး လမ်းကြမ်းနဲ့ တောင်တက်တွေအထိပါ မောင်းနှင်နိုင်တဲ့ကားအမျိုးအစားတွေ ဖြစ်ပါတယ်။ ဇိမ်ခံကားအမျိုးအစားထဲမှာ ပါဝင်တဲ့အတွက် ကားအတွင်းပိုင်းက ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တောင့်သက်သာရှိစေမှာဖြစ်ပြီး နောက်ခန်းမှာလည်း ပစ္စည်းအများကြီးဝင်ဆံ့ပါတယ်။ ဥပမာအားဖြင့် Land Rover နဲ့ Toyota Land Cruiser လိုကားအမျိုးအစားတွေဟာ SUV ကားအမျိုးအစားတွေဖြစ်ပါတယ်။
(၅) Crossover
Crossover ကားအမျိုးအစားတွေကတော့ အပေါ်မှာပြောခဲ့တဲ့ SUV နဲ့ Hatchback ကားအမျိုးအစား ၂ ခုကို ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ SUV လို ဘော်ဒီခပ်တောင်တောင့်ရှိပြီး ပုံစံကလည်း ခေတ်ဆန်တဲ့ဘက်ကိုရောက်ပါတယ်။ SVU လိုပဲ ကားအတွင်းခန်းကျယ်ကျယ်ဝန်းဝန်းရှိပြီး သက်တောင့်သက်သာရှိပေမယ့် SUV လောက်တော့ အကြမ်းခံမှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် Maruti Suzuki S-Cross နဲ့
Nissan Juke လို ကားအမျိုးအစားတွေကတော့ Crossover ကားအမျိုးအစားတွေဖြစ်ပါတယ်။
(6) Coupe
Coupe ကားအမျိုးအစားတွေကတော့ ကွီးတို့အကြိုက် ပြိုင်ကားပုံစံ ကားအမျိုးအစားတွေဖြစ်ပါတယ်။ Coupe ကားတော်တော်များများကတော့ တံခါးပေါက်နှစ်ပေါက် ထိုင်ခုံနှစ်ခုပဲပါဝင်မှာဖြစ်ပြီး လူငယ်အများစုကြိုက်နှစ်သက်တဲ့ ဘော်ဒီ ဒီဇိုင်းမျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် Marcedes Benz GLE Coupe နဲ့ Toyota GT 86 လို ကားအမျိုးအစားတွေဟာ Coupe ကားအမျိုးအစားတွေဖြစ်ပါတယ်။
(၇) Convertible
Convertible ကားအမျိုးအစားတွေလည်း ကွီးတို့အကြိုက် ဆော်ကြည်စေမယ့် ကားအမျိုးအစားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကားအမိုးကို အဖွင့်အပိတ်ပြုလုပ်လို့ရမှာဖြစ်ပြီး ဇိမ်ခံကားတစ်စီလို အထာကျတဲ့ခံစားမှုမျိုးပေးစွမ်းမှာဖြစ်ပါတယ်။ Convertible တွေကလည်း Coupe ကားတွေလိုပဲ တံခါးပေါက်နှစ်ပေါက်နဲ့ အများဆုံးထုတ်လုပ်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် Mercedes AMG SLC 43 Roadster လိုကားမျိုးတွေကတော့ Convertible ကားအမျိုးအစားတွေ ဖြစ်ပါတယ်။
Zawgyi
(၁) Hatchback
(၂) Sedan
(၅) Crossover
(6) Coupe
(၇) Convertible
0 Comments