Ads

header ads

Honda CR-V အကြောင်း

Unicode

Honda CR-V  အကြောင်း

ကျွန်တော်တို့ပြည်တွင်းမှာ တော်တော်လေးလူကြိုက်များ၊ အစီးများကြတဲ့ Honda အမှတ်တံဆိပ်
မော်တော်ကားတွေပဲဖြစ်ကြပါတယ်။ ဒီနေ့မှာတော့ကျွန်တော်တို့က အဆိုပါမော်ဒယ် ၃ မျိုးထဲကမှ
Crossover SUV အမျိုးအစားဖြစ်တဲ့ CR-V အကြောင်းမိတ်ဆက်ဖော်ပြပေးလိုက်ရပါတယ်။

Honda က CR-V ကို ၁၉၉၅ ခုနှစ်မှာ ဈေးကွက်ကိုမိတ်ဆက်ပြီး ၁၉၉၇ လောက်မှာ စတင်ဖြန့်ချိခဲ့ပါတယ်။
အခုဆိုရင် သူ့ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၂၀ ကျော်ရှိနေပြီပဲဖြစ်ပါတယ်။ ထုတ်လုပ်မှုသက်တမ်း နှစ်ပေါင်း
၂၀ ကျော်အတွင်းမှာ မျိုးဆက်အနေနဲ့ လေးဆက်ထိအဆင့်မြှင့်ပြီး ထုတ်လုပ်ထားတာတွေ့ရပါတယ်။

၁၉၉၅ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အတွင်း မော်ဒယ်တွေကို ပထမမျိုးဆက်၊ ၂၀၀၂ ကနေ ၂၀၀၆ အတွင်း
မော်ဒယ်တွေကို ဒုတိယမျိုးဆက်အနေနဲ့သက်မှတ်ထုတ်လုပ်ခဲ့ပါတယ်။ ပထမမျိုးဆက်က Hiriyuki
Kawase ဆိုတဲ့ ဒီဇိုင်းပညာရှင်ရဲ့ လက်ရာဖြစ်ပြီးHonda Civic ၊ Integra မော်ဒယ်တွေနဲ့ ဆင်တူတာ
တွေ့ရပါတယ်။ ဒုတိယမျိုးဆက်ကတော့ ဒီဇိုင်နာMitsuhiro Honda ရဲ့ ၁၉၉၉ ခုနှစ်က ရေးဆွဲပေးတဲ့
လက်ရာဖြစ်ပြီး Honda Element မော်ဒယ်နဲ့ ဆင်တူခဲ့ပါတယ်။

တတိယမျိုးဆက်ကိုတော့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၁ခုနှစ်အတွင်းမော်ဒယ်တွေကို သတ်မှတ်ခဲ့ပါတယ်။ အဆိုပါ
မော်ဒယ်ကတော့ ဒီဇိုင်းပိုင်း သိသိသာသာပြောင်းလဲလာတဲ့ မော်ဒယ်လို့ ဆိုနိုင်မှာဖြစ်ပြီး
လူကြိုက်လည်း အရမ်းများလာခဲ့ပါတယ်။ တတိယမျိုးဆက်ရဲ့ ဒီဇိုင်းကတော့ Daisuke Sawai ရဲ့
လက်ရာ ဖြစ်ပါတယ်။ အင်ဂျင်စနစ်မှာတော့အရင်မျိုးဆက်ကအတိုင်း အင်ဂျင်စနစ် ၃ မျိုး
ထုတ်လုပ်တာတွေ့နိုင်သလို Transmission ပိုင်းမှာတော့ ရွေးချယ်နိုင်စရာ ပြန်လျော့လိုက်တာတွေ့ရပြီး
၆ ချက် Manual စနစ်နဲ့ ၅ ချက် Auto စနစ် ၂ မျိုးပဲထုတ်လုပ်တော့တာ တွေ့ရပါတယ်။

ဒီမျိုးဆက်တွေရဲ့ထူးခြားချက်ကတော့ အကြမ်းခံပိုင်းစစ်ဆေးမှုရမှတ်တွေ ကောင်းခဲ့ပြီး လူကြိုက်အထူးများခဲ့
တာပါ။ စမ်းသပ်မှုတွေအရ ရှေ့ဖက်ခြမ်း ထိခိုက်မှုမှာကြယ် ၅ ပွင့်ရသလို ဘေးဘက်ခြမ်း စစ်ဆေးမှုမှာ
လည်း ကြယ် ၅ ပွင့်ရခဲ့ပြီး တစ်စီးလုံးအနေအထားမှာကြယ် ၄ ပွင့်ရခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ စတုထ္တမျိုးဆက်တွေကိုမွမ်းမံထုတ်လုပ်ခဲ့ပါတယ်။ ဒီဇိုင်းရေးဆွဲပေးသူကတော့
Manabu Konaka ဖြစ်ပါတယ်။ အင်ဂျင်စနစ်မှာပြင်ဆင်တဲ့အနေနဲ့ ထုတ်လုပ်နေကျ ၂.၂ လီတာသုံး
အင်ဂျင်ထုတ်လုပ်မှု လျော့ချလိုက်ပြီး ၁.၆ လီတာသုံးအင်ဂျင်စနစ်ကို အသစ်အနေနဲ့ စတင်တပ်ဆင်
ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ Transmissionပိုင်းမှာ ၅ ချက် Auto စနစ်ကို တစ်ကမ္ဘာလုံး
ဈေးကွက်အတွက် ထုတ်လုပ်ပေမယ့် ဥရောပဈေးကွက်အတွက် ၉ ချက် Auto စနစ်ကို ထုတ်လုပ်ရောင်း
ချတာ တွေ့ရသလို ဂျပန်ဈေးကွက်အတွက်ကိုတော့၆ ချက် CVT စနစ်နဲ့ ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။

⭐ မော်တော်ယာဉ်အရေအသွေး စောင့်ကြည့်စစ်ဆေးရေးအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ
အရ Honda CR-V ဟာ လုံခြုံစိတ်ချရမှု အပိုင်းမှာအရွယ်ရောက်သူတွေအတွက် ၉၃ ရာခိုင်နှုန်း၊
ကလေးငယ်တွေအတွက် ၇၄ ရာခိုင်နှုန်း လုံခြုံမှုရှိတယ်လို့ စစ်ဆေးချက်တွေအရ သိရပါတယ်။
ဒါ့အပြင် ကြံ့ခိုင်မှုလို စစ်ဆေးချက်တွေမှာလည်းရမှတ်ကောင်းတွေရယူထားနိုင်တဲ့ မော်ဒယ်ပဲဖြစ်ပါတယ်။

 ဟွန်ဒါ CRVရဲ့ ဂရိတ်တွေအကြောင်းကို ခွဲခြားဖော်ပြပေး လိုက်ပါတယ်။

ထုတ်လုပ်နှစ်အပိုင်းအခြားအလိုက် ပုံပြောင်းအမျိုးမျိုး ခွဲခြား ထုတ်လုပ်ပါ

တယ်။ မျိုးဆက်လေးဆက်ကို ခွဲခြားထုတ်လုပ်ထားတဲ့ ဟွန်ဒါ CRV ကို ၁၉၉၅-၂၀၀၁ အထိ

ပထမမျိုးဆက်၊၂၀၀၁-၂၀၀၆ အထိ ဒုတိယမျိုးဆက်၊ ၂၀၀၆-၂၀၁၁အထိ တတိယမျိုးဆက်၊ ၂၀၁၁-

၂၀၁၄အထိ စတုတ္ထမျိုးဆက်တို့ကို ထုတ်လုပ်ပါတယ်။


 အခုရွေးချယ်ဖော်ပြပေးမယ့် မော်ဒယ်တွေကတော့ ပြည်တွင်းမှာ တင်သွင်းခွင့်

ရတဲ့ မော်ဒယ်ဖြစ်တဲ့ ၂၀၀၆ မော်ဒယ်ကစပြီး ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။

၂၀၀၆ မော်ဒယ်ကို  Chassis အားဖြင့် RE3 ကို 2WD, RE4 ကို 4WD တို့ဖြင့် ထုတ်လုပ်ပါတယ်။Chassis

အလိုက် ဂရိတ်တွေကိုခွဲ ခြားမယ်ဆိုရင်တော့ RE3(2WD)မှာ ZL, ZL Navi, ZLI ဆိုပြီးသုံးမျိုး ရှိပါတယ်။

RE4(4WD) ကိုတော့ X, ZX, ZX Navi, ZXI ဆိုပြီး လေး မျိုးခွဲခြားထုတ်လုပ်ပါတယ်။၂၀၀၆

ပုံပြောင်းကို ၂၀၀၉အထိ ထုတ်လုပ်တာဖြစ်ပြီး ကားတွေ ဂရိတ်တွေကတော့ သိပ်ပြီး မကွာ

ပါဘူး။ အများစုကပတ်လည်အဲကွန်း၊ အော်တိုအဲကွန်းဖြစ်တာ၊ အနည်းဆုံး ရှေ့နောက်

စပီကာခြောက်လုံးဖြစ်တာ၊ ထိုင်ခုံ leather အပြည့်၊  Dashboard နဲ့ လက်တင်ခုံကျွန်းကွက်ဖြစ်တာ

တွေက တူညီတာ တွေ့ရပါတယ်။ZX Navi နဲ့ ZL Navi တို့မှာတော့Roof Slide Door ဖြစ်တာတွေကို

လည်း တွေ့ရပါတယ်။

အလွိုင်းခွေ၊ ပရိုဂျက်တာရှေ့မီးကြီး၊ Rear Mirror Power, FogLight ပတ်လည်ဖြစ်တာတွေကိုလည်း

ဂရိတ်တိုင်းမှာ ပါဝင်နေတာတွေ့ရပါတယ်။ စတီယာရင် ကွန်ထရိုးနဲ့ နောက်မှန်ဝိုက်ဘာတွေ ကိုတော့ ZLI

နဲ့ ZXI တို့လို မော်ဒယ်မြင့် ဂရိတ်အမြင့်တွေမှာသာ တွေ့ရပါတယ်။

Honda CR-V ၂၀၁၄ ကိုတော့ အတွင်းရောအပြင်ပါ ဂရိတ်တွေကိုမြှင့်ပြီး ထုတ်လုပ်လာတာ

တွေ့ရပါတယ်။ ဂရိတ်တိုင်းကို အဲကွန်းပတ်လည် အတွင်းခန်းထိုင်ခုံ Smart Seat, LCD, DVD Player

စတဲ့အဆင့်မြင့် တပ်ဆင်မှု တွေနဲ့ ထုတ်လုပ်လာပါတယ်။

နောက်ဖုံးကိုအရင်မော်ဒယ် တွေထက် ပိုပြီးခုံးလာတာတွေ့ရပြီး နောက်မီးခွက်၊

မီးတန်းတွေကိုပါ ပြောင်းလဲထုတ်လုပ်လာတာ တွေ့ရပါတယ်။ အင်ဂျင် အရွယ်အစားကိုလည်း

၂ဒသမ၄ လီတာ တစ်မျိုးတည်းနဲ့ ထုတ်လုပ်လာတဲ့ Honda CR-V 2014 ကို 4D Wagon

အမျိုးအစားဖြင့် ထုတ်လုပ်ထားပါတယ်။

အတွင်းခန်းဂရိတ်တွေက အဆင့်မြင့်ကားတစ်စီးလို တည်ဆောက်ထားတဲ့ အပြင် ကိုယ်

ထည်ပိုင်းကိုလည်း အကြမ်းခံပြီး Smart ကျတဲ့ ကားတစ်စီးအဖြစ် ပါ အသုံးပြုနိုင်ဖို့ထုတ်လုပ်ထား

တာ တွေ့ရပါတယ်။ လုံခြုံရေးပိုင်းနည်းပညာတွေကိုလည်း Hondaရဲ့

နောက်ဆုံးပေါ်နည်းပညာတွေနဲ့အတူ ထုတ်လုပ်ထားလို့ Wagon

ကားကောင်းကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် ကားတစ်စီးဖြစ်ပါတယ်။

အရင်က ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေထဲက ၂၀၁၀ မော်ဒယ်ရဲ့ အင်ဂျင်ပိုင်း ပြဿနာတွေ၊

၂၀၁၂ မော်ဒယ်ရဲ့ လုံခြုံရေးပိုင်းနည်းပညာ အား နည်းချက်တွေကို ဖြည့်စွက်ထုတ် လုပ်လာတဲ့ 2014

Honda CR-V ကတော့ ပြည့်စုံတဲ့ကားတစ်စီးလို့ ဆိုနိုင်ပါတယ်။

ရှေ့မီးခွက်၊ နောက်မီးခွက်တွေကိုလည်း ဒီဇိုင်းပြောင်းလဲ ထားတဲ့အပြင် မီးသီးတွေကိုလည်း LED

မီးသီးအကြီးအသေးတွေ တပ်ဆင်ပေးထားတာ တွေ့ရပါ တယ်။ ထိန်းချုပ်မှုပိုင်းစနစ်တွေ ကိုလည်း

လျှပ်စစ်ထိန်းချုပ်စနစ် တွေ၊ အကူစနစ်တွေကိုလည်း လျှပ်စစ်အကူစနစ်တွေနဲ့

တပ်ဆင်ထုတ်လုပ်ထားတဲ့အတွက် လျင် မြန်တဲ့ ထိန်းချုပ်မှုကို စွမ်းဆောင် ရည်အပြည့်ရရှိမှာ ဖြစ်ပါတယ်။


Zawgyi

Honda CR-V  အေၾကာင္း

ကြၽန္ေတာ္တို႔ျပည္တြင္းမွာ ေတာ္ေတာ္ေလးလူႀကိဳက္မ်ား၊ အစီးမ်ားၾကတဲ့ Honda အမွတ္တံဆိပ္
ေမာ္ေတာ္ကားေတြပဲျဖစ္ၾကပါတယ္။ ဒီေန႔မွာေတာ့ကြၽန္ေတာ္တို႔က အဆိုပါေမာ္ဒယ္ ၃ မ်ိဳးထဲကမွ
Crossover SUV အမ်ိဳးအစားျဖစ္တဲ့ CR-V အေၾကာင္းမိတ္ဆက္ေဖာ္ျပေပးလိုက္ရပါတယ္။

Honda က CR-V ကို ၁၉၉၅ ခုႏွစ္မွာ ေဈးကြက္ကိုမိတ္ဆက္ၿပီး ၁၉၉၇ ေလာက္မွာ စတင္ျဖန္႔ခ်ိခဲ့ပါတယ္။
အခုဆိုရင္ သူ႔ရဲ႕သက္တမ္းဟာ ႏွစ္ေပါင္း ၂၀ ေက်ာ္ရွိေနၿပီပဲျဖစ္ပါတယ္။ ထုတ္လုပ္မႈသက္တမ္း ႏွစ္ေပါင္း
၂၀ ေက်ာ္အတြင္းမွာ မ်ိဳးဆက္အေနနဲ႔ ေလးဆက္ထိအဆင့္ျမႇင့္ၿပီး ထုတ္လုပ္ထားတာေတြ႕ရပါတယ္။

၁၉၉၅ ခုႏွစ္ကေန ၂၀၀၁ ခုႏွစ္အတြင္း ေမာ္ဒယ္ေတြကို ပထမမ်ိဳးဆက္၊ ၂၀၀၂ ကေန ၂၀၀၆ အတြင္း
ေမာ္ဒယ္ေတြကို ဒုတိယမ်ိဳးဆက္အေနနဲ႔သက္မွတ္ထုတ္လုပ္ခဲ့ပါတယ္။ ပထမမ်ိဳးဆက္က Hiriyuki
Kawase ဆိုတဲ့ ဒီဇိုင္းပညာရွင္ရဲ႕ လက္ရာျဖစ္ၿပီးHonda Civic ၊ Integra ေမာ္ဒယ္ေတြနဲ႔ ဆင္တူတာ
ေတြ႕ရပါတယ္။ ဒုတိယမ်ိဳးဆက္ကေတာ့ ဒီဇိုင္နာMitsuhiro Honda ရဲ႕ ၁၉၉၉ ခုႏွစ္က ေရးဆြဲေပးတဲ့
လက္ရာျဖစ္ၿပီး Honda Element ေမာ္ဒယ္နဲ႔ ဆင္တူခဲ့ပါတယ္။

တတိယမ်ိဳးဆက္ကိုေတာ့ ၂၀၀၆ ခုႏွစ္ကေန ၂၀၁၁ခုႏွစ္အတြင္းေမာ္ဒယ္ေတြကို သတ္မွတ္ခဲ့ပါတယ္။ အဆိုပါ
ေမာ္ဒယ္ကေတာ့ ဒီဇိုင္းပိုင္း သိသိသာသာေျပာင္းလဲလာတဲ့ ေမာ္ဒယ္လို႔ ဆိုႏိုင္မွာျဖစ္ၿပီး
လူႀကိဳက္လည္း အရမ္းမ်ားလာခဲ့ပါတယ္။ တတိယမ်ိဳးဆက္ရဲ႕ ဒီဇိုင္းကေတာ့ Daisuke Sawai ရဲ႕
လက္ရာ ျဖစ္ပါတယ္။ အင္ဂ်င္စနစ္မွာေတာ့အရင္မ်ိဳးဆက္ကအတိုင္း အင္ဂ်င္စနစ္ ၃ မ်ိဳး
ထုတ္လုပ္တာေတြ႕ႏိုင္သလို Transmission ပိုင္းမွာေတာ့ ေ႐ြးခ်ယ္ႏိုင္စရာ ျပန္ေလ်ာ့လိုက္တာေတြ႕ရၿပီး
၆ ခ်က္ Manual စနစ္နဲ႔ ၅ ခ်က္ Auto စနစ္ ၂ မ်ိဳးပဲထုတ္လုပ္ေတာ့တာ ေတြ႕ရပါတယ္။

ဒီမ်ိဳးဆက္ေတြရဲ႕ထူးျခားခ်က္ကေတာ့ အၾကမ္းခံပိုင္းစစ္ေဆးမႈရမွတ္ေတြ ေကာင္းခဲ့ၿပီး လူႀကိဳက္အထူးမ်ားခဲ့
တာပါ။ စမ္းသပ္မႈေတြအရ ေရွ႕ဖက္ျခမ္း ထိခိုက္မႈမွာၾကယ္ ၅ ပြင့္ရသလို ေဘးဘက္ျခမ္း စစ္ေဆးမႈမွာ
လည္း ၾကယ္ ၅ ပြင့္ရခဲ့ၿပီး တစ္စီးလုံးအေနအထားမွာၾကယ္ ၄ ပြင့္ရခဲ့တာ ျဖစ္ပါတယ္။

၂၀၁၁ ခုႏွစ္ ႏိုဝင္ဘာလမွာ စတုထၱမ်ိဳးဆက္ေတြကိုမြမ္းမံထုတ္လုပ္ခဲ့ပါတယ္။ ဒီဇိုင္းေရးဆြဲေပးသူကေတာ့
Manabu Konaka ျဖစ္ပါတယ္။ အင္ဂ်င္စနစ္မွာျပင္ဆင္တဲ့အေနနဲ႔ ထုတ္လုပ္ေနက် ၂.၂ လီတာသုံး
အင္ဂ်င္ထုတ္လုပ္မႈ ေလ်ာ့ခ်လိုက္ၿပီး ၁.၆ လီတာသုံးအင္ဂ်င္စနစ္ကို အသစ္အေနနဲ႔ စတင္တပ္ဆင္
ထုတ္လုပ္လာတာ ေတြ႕ႏိုင္ပါတယ္။ Transmissionပိုင္းမွာ ၅ ခ်က္ Auto စနစ္ကို တစ္ကမာၻလုံး
ေဈးကြက္အတြက္ ထုတ္လုပ္ေပမယ့္ ဥေရာပေဈးကြက္အတြက္ ၉ ခ်က္ Auto စနစ္ကို ထုတ္လုပ္ေရာင္း
ခ်တာ ေတြ႕ရသလို ဂ်ပန္ေဈးကြက္အတြက္ကိုေတာ့၆ ခ်က္ CVT စနစ္နဲ႔ ထုတ္လုပ္လာတာ ေတြ႕ႏိုင္ပါတယ္။

⭐ ေမာ္ေတာ္ယာဥ္အေရအေသြး ေစာင့္ၾကည့္စစ္ေဆးေရးအဖြဲ႕အစည္းေတြရဲ႕ ထုတ္ျပန္ခ်က္ေတြ
အရ Honda CR-V ဟာ လုံၿခဳံစိတ္ခ်ရမႈ အပိုင္းမွာအ႐ြယ္ေရာက္သူေတြအတြက္ ၉၃ ရာခိုင္ႏႈန္း၊
ကေလးငယ္ေတြအတြက္ ၇၄ ရာခိုင္ႏႈန္း လုံၿခဳံမႈရွိတယ္လို႔ စစ္ေဆးခ်က္ေတြအရ သိရပါတယ္။
ဒါ့အျပင္ ႀကံ့ခိုင္မႈလို စစ္ေဆးခ်က္ေတြမွာလည္းရမွတ္ေကာင္းေတြရယူထားႏိုင္တဲ့ ေမာ္ဒယ္ပဲျဖစ္ပါတယ္။

 ဟြန္ဒါ CRVရဲ႕ ဂရိတ္ေတြအေၾကာင္းကို ခြဲျခားေဖာ္ျပေပး လိုက္ပါတယ္။

ထုတ္လုပ္ႏွစ္အပိုင္းအျခားအလိုက္ ပုံေျပာင္းအမ်ိဳးမ်ိဳး ခြဲျခား ထုတ္လုပ္ပါ

တယ္။ မ်ိဳးဆက္ေလးဆက္ကို ခြဲျခားထုတ္လုပ္ထားတဲ့ ဟြန္ဒါ CRV ကို ၁၉၉၅-၂၀၀၁ အထိ

ပထမမ်ိဳးဆက္၊၂၀၀၁-၂၀၀၆ အထိ ဒုတိယမ်ိဳးဆက္၊ ၂၀၀၆-၂၀၁၁အထိ တတိယမ်ိဳးဆက္၊ ၂၀၁၁-

၂၀၁၄အထိ စတုတၳမ်ိဳးဆက္တို႔ကို ထုတ္လုပ္ပါတယ္။


 အခုေ႐ြးခ်ယ္ေဖာ္ျပေပးမယ့္ ေမာ္ဒယ္ေတြကေတာ့ ျပည္တြင္းမွာ တင္သြင္းခြင့္

ရတဲ့ ေမာ္ဒယ္ျဖစ္တဲ့ ၂၀၀၆ ေမာ္ဒယ္ကစၿပီး ေဖာ္ျပ ေပးမွာ ျဖစ္ပါတယ္။

၂၀၀၆ ေမာ္ဒယ္ကို  Chassis အားျဖင့္ RE3 ကို 2WD, RE4 ကို 4WD တို႔ျဖင့္ ထုတ္လုပ္ပါတယ္။Chassis

အလိုက္ ဂရိတ္ေတြကိုခြဲ ျခားမယ္ဆိုရင္ေတာ့ RE3(2WD)မွာ ZL, ZL Navi, ZLI ဆိုၿပီးသုံးမ်ိဳး ရွိပါတယ္။

RE4(4WD) ကိုေတာ့ X, ZX, ZX Navi, ZXI ဆိုၿပီး ေလး မ်ိဳးခြဲျခားထုတ္လုပ္ပါတယ္။၂၀၀၆

ပုံေျပာင္းကို ၂၀၀၉အထိ ထုတ္လုပ္တာျဖစ္ၿပီး ကားေတြ ဂရိတ္ေတြကေတာ့ သိပ္ၿပီး မကြာ

ပါဘူး။ အမ်ားစုကပတ္လည္အဲကြန္း၊ ေအာ္တိုအဲကြန္းျဖစ္တာ၊ အနည္းဆုံး ေရွ႕ေနာက္

စပီကာေျခာက္လုံးျဖစ္တာ၊ ထိုင္ခုံ leather အျပည့္၊  Dashboard နဲ႔ လက္တင္ခုံကြၽန္းကြက္ျဖစ္တာ

ေတြက တူညီတာ ေတြ႕ရပါတယ္။ZX Navi နဲ႔ ZL Navi တို႔မွာေတာ့Roof Slide Door ျဖစ္တာေတြကို

လည္း ေတြ႕ရပါတယ္။

အလြိဳင္းေခြ၊ ပ႐ိုဂ်က္တာေရွ႕မီးႀကီး၊ Rear Mirror Power, FogLight ပတ္လည္ျဖစ္တာေတြကိုလည္း

ဂရိတ္တိုင္းမွာ ပါဝင္ေနတာေတြ႕ရပါတယ္။ စတီယာရင္ ကြန္ထ႐ိုးနဲ႔ ေနာက္မွန္ဝိုက္ဘာေတြ ကိုေတာ့ ZLI

နဲ႔ ZXI တို႔လို ေမာ္ဒယ္ျမင့္ ဂရိတ္အျမင့္ေတြမွာသာ ေတြ႕ရပါတယ္။

Honda CR-V ၂၀၁၄ ကိုေတာ့ အတြင္းေရာအျပင္ပါ ဂရိတ္ေတြကိုျမႇင့္ၿပီး ထုတ္လုပ္လာတာ

ေတြ႕ရပါတယ္။ ဂရိတ္တိုင္းကို အဲကြန္းပတ္လည္ အတြင္းခန္းထိုင္ခုံ Smart Seat, LCD, DVD Player

စတဲ့အဆင့္ျမင့္ တပ္ဆင္မႈ ေတြနဲ႔ ထုတ္လုပ္လာပါတယ္။

ေနာက္ဖုံးကိုအရင္ေမာ္ဒယ္ ေတြထက္ ပိုၿပီးခုံးလာတာေတြ႕ရၿပီး ေနာက္မီးခြက္၊

မီးတန္းေတြကိုပါ ေျပာင္းလဲထုတ္လုပ္လာတာ ေတြ႕ရပါတယ္။ အင္ဂ်င္ အ႐ြယ္အစားကိုလည္း

၂ဒသမ၄ လီတာ တစ္မ်ိဳးတည္းနဲ႔ ထုတ္လုပ္လာတဲ့ Honda CR-V 2014 ကို 4D Wagon

အမ်ိဳးအစားျဖင့္ ထုတ္လုပ္ထားပါတယ္။

အတြင္းခန္းဂရိတ္ေတြက အဆင့္ျမင့္ကားတစ္စီးလို တည္ေဆာက္ထားတဲ့ အျပင္ ကိုယ္

ထည္ပိုင္းကိုလည္း အၾကမ္းခံၿပီး Smart က်တဲ့ ကားတစ္စီးအျဖစ္ ပါ အသုံးျပဳႏိုင္ဖို႔ထုတ္လုပ္ထား

တာ ေတြ႕ရပါတယ္။ လုံၿခဳံေရးပိုင္းနည္းပညာေတြကိုလည္း Hondaရဲ႕

ေနာက္ဆုံးေပၚနည္းပညာေတြနဲ႔အတူ ထုတ္လုပ္ထားလို႔ Wagon

ကားေကာင္းႀကိဳက္တဲ့သူေတြအတြက္ေတာ့ အႀကိဳက္ေတြ႕ေစမယ့္ ကားတစ္စီးျဖစ္ပါတယ္။

အရင္က ထုတ္လုပ္ခဲ့တဲ့ ေမာ္ဒယ္ေတြထဲက ၂၀၁၀ ေမာ္ဒယ္ရဲ႕ အင္ဂ်င္ပိုင္း ျပႆနာေတြ၊

၂၀၁၂ ေမာ္ဒယ္ရဲ႕ လုံၿခဳံေရးပိုင္းနည္းပညာ အား နည္းခ်က္ေတြကို ျဖည့္စြက္ထုတ္ လုပ္လာတဲ့ 2014

Honda CR-V ကေတာ့ ျပည့္စုံတဲ့ကားတစ္စီးလို႔ ဆိုႏိုင္ပါတယ္။

ေရွ႕မီးခြက္၊ ေနာက္မီးခြက္ေတြကိုလည္း ဒီဇိုင္းေျပာင္းလဲ ထားတဲ့အျပင္ မီးသီးေတြကိုလည္း LED

မီးသီးအႀကီးအေသးေတြ တပ္ဆင္ေပးထားတာ ေတြ႕ရပါ တယ္။ ထိန္းခ်ဳပ္မႈပိုင္းစနစ္ေတြ ကိုလည္း

လွ်ပ္စစ္ထိန္းခ်ဳပ္စနစ္ ေတြ၊ အကူစနစ္ေတြကိုလည္း လွ်ပ္စစ္အကူစနစ္ေတြနဲ႔

တပ္ဆင္ထုတ္လုပ္ထားတဲ့အတြက္ လ်င္ ျမန္တဲ့ ထိန္းခ်ဳပ္မႈကို စြမ္းေဆာင္ ရည္အျပည့္ရရွိမွာ ျဖစ္ပါတယ္။



Post a Comment

0 Comments