Ads

header ads

ကား တစ်စီးရဲ့ အင်ဂျင်ပါဝါ CC နဲ့ HP ဆိုတာ ဘာလဲ?

Unicode

ကား တစ်စီးရဲ့ အင်ဂျင်ပါဝါ cc နဲ့ hp ဆိုတာ ဘာလဲ?


 “1300 ပြောလိုပြော.. 1.3 ပြောလိုပြော"
“ထောင်နဲ့ပြောလိုက် ပွိုင့်နဲ့ပြောလိုက် Engine Power က ဘယ်လို Unit တွေတုန်း?”
ပြောလို့သာပြောနေကျတယ် တချို့များ ဘာကြောင့် ဒီလိုပြောကြတယ်၊ဘယ်လိုတိုင်းတာ တယ်ဆိုတာကို မသိသူများ ဖြစ်နေတတ်ပါတယ်။

 1300 နဲ့ 1.3 ဘာကွာလဲ ဆိုတာကို အမှန်တကယ်ကို မသိသူ အများအပြား ရှိနေပါတယ်။ တကယ်တော့ ဒီ ယူနစ် ၂ ခုဟာ လွန်စွာရိုးရှင်းတဲ့ အခြေခံ ရူပဗေဒ ယူနစ်များပဲ ဖြစ်ပါတယ်။

1300 နဲ့ 1.3 ဘယ်လို ကွာခြားလဲ

Cubic Centimeter (သို့) cc (သို့) cm3 ဆိုတာ ထုထည် တိုင်းတာတဲ့ ယူနစ်ဖြစ်ပါတယ်။ ဒီမှာ တစ်ခု သတိထားရမှာက 1300 လို့ သုံးရာမှာ 1300cc ဖြစ်ပြီး 1.3 လို့ ဆိုရာမှာတော့ 1.3 L ဖြစ်ပါတယ်။
L ဆိုတာကတော့ Liter ပဲ ဖြစ်ပါတယ်။
1 Liter = 1000 cc ဖြစ်ပါတယ်။ မိမိနှစ်သက်သလို သုံးစွဲနိုင်ပါတယ်။

သို့သော်လည်း အာရှနဲ့ ဥရောပမှာ 1300cc အင်ဂျင်လို့ သုံးစွဲလေ့ရှိပြီး အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံ များမှာတော့ 1.3 L အင်ဂျင်ရယ်လို့ သုံးစွဲပါတယ်။

1300 နဲ့ 1.3 ဆိုတဲ့ ယူနစ် ၂ ခုရဲ့ ကွာခြားတဲ့ အခြေခံ သဘောတရားကို သိရှိပြီဆိုရင် အနည်းငယ် ပိုမိုခက်ခဲတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရအောင်။
ရှေ့ဆက်မသွားခင် အရင်ဆုံး သိရှိဖို့ လိုအပ်တာကတော့ အဓိပ္ပါယ် ဖွင့်ဆိုချက်များပဲ ဖြစ်ပါတယ်။

အဓိပ္ပါယ် ဖွင့်ဆိုချက်များ

Displacement
Definition:
the amount of air-fuel mix the engine can burn at a time.

✏ကဲဒါဆိုရင် 1300cc အင်ဂျင်လို့ပဲ ပြောပြော၊ 1.3L အင်ဂျင်လို့ပဲခေါ်ခေါ် ဒီယူနစ်တွေက ဘာကိုရည်ညွှန်းပါသလဲ။ cc (သို့) liter ယူနစ်နဲ့ ပြောနေကြတဲ့ ကိန်းဂဏာန်းဟာ အင်ဂျင်တစ်ခုရဲ့ Displacement ကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။

✏အရိုးရှင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုရင်တော့ အင်ဂျင်စလင်ဒါထဲက ပစ်စတင် (pistons) တွေရဲ့ လောင်စာနဲ့ အောက်ဆီဂျင် (လေ) တို့ရဲ့ ရောနှောလောင်ကျွမ်းမှု ပမာဏကို တိုင်းတာတဲ့ နှုန်းပဲဖြစ်ပါတယ်။

✏ Displacement (cc) ဟာ အင်ဂျင်ရဲ့ ပါဝါကို တိုက်ရိုက်တိုင်းတာတဲ့ ယူနစ်မဟုတ်ပေမယ့် displacement များလေ အင်ဂျင်ပါဝါ ကြီးမားလေလို့တော့ အကြမ်းဖျင်း သတ်မှတ်လို့ ရပါတယ်။

🚩Horsepower
Definition:
the max power available from the engine.

✒အင်ဂျင် Displacement နဲ့ မြင်းကောင်ရေအား (သို့) Horsepower ၂ ခုစလုံးဟာ အင်ဂျင်တစ်လုံးကနေ ထုတ်လုပ်ပေးနိုင်တဲ့ “အား” (သို့) ပါဝါကို သွယ်ဝှိုက်သောနည်းဖြင့် အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်။ သို့သော်လည်း တိုင်းတာသည့် ယူနစ်များ ကွာခြားသလို (cc နှင့် hp) အဓိပါ္ပယ်ခြင်းလည်း လွန်စွာမှ ကွာခြားပါတယ်။

✒Horsepower (သို့) မြင်းကောင်ရေအား ဆိုသည်မှာ အင်ဂျင်တစ်လုံး၏ အချိန်အတိုင်းအတာ တစ်ခုအတွင်း အလုပ်ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းအား တိုင်းတာသည့် နှုန်းထားပင် ဖြစ်သည်။

✒1 hp = 745.7 watts = 33,000 ft lb/min

✒ဆိုလိုသည်မှာ မြင်းကောင်ရေ ၁ ကောင်အားသည် တစ်မိနစ်လျှင် ၇၄၅.၇ ဝပ် (သို့) ၃၃၀၀၀ ပေါင်-ပေ နှုန်းရှိသည့် “အား” ကို ဆိုလိုသည်။ ပိုမိုရှင်းလင်းအောင် ဆိုရမည်ဆိုလျှင်
1 hp =33000 ft lb/min ဆိုတာက ၃၃၀၀၀ ပေါင်ရှိတဲ့အလေးကို ၁ မီနစ်အတွင်း အမြင့်တစ်ပေ ကို တွန်းနိုင်တဲ့ စွမ်းအားပါ။

♻Displacement နှင့် Horsepower တို့၏ ဆက်နွယ်မှု

အထက်မှာ ဖော်ပြထားတာကို ပြန်လည်ဆွေးနွေးကြည့်ရအောင်။ အင်ဂျင် Displacement နဲ့ မြင်းကောင်ရေအား (သို့) Horsepower ၂ ခုစလုံးဟာ အင်ဂျင်တစ်လုံးကနေ ထုတ်လုပ်ပေးနိုင်တဲ့ “အား” (သို့) ပါဝါကို သွယ်ဝှိုက်သောနည်းဖြင့် အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်လို့ အစောက ပြောခဲ့ပါတယ်။

အင်ဂျင်ကြီးမားလေ၊ displacement ပိုများလေ အင်ဂျင်ရဲ့ မြင်းကောင်ရေအားလည်း ပိုများလေပါပဲ။ အင်ဂျင်ရဲ့ မြင်းကောင်ရေအား ပိုများလေ အင်ဂျင်ရဲ့ ပါဝါ ပိုကြီးလေ ဖြစ်ပါတယ်။
⚠ဥပမာ -
📍စလင်ဒါ ၄ လုံးပါ 1500cc (သို့) 1.5 L အင်ဂျင်ပါရှိတဲ့ Toyota Yaris ရဲ့ မြင်းကောင်ရေအားဟာ ၁၀၀ ကျော်သာ ရှိပေမယ့်
📍စလင်ဒါ ၄ လုံးတပ် 2000 cc (သို့) 2.0 L အင်ဂျင် တပ်ဆင်ထားတဲ့ Audi A6 ကတော့ မြင်းကောင်ရေအား 211 hp ရရှိမှာ ဖြစ်ပါတယ်။

♻အင်ဂျင်တစ်လုံး၏ displacement နဲ့ horsepower တို့ဟာ ကိန်းဂဏာန်းအတိအကျနဲ့ တိုက်ရိုက်ဆက်နွယ်မှု မရှိပါဘူး။ တူညီတဲ့ displacement ရှိတဲ့ အင်ဂျင် ၂ လုံးဟာ မြင်းကောင်ရေအားမှာ ကွာခြားမှုရှိမှာသေချာပါတယ်။

အသုံးပြုတဲ့ ပင်စတင်ခေါင်း၊ နည်းပညာ၊ တာဘိုစနစ် စတာတွေအပေါ် မူတည်ပြီး တူညီတဲ့ displacement ရှိတဲ့ အင်ဂျင် ၂ လုံးရဲ့ မြင်းကောင်ရေအားဟာ ကွာခြားသွားပါလိမ့်မယ်။

ဒါပေမယ့် အလွယ်တွက်နည်း(ခန့်မှန်း) နဲ့ တွက်မယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ ထုတ်လုပ်ထားတဲ့ ဓာတ်ဆီသုံးအင်ဂျင် တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေမှာ ပျှမ်းမျှအားဖြင့် displacement 17 cc ဟာ 1 hp နဲ့ ညီမျှတယ်လို့ ဆိုနိုင်ပါတယ်။

Torque (သို့) အင်ဂျင်ရုန်းအား
Definition:
the amount of force that the car applies at the wheels

📎Torque (သို့) အင်ဂျင်ရုန်းအား ဆိုသည်မှာ အင်ဂျင်တစ်လုံးက ထွက်ရှိလာတဲ့ ပါဝါကို ဘီးများထံမှတဆင့် လမ်းမပေါ်သို့ ရောက်ရှိတဲ့ ပမာဏကို ဆိုလိုပါတယ်။

📎နောက်တစ်နည်း ပြောရရင်တော့ torque ဆိုတာ အင်ဂျင်ပါဝါကို ဘီးတွေကတဆင့် လမ်းမပေါ်သို့ အရောက်ပို့လွှတ်ပြီး မော်တော်ယာဉ်အား တွန်းပို့ပေးသည့် ရုန်းကန်အားကို ဆိုလိုပါတယ်။

📎Torque ရဲ့ အရေးပါမှုကတော့ မြန်မာနိုင်ငံမှာ သိရှိသူ အလွန်နည်းပါးလှပါတယ်။ ကားတစ်စီးရဲ့ အင်ဂျင်ရုန်းအားကို စိတ်ဝင်စားသူ မရှိသလောက်ကို နည်းပါပေမယ့် ကားတစ်စီး၊ အထူးသဖြင့် စွမ်းရည်မြင့် ကားတစ်စီးကို ဝယ်ယူရာမှာ torque ကို သတိထားကြည့်ဖို့ များစွာလိုအပ်ပါတယ်။

📎အင်ဂျင်ပါဝါ ဘယ်လောက်ကောင်းကောင်း torque နည်းနေတဲ့ မော်တော်ယာဉ်တစ်စီးဟာ ရုန်းအားမကောင်းပဲ တာထွက်နှေးနေမှာ ဖြစ်သလို ဂီယာပြောင်းရာမှာလဲ တုန့်သွားတတ်ပါတယ်။ အထူးသဖြင့် red line လို့ ခေါ်တဲ့ အင်ဂျင်လည်ပတ်မှုနှုန်း (rpm) အမြင့်ဆုံး ဘယ်အချိန်မှာ ရောက်လဲပေါ်မူတည်ပြီး torque ရဲ့ လုပ်ဆောင်ချက်က ကားတစ်စီးရဲ့ ရွှေ့လျားမှုကို ထိန်းချုပ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

📎Torque ကို တိုင်းတာရာမှာ အင်ဂျင်လည်ပတ်နှုန်း အမြင့်ဆုံး ဘယ်လောက်မှာ ၁ ပေါင်အလေးချိန်ရှိတဲ့ “အား” ဟာ မျဉ်းဖြောင့်အနေအထား ၁ ပေ အကွာမှာရှိတဲ့ နေရာပေါ်သို့ အကျိုးသက်ရောက်တဲ့ ရုန်းကန်အားကို ဆိုလိုပါတယ်။
⚠ ဥပမာ 275 lb-ft @ 5400 rpm လို့ ဖော်ပြရပါတယ်။

⚠ဥပမာ -
📍 မြင်းကောင်ရေအား 330 hp ရှိပြီး အင်ဂျင်ရုန်းအား 275 lb-ft @ 5400 rpm ရှိတဲ့ မော်တော်ယာဉ် တစ်စီးဟာ ပုံစံတူ၊ ဒီဇိုင်းတူ၊ အလေးချိန်တူညီတဲ့
📍 မြင်းကောင်ရေအား 305 hp သာရှိပြီး အင်ဂျင်ရုန်းအား 300 lb-ft @ 5400 rpm ရှိတဲ့ မော်တော်ယာဉ်ကို တာအထွက်မှာ နာတစ်ဖျား အသာပေးရဖို့ များပါတယ်။
သို့သော်လည်း တာဝေးမှာတော့ ပိုများတဲ့ မြင်းကောင်ရေကြောင့် အသာစီး ပြန်ရနိုင်မှာ ဖြစ်ပါတယ်။

သတိပြုဖို့ကတော့ ကားတစ်စီးရဲ့ အမြန်နှုန်းကို တွက်ချက်ရာမှာ အထက်မှာ ဖော်ပြခဲ့တဲ့
📍Displacement ၊
📍Horsepower နဲ့
📍Torque ဆိုတဲ့ အချက် ၃ ချက်တည်းနဲ့ တွက်ချက်တိုင်းတာလို့ မဖြစ်နိုင်ပါဘူး။
ကားရဲ့ ပုံစံဒီဇိုင်း၊ အလေးချိန်၊ ဂီယာ၊ aerodynamics ဖြစ်မှုနဲ့ တာဘိုစနစ်တို့အပြင် အရေးကြီးဆုံးဖြစ်တဲ့ ယာဉ်မောင်းရဲ့ စွမ်းရည်နဲ့ ကျွမ်းကျင်မှုတို့အပေါ် များစွာမူတည်နေပါတယ်။

✔မမေ့ပါနဲ့ မည်မျှပင် အဆင့်မြင့်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ စူပါကားပင် ဖြစ်နေပါစေ၊ ယင်းမော်တော်ယာဉ်၏ စွမ်းဆောင်ရည်မှာ ယာဉ်မောင်းသူအပေါ်တွင် အများဆုံး မူတည်နေပါတယ်။ တကယ်တမ်းတော့ စူပါကားတွေ ဆိုတာလည်း စက်ပစ္စည်းများသာဖြစ်ပါတယ်။


Credit》》Myanmar Consumer Guide



Zawgyi

ကား တစ္စီးရဲ႕ အင္ဂ်င္ပါဝါ cc နဲ႔ hp ဆိုတာ ဘာလဲ?


 “1300 ေျပာလိုေျပာ.. 1.3 ေျပာလိုေျပာ"
“ေထာင္နဲ႔ေျပာလိုက္ ပြိဳင့္နဲ႔ေျပာလိုက္ Engine Power က ဘယ္လို Unit ေတြတုန္း?”
ေျပာလို႔သာေျပာေနက်တယ္ တခ်ိဳ႕မ်ား ဘာေၾကာင့္ ဒီလိုေျပာၾကတယ္၊ဘယ္လိုတိုင္းတာ တယ္ဆိုတာကို မသိသူမ်ား ျဖစ္ေနတတ္ပါတယ္။

 1300 နဲ႔ 1.3 ဘာကြာလဲ ဆိုတာကို အမွန္တကယ္ကို မသိသူ အမ်ားအျပား ရွိေနပါတယ္။ တကယ္ေတာ့ ဒီ ယူနစ္ ၂ ခုဟာ လြန္စြာ႐ိုးရွင္းတဲ့ အေျခခံ ႐ူပေဗဒ ယူနစ္မ်ားပဲ ျဖစ္ပါတယ္။

1300 နဲ႔ 1.3 ဘယ္လို ကြာျခားလဲ

Cubic Centimeter (သို႔) cc (သို႔) cm3 ဆိုတာ ထုထည္ တိုင္းတာတဲ့ ယူနစ္ျဖစ္ပါတယ္။ ဒီမွာ တစ္ခု သတိထားရမွာက 1300 လို႔ သုံးရာမွာ 1300cc ျဖစ္ၿပီး 1.3 လို႔ ဆိုရာမွာေတာ့ 1.3 L ျဖစ္ပါတယ္။
L ဆိုတာကေတာ့ Liter ပဲ ျဖစ္ပါတယ္။
1 Liter = 1000 cc ျဖစ္ပါတယ္။ မိမိႏွစ္သက္သလို သုံးစြဲႏိုင္ပါတယ္။

သို႔ေသာ္လည္း အာရွနဲ႔ ဥေရာပမွာ 1300cc အင္ဂ်င္လို႔ သုံးစြဲေလ့ရွိၿပီး အေမရိကန္ႏိုင္ငံနဲ႔ အျခားႏိုင္ငံ မ်ားမွာေတာ့ 1.3 L အင္ဂ်င္ရယ္လို႔ သုံးစြဲပါတယ္။

1300 နဲ႔ 1.3 ဆိုတဲ့ ယူနစ္ ၂ ခုရဲ႕ ကြာျခားတဲ့ အေျခခံ သေဘာတရားကို သိရွိၿပီဆိုရင္ အနည္းငယ္ ပိုမိုခက္ခဲတဲ့ အေၾကာင္းအရာေတြကို ေလ့လာၾကည့္ရေအာင္။
ေရွ႕ဆက္မသြားခင္ အရင္ဆုံး သိရွိဖို႔ လိုအပ္တာကေတာ့ အဓိပၸါယ္ ဖြင့္ဆိုခ်က္မ်ားပဲ ျဖစ္ပါတယ္။

အဓိပၸါယ္ ဖြင့္ဆိုခ်က္မ်ား

Displacement
Definition:
the amount of air-fuel mix the engine can burn at a time.

✏ကဲဒါဆိုရင္ 1300cc အင္ဂ်င္လို႔ပဲ ေျပာေျပာ၊ 1.3L အင္ဂ်င္လို႔ပဲေခၚေခၚ ဒီယူနစ္ေတြက ဘာကိုရည္ၫႊန္းပါသလဲ။ cc (သို႔) liter ယူနစ္နဲ႔ ေျပာေနၾကတဲ့ ကိန္းဂဏာန္းဟာ အင္ဂ်င္တစ္ခုရဲ႕ Displacement ကို ရည္ၫႊန္းျခင္း ျဖစ္ပါတယ္။

✏အ႐ိုးရွင္းဆုံး အဓိပၸါယ္ဖြင့္ဆိုရင္ေတာ့ အင္ဂ်င္စလင္ဒါထဲက ပစ္စတင္ (pistons) ေတြရဲ႕ ေလာင္စာနဲ႔ ေအာက္ဆီဂ်င္ (ေလ) တို႔ရဲ႕ ေရာေႏွာေလာင္ကြၽမ္းမႈ ပမာဏကို တိုင္းတာတဲ့ ႏႈန္းပဲျဖစ္ပါတယ္။

✏ Displacement (cc) ဟာ အင္ဂ်င္ရဲ႕ ပါဝါကို တိုက္႐ိုက္တိုင္းတာတဲ့ ယူနစ္မဟုတ္ေပမယ့္ displacement မ်ားေလ အင္ဂ်င္ပါဝါ ႀကီးမားေလလို႔ေတာ့ အၾကမ္းဖ်င္း သတ္မွတ္လို႔ ရပါတယ္။

🚩Horsepower
Definition:
the max power available from the engine.

✒အင္ဂ်င္ Displacement နဲ႔ ျမင္းေကာင္ေရအား (သို႔) Horsepower ၂ ခုစလုံးဟာ အင္ဂ်င္တစ္လုံးကေန ထုတ္လုပ္ေပးႏိုင္တဲ့ “အား” (သို႔) ပါဝါကို သြယ္ဝႈိက္ေသာနည္းျဖင့္ အဓိပၸါယ္ ဖြင့္ဆိုထားျခင္း ျဖစ္ပါတယ္။ သို႔ေသာ္လည္း တိုင္းတာသည့္ ယူနစ္မ်ား ကြာျခားသလို (cc ႏွင့္ hp) အဓိပါၸယ္ျခင္းလည္း လြန္စြာမွ ကြာျခားပါတယ္။

✒Horsepower (သို႔) ျမင္းေကာင္ေရအား ဆိုသည္မွာ အင္ဂ်င္တစ္လုံး၏ အခ်ိန္အတိုင္းအတာ တစ္ခုအတြင္း အလုပ္ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္စြမ္းအား တိုင္းတာသည့္ ႏႈန္းထားပင္ ျဖစ္သည္။

✒1 hp = 745.7 watts = 33,000 ft lb/min

✒ဆိုလိုသည္မွာ ျမင္းေကာင္ေရ ၁ ေကာင္အားသည္ တစ္မိနစ္လွ်င္ ၇၄၅.၇ ဝပ္ (သို႔) ၃၃၀၀၀ ေပါင္-ေပ ႏႈန္းရွိသည့္ “အား” ကို ဆိုလိုသည္။ ပိုမိုရွင္းလင္းေအာင္ ဆိုရမည္ဆိုလွ်င္
1 hp =33000 ft lb/min ဆိုတာက ၃၃၀၀၀ ေပါင္ရွိတဲ့အေလးကို ၁ မီနစ္အတြင္း အျမင့္တစ္ေပ ကို တြန္းႏိုင္တဲ့ စြမ္းအားပါ။

♻Displacement ႏွင့္ Horsepower တို႔၏ ဆက္ႏြယ္မႈ

အထက္မွာ ေဖာ္ျပထားတာကို ျပန္လည္ေဆြးေႏြးၾကည့္ရေအာင္။ အင္ဂ်င္ Displacement နဲ႔ ျမင္းေကာင္ေရအား (သို႔) Horsepower ၂ ခုစလုံးဟာ အင္ဂ်င္တစ္လုံးကေန ထုတ္လုပ္ေပးႏိုင္တဲ့ “အား” (သို႔) ပါဝါကို သြယ္ဝႈိက္ေသာနည္းျဖင့္ အဓိပၸါယ္ ဖြင့္ဆိုထားျခင္း ျဖစ္ပါတယ္လို႔ အေစာက ေျပာခဲ့ပါတယ္။

အင္ဂ်င္ႀကီးမားေလ၊ displacement ပိုမ်ားေလ အင္ဂ်င္ရဲ႕ ျမင္းေကာင္ေရအားလည္း ပိုမ်ားေလပါပဲ။ အင္ဂ်င္ရဲ႕ ျမင္းေကာင္ေရအား ပိုမ်ားေလ အင္ဂ်င္ရဲ႕ ပါဝါ ပိုႀကီးေလ ျဖစ္ပါတယ္။
⚠ဥပမာ -
📍စလင္ဒါ ၄ လုံးပါ 1500cc (သို႔) 1.5 L အင္ဂ်င္ပါရွိတဲ့ Toyota Yaris ရဲ႕ ျမင္းေကာင္ေရအားဟာ ၁၀၀ ေက်ာ္သာ ရွိေပမယ့္
📍စလင္ဒါ ၄ လုံးတပ္ 2000 cc (သို႔) 2.0 L အင္ဂ်င္ တပ္ဆင္ထားတဲ့ Audi A6 ကေတာ့ ျမင္းေကာင္ေရအား 211 hp ရရွိမွာ ျဖစ္ပါတယ္။

♻အင္ဂ်င္တစ္လုံး၏ displacement နဲ႔ horsepower တို႔ဟာ ကိန္းဂဏာန္းအတိအက်နဲ႔ တိုက္႐ိုက္ဆက္ႏြယ္မႈ မရွိပါဘူး။ တူညီတဲ့ displacement ရွိတဲ့ အင္ဂ်င္ ၂ လုံးဟာ ျမင္းေကာင္ေရအားမွာ ကြာျခားမႈရွိမွာေသခ်ာပါတယ္။

အသုံးျပဳတဲ့ ပင္စတင္ေခါင္း၊ နည္းပညာ၊ တာဘိုစနစ္ စတာေတြအေပၚ မူတည္ၿပီး တူညီတဲ့ displacement ရွိတဲ့ အင္ဂ်င္ ၂ လုံးရဲ႕ ျမင္းေကာင္ေရအားဟာ ကြာျခားသြားပါလိမ့္မယ္။

ဒါေပမယ့္ အလြယ္တြက္နည္း(ခန႔္မွန္း) နဲ႔ တြက္မယ္ဆိုရင္ေတာ့ ၂၀၀၈ ခုႏွစ္ ေနာက္ပိုင္းမွာ ထုတ္လုပ္ထားတဲ့ ဓာတ္ဆီသုံးအင္ဂ်င္ တပ္ဆင္ထားတဲ့ ေမာ္ေတာ္ယာဥ္ေတြမွာ ပွ်မ္းမွ်အားျဖင့္ displacement 17 cc ဟာ 1 hp နဲ႔ ညီမွ်တယ္လို႔ ဆိုႏိုင္ပါတယ္။

Torque (သို႔) အင္ဂ်င္႐ုန္းအား
Definition:
the amount of force that the car applies at the wheels

📎Torque (သို႔) အင္ဂ်င္႐ုန္းအား ဆိုသည္မွာ အင္ဂ်င္တစ္လုံးက ထြက္ရွိလာတဲ့ ပါဝါကို ဘီးမ်ားထံမွတဆင့္ လမ္းမေပၚသို႔ ေရာက္ရွိတဲ့ ပမာဏကို ဆိုလိုပါတယ္။

📎ေနာက္တစ္နည္း ေျပာရရင္ေတာ့ torque ဆိုတာ အင္ဂ်င္ပါဝါကို ဘီးေတြကတဆင့္ လမ္းမေပၚသို႔ အေရာက္ပို႔လႊတ္ၿပီး ေမာ္ေတာ္ယာဥ္အား တြန္းပို႔ေပးသည့္ ႐ုန္းကန္အားကို ဆိုလိုပါတယ္။

📎Torque ရဲ႕ အေရးပါမႈကေတာ့ ျမန္မာႏိုင္ငံမွာ သိရွိသူ အလြန္နည္းပါးလွပါတယ္။ ကားတစ္စီးရဲ႕ အင္ဂ်င္႐ုန္းအားကို စိတ္ဝင္စားသူ မရွိသေလာက္ကို နည္းပါေပမယ့္ ကားတစ္စီး၊ အထူးသျဖင့္ စြမ္းရည္ျမင့္ ကားတစ္စီးကို ဝယ္ယူရာမွာ torque ကို သတိထားၾကည့္ဖို႔ မ်ားစြာလိုအပ္ပါတယ္။

📎အင္ဂ်င္ပါဝါ ဘယ္ေလာက္ေကာင္းေကာင္း torque နည္းေနတဲ့ ေမာ္ေတာ္ယာဥ္တစ္စီးဟာ ႐ုန္းအားမေကာင္းပဲ တာထြက္ေႏွးေနမွာ ျဖစ္သလို ဂီယာေျပာင္းရာမွာလဲ တုန႔္သြားတတ္ပါတယ္။ အထူးသျဖင့္ red line လို႔ ေခၚတဲ့ အင္ဂ်င္လည္ပတ္မႈႏႈန္း (rpm) အျမင့္ဆုံး ဘယ္အခ်ိန္မွာ ေရာက္လဲေပၚမူတည္ၿပီး torque ရဲ႕ လုပ္ေဆာင္ခ်က္က ကားတစ္စီးရဲ႕ ေ႐ႊ႕လ်ားမႈကို ထိန္းခ်ဳပ္ေပးသြားႏိုင္မွာ ျဖစ္ပါတယ္။

📎Torque ကို တိုင္းတာရာမွာ အင္ဂ်င္လည္ပတ္ႏႈန္း အျမင့္ဆုံး ဘယ္ေလာက္မွာ ၁ ေပါင္အေလးခ်ိန္ရွိတဲ့ “အား” ဟာ မ်ဥ္းေျဖာင့္အေနအထား ၁ ေပ အကြာမွာရွိတဲ့ ေနရာေပၚသို႔ အက်ိဳးသက္ေရာက္တဲ့ ႐ုန္းကန္အားကို ဆိုလိုပါတယ္။
⚠ ဥပမာ 275 lb-ft @ 5400 rpm လို႔ ေဖာ္ျပရပါတယ္။

⚠ဥပမာ -
📍 ျမင္းေကာင္ေရအား 330 hp ရွိၿပီး အင္ဂ်င္႐ုန္းအား 275 lb-ft @ 5400 rpm ရွိတဲ့ ေမာ္ေတာ္ယာဥ္ တစ္စီးဟာ ပုံစံတူ၊ ဒီဇိုင္းတူ၊ အေလးခ်ိန္တူညီတဲ့
📍 ျမင္းေကာင္ေရအား 305 hp သာရွိၿပီး အင္ဂ်င္႐ုန္းအား 300 lb-ft @ 5400 rpm ရွိတဲ့ ေမာ္ေတာ္ယာဥ္ကို တာအထြက္မွာ နာတစ္ဖ်ား အသာေပးရဖို႔ မ်ားပါတယ္။
သို႔ေသာ္လည္း တာေဝးမွာေတာ့ ပိုမ်ားတဲ့ ျမင္းေကာင္ေရေၾကာင့္ အသာစီး ျပန္ရႏိုင္မွာ ျဖစ္ပါတယ္။

သတိျပဳဖို႔ကေတာ့ ကားတစ္စီးရဲ႕ အျမန္ႏႈန္းကို တြက္ခ်က္ရာမွာ အထက္မွာ ေဖာ္ျပခဲ့တဲ့
📍Displacement ၊
📍Horsepower နဲ႔
📍Torque ဆိုတဲ့ အခ်က္ ၃ ခ်က္တည္းနဲ႔ တြက္ခ်က္တိုင္းတာလို႔ မျဖစ္ႏိုင္ပါဘူး။
ကားရဲ႕ ပုံစံဒီဇိုင္း၊ အေလးခ်ိန္၊ ဂီယာ၊ aerodynamics ျဖစ္မႈနဲ႔ တာဘိုစနစ္တို႔အျပင္ အေရးႀကီးဆုံးျဖစ္တဲ့ ယာဥ္ေမာင္းရဲ႕ စြမ္းရည္နဲ႔ ကြၽမ္းက်င္မႈတို႔အေပၚ မ်ားစြာမူတည္ေနပါတယ္။

✔မေမ့ပါနဲ႔ မည္မွ်ပင္ အဆင့္ျမင့္ၿပီး စြမ္းေဆာင္ရည္ေကာင္းတဲ့ စူပါကားပင္ ျဖစ္ေနပါေစ၊ ယင္းေမာ္ေတာ္ယာဥ္၏ စြမ္းေဆာင္ရည္မွာ ယာဥ္ေမာင္းသူအေပၚတြင္ အမ်ားဆုံး မူတည္ေနပါတယ္။ တကယ္တမ္းေတာ့ စူပါကားေတြ ဆိုတာလည္း စက္ပစၥည္းမ်ားသာျဖစ္ပါတယ္။


Credit》》
Myanmar Consumer Guide

Post a Comment

0 Comments