Ads

header ads

Mazda Demio အကြောင်း

Unicode


မြန်မာပြည်ရဲ့ လက်ရှိ ကားသွင်းခွင်မူဝါဒ အရ ၁.၃ လီတာ ကားလေးတွေဟာ အဓိက အသုံးများ ပြီးတင်သွင်း မှုအများဆုံး ဖြစ်လာပါတယ်။ လက်ရှိ လူကြိုက်များလှတဲ့ ကားအမျိုးအစားတွေထဲမှာ Mazda ရဲ့ Demio လေးကတော့ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ရုပ်ထွက်က ကျလောက်စရာ ရှိပါတယ်။ Mazda ဆိုတာကလည်း နည်းပညာ မှာ ရှေ့တန်းက ပြေးနေတဲ့ ကုမ္ပဏီဖြစ်နေတော့ သူ့ရဲ့ မျိုးဆက်သစ် ကားတွေကို တည်ဆောက်တဲ့ နေရာမှာ သူမတူအောင် ခွဲထုတ်နိုင်စွမ်း ရှိလို့နေပါသေးတယ်။ လက်ရှိအချိန်မှာတော့ မျိုးဆက် ၄ ဆက်ထိ ထုတ်လုပ်ပြီးနေပါပြီ။


First Generation DW (1996-2002)

ဒီမျိုးဆက်ကတော့ Mazda ရဲ့ 121 ရုပ်ထွက်နဲ့ နာမည်ပြောင်းပွဲထုတ်လာခဲ့တဲ့ ပထမဆုံး Mazda 2 ခေါ် Demio ဖြစ်ပါတယ်။ Demio လို့ ဂျပန်မှာ ခေါ်ပေမယ့် International မှာတော့ Mazda 2 လို့ တံဆိပ်တပ်သလို Europe market မှာတော့ 121 လို့သာခေါ်ခဲ့ပါတယ်။ 1.3L B3 နဲ့ 1.5L B5 အင်ဂျင် နှစ်မျိုး တပ်ဆင်ပေးခဲ့တဲ့ ဒီ မျိုးဆက်မှာ ခေတ်အခါအရ လူကြိုက်များခဲ့တဲ့ hatchback အမျိုးအစား ကားလေးဟာဆိုရင် ဂျပန်မှာ လူကြိုက်များခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ 2001 မော်ဒယ်မှာ ရှေ့ဘန်ဘာ အနည်းငယ် အပြောင်းအလဲရှိတာကလွဲလို့ တောက်လျောက် ဒီပုံစံနဲ့ ထုတ်ခဲ့တာပါ။


Second Generation DY (2002-2007)

ဒီမျိုးဆက်ကတော့ မြန်မာပြည်မှာ အတွေ့ရနည်းတဲ့ အမျိုးအစားဖြစ်ပြီးတော့ ဂျပန်မှာတော့ စထုတ်ထုတ်ချင်းနှစ်မှာ အရောင်းရဆုံး နံပါတ် ၇ ချိတ်ခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဂျပန်မျိုးဆက်နဲ့ international ကို ခွဲထုတ်ခဲ့ပါတယ်။ အဓိက ကတော့ Europe ရဲ့ Emissions control rule ကို တင်းကျပ်ခဲ့တဲ့အတွက် ကားတွေရဲ့ အင်ဂျင်ပါဝါကို သင့်သလို လျော့ပစ်ခဲ့ရတကြောင့်ပါ။
ဂျပန် Demio မှာတော့ 1.3L ZJ-VE i4 နဲ့ 1.5L ZY-VE I4 နှစ်မျိုး တပ်ဆင်ရရှိနိုင်ပြီး, Mazda 2 မှာတော့ 1.4L MZI C4 နဲ့ 1.6L MZI C6 တွေအပြင် ဒီဇယ် ဗားရှင်းအဖြစ် 1.4L MZ-CTDi ကိုလည်း ထုတ်ပေးထားပါသေးတယ်။ ဂီယာအနေနဲ့တော့ အော်တို ၄ ချက် ဒါမှမဟုတ် မန်နူရယ် ၅ ချက် နဲ့ တွဲလာပြီး 4WD ကတော့ optional အနေနဲ့သာရွေးချယ် တပ်ဆင်နိုင်ပါတယ်။
ဂရိတ်အနေနဲ့ Cozy , Sport နဲ့ Causal ဆိုပြီး သုံး မျိုး ခွဲလာပါတယ်။



Third Generation DE(2007-2014)

ဒီတတိယ မျိုးကတော့ လက်ရှိ မြန်မာပြည်မှာ လူကြိုက်များပြီး အသုံးများလို့ ပိုပိုသာသာလေး ဖေါက်သည်ချချင်ပါတယ်။ ဒီဇိုင်းပိုင်း အများကြီး ပြောင်းလဲလိုက်တဲ့ Demio ဟာဆိုရင် 2007 Geneva Motor Show မှာ ပွဲထုတ်ပြသခဲ့ပြီး သိပ်မကြာခင် မှာ Mazda 2 အမည်နဲ့ ရောင်းချခဲ့ပါတယ်။ အရင်ဆုံး ဖြန့်ချိခဲ့တဲ့ ဈေးကွက်ကတော့ ဂျပန်ဈေးကွက်ဖြစ်ပြီး Demio အမည်နဲ့ပဲ ပွဲထုတ်ခဲ့တာဟာ 2007 July ကတည်းကဖြစ်ပါတယ်။ အင်ဂျင်အနေနဲ့ကတော့ ယခင် မျိုးဆက်က အင်ဂျင်အမျိုးအစားတွေသာ တပ်ဆင်ပေးပေမယ့် ပါဝါပိုမိုကောင်းမွန်လာပါတယ်။ ဂျပန် မှာတော့ အဓိက Hiroshima နဲ့ Hofu တို့မှာ ရှိတဲ့ စက်ရုံတွေကနေ ထုတ်လုပ်ပြီး , ထိုင်းနိုင်ငံမှာတော့ AutoAlliance စက်ရုံ, တရုတ်မှာတော့ Changan နဲ့ ဗီယက်နမ်မှာတော့ Vina Mazda တို့ကနေ အသီးသီးထုတ်ကြပါတယ်။ ဘယ်မောင်းအများစုကိုတော့ တရုတ်နဲ့ ဗီယာက်နမ်တို့က ထုတ်ပေးပြီး ဒီဇယ် မော်ဒယ် အများစုကိုတော့ ထိုင်းနိုင်ငံမှာ ထုတ်လုပ်ကြပါတယ်။ 2011 မော်ဒယ်မှာတော့ ရှေ့ရှဲလ် အနည်းငယ် အပြောင်းအလဲရှိပါတယ်။ မူလ ရှေ့ရှဲလ် မှာ Mazda logo လေးသာ ပါပေမယ့် 2011 မော်ဒယ်မှာတော့ ရှဲလ် အလယ်မှာ အရှည်လိုက် လိုင်းလေး တစ်ခု ပါလာပါတယ်။ 3 door coupe , 5 door hatch back နဲ့ 4 door sedan ဆိုပြီး ခွဲထုတ်ပေမယ့် ဆီဒင် မော်ဒယ်ကိုတော့ ဂျပန်မှာ ရောင်းချခြင်းမရှိပါဘူး။ ဂရိတ်ခွဲအနေနဲ့ ၆ မျိုးလောက်သာ ရှိပြီး CVT စနစ်လည်း တပ်ဆင်ပေးထားပါတယ်။
13F, 13C ဆိုတဲ့ ဂရိတ်မှာတော့ ရိုးရိုး ဂရိတ်အဖြစ်သာ တပ်ဆင်ပေးပါတယ်။
13C-V grade ကတော့ CVT တပ်ဆင်ပေးတဲ့ အမျိုးအစားဖြစ်ပြီး ဆီစားပိုသက်သာစေပါတယ်။
13S ကတော့ 1.3L အင်ဂျင်တပ် sport version ဖြစ်ပြီးတော့ e-4WD ကတော့ optional ပါ။
15C ဂရိတ်ကတော့ 1.5L အင်ဂျင်နဲ့ ဖြစ်သွားမယ်, Manual ဂီယာ ၅ ချက်နဲ့ လာသလို CVT နဲ့လည်းလာပါတယ်။
SPORT grade ကတော့ အမြင့်ဆုံး ဖြစ်သွားပါပြီ, digital aircon, ဘက်မှန်မီး, ရှေ့နောက် မှန် heater, 17 inch alloy, CVT ဂီယာ ၇ ချက်, paddle shifter အပြင် ရွေ့ရှဲလ် မတူပါဘူး။ သူကတော့ 1.5L အင်ဂျင်နဲ့သာရှိပါတယ်။ မန်နူရယ် ဂီယာနဲ့ ရှိပေမယ့် အရမ်းရှားပါတယ်။
Chassis အနေနဲ့ကတော့ မှတ်ရလွယ်ကူပါတယ်။

1.3L 2WD. ဆိုရင် DBA-DE3FS
1.3L 4WD ဆိုရင် DBA-DE3AS
1.5L 2WD ဆိုရင် DBA-DE5FS
2012 ရဲ့အထက် SkyActiv ကားတွေမှာတော့ DBA-DEJFS ဆိုပြီး ထွက်ပါတယ်။



Fourth Generation DJ (2014-Present)

ဒီနောက်ဆုံး မျိုးဆက်မှာတော့ တတိယ မျိူးဆက်နဲ့ အဓိက ကွဲပြားသွားတာက ရှေ့ရုပ်ထွက်ဖြစ်ပြီး ကြွားထွက်လာပါတယ်။ SkyActiv လို့ခေါ်တဲ့ 2011 နောက်ပိုင်း မှာ လူကြိုက်များခဲ့တဲ့ အင်ဂျင်အမျိုးအစားသာ သုံးစွဲထားပြီး ဒီဇယ်ဗားရှင်းလည်း ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ Transmission အနေနဲ့ကတော့ ထူးထူး ခြ ားခြ ား 6 speed Auto နဲ့ 6 speed manual ဆိုပြီး ၂ မျိုး ရွေးချယ်စရာ ရှိနေပါတယ်။ လက်ရှိ အနေအထား အရ မြန်မာပြည်ရဲ့ အနာဂတ် လမ်းပေါ်မှာ အတွေ့ရများလာနိုင်တဲ့ မော်ဒယ်မို့လို့ ဂရိတ်လေးတွေအကြောင်းရှင်းပြချင်ပါတယ်။
1.3L P3-VPS I4 (SkyActiv) အင်ဂျင်တပ် ထဲမှာတော့ 13C,13S နဲ့ 13S L ဆိုပြီး ရှိပါတယ် ( 13S L ကအမြင့်ဆုံးဂရိတ်)။
1.5L P5-VPS I4 (SkyActiv) အင်ဂျင်တပ် ထဲမှာတော့ 15C ဆိုတဲ့ ဂရိတ် တစ်မျိုးသာ ထုတ်ပေးပြီး ရှားပါးအမျိုးအစားပါ။
ဒီဇယ် အင်ဂျင်အမျိုးအစား ကတော့ 1.5L S5-DPTS I4 အမျိုးအစားသာ ရှိပြီး Grade အနေနဲ့ကတော့ XD, XD Touring နဲ့ XD Touring L ဆိုပြီး ၃ မျိုး ထွက်ပါတယ်။
Chassis အနေနဲ့ကတော့ ဓါတ်ဆီ မော်ဒယ် တွေမှာ
1.3L 2WD ဆိုရင် DBA-DJ3FS
1.3L 4WD ဆိုရင် DBA-DJ3AS
1.5L 2WD ဆိုရင် DBA-DJ5FS
ဒီဇယ် အင်ဂျင်တပ်မှာတော့
1.5L 2WD ဆိုရင် LDA-DJ5FS
1.5L 4WD ဆိုရင် LDA-DJ5AS ဆိုပြီးကွဲပြားပါတယ်။
အခုလောက်ဆိုရင်တော့ လမ်းပေါ်မှာအများကြီးတွေ့ရလေ့ရှိတဲ့ Mazda Demio အကြောင်း အနည်းငယ် သိရှိပြီလို့ ယူဆပါရစေ။

ဗဟုသုတအတွက် ရည်ရွယ်ပါတယ်
Credit ဝေယံ


Zawgyi

Mazda Demio = Mazda 2

ျမန္မာျပည္ရဲ့ လက္ရွိ ကားသြင္းခြင္မူဝါဒ အရ ၁.၃ လီတာ ကားေလးေတြဟာ အဓိက အသံုးမ်ား ျပီးတင္သြင္း မႈအမ်ားဆံုး ျဖစ္လာပါတယ္။ လက္ရွိ လူျကိုက္မ်ားလွတဲ့ ကားအမ်ိဳးအစားေတြထဲမွာ Mazda ရဲ့ Demio ေလးကေတာ့ ဆန္းသစ္တဲ့ ဒီဇိုင္းနဲ့ ရုပ္ထြက္က က်ေလာက္စရာ ရွိပါတယ္။ Mazda ဆိုတာကလည္း နည္းပညာ မွာ ေရွ့တန္းက ေျပးေနတဲ့ ကုမၸဏီျဖစ္ေနေတာ့ သူ့ရဲ့ မ်ိဳးဆက္သစ္ ကားေတြကို တည္ေဆာက္တဲ့ ေနရာမွာ သူမတူေအာင္ ခြဲထုတ္နုိင္စြမ္း ရွိလို့ေနပါေသးတယ္။ လက္ရွိအခ်ိန္မွာေတာ့ မ်ိဳးဆက္ ၄ ဆက္ထိ ထုတ္လုပ္ျပီးေနပါျပီ။

First Generation DW (1996-2002)
ဒီမ်ိဳးဆက္ကေတာ့ Mazda ရဲ့ 121 ရုပ္ထြက္နဲ့ နာမည္ေျပာင္းပြဲထုတ္လာခဲ့တဲ့ ပထမဆံုး Mazda 2 ေခၚ Demio ျဖစ္ပါတယ္။ Demio လို့ ဂ်ပန္မွာ ေခၚေပမယ့္ International မွာေတာ့ Mazda 2 လို့ တံဆိပ္တပ္သလို Europe market မွာေတာ့ 121 လို့သာေခၚခဲ့ပါတယ္။ 1.3L B3 နဲ့ 1.5L B5 အင္ဂ်င္ နွစ္မ်ိဳး တပ္ဆင္ေပးခဲ့တဲ့ ဒီ မ်ိဳးဆက္မွာ ေခတ္အခါအရ လူျကိုက္မ်ားခဲ့တဲ့ hatchback အမ်ိဳးအစား ကားေလးဟာဆိုရင္ ဂ်ပန္မွာ လူျကိုက္မ်ားခဲ့တဲ့ အမ်ိဳးအစားျဖစ္ပါတယ္။ 2001 ေမာ္ဒယ္မွာ ေရွ့ဘန္ဘာ အနည္းငယ္ အေျပာင္းအလဲရွိတာကလြဲလို့ ေတာက္ေလ်ာက္ ဒီပံုစံနဲ့ ထုတ္ခဲ့တာပါ။

Second Generation DY (2002-2007)
ဒီမ်ိဳးဆက္ကေတာ့ ျမန္မာျပည္မွာ အေတြ့ရနည္းတဲ့ အမ်ိဳးအစားျဖစ္ျပီးေတာ့ ဂ်ပန္မွာေတာ့ စထုတ္ထုတ္ခ်င္းနွစ္မွာ အေရာင္းရဆံုး နံပါတ္ ၇ ခ်ိတ္ခဲ့တဲ့ အမ်ိဳးအစားျဖစ္ပါတယ္။ ဂ်ပန္မ်ိဳးဆက္နဲ့ international ကို ခြဲထုတ္ခဲ့ပါတယ္။ အဓိက ကေတာ့ Europe ရဲ့ Emissions control rule ကို တင္းက်ပ္ခဲ့တဲ့အတြက္ ကားေတြရဲ့ အင္ဂ်င္ပါဝါကို သင့္သလို ေလ်ာ့ပစ္ခဲ့ရတေျကာင့္ပါ။
ဂ်ပန္ Demio မွာေတာ့ 1.3L ZJ-VE i4 နဲ့ 1.5L ZY-VE I4 နွစ္မ်ိဳး တပ္ဆင္ရရွိနုိင္ျပီး, Mazda 2 မွာေတာ့ 1.4L MZI C4 နဲ့ 1.6L MZI C6 ေတြအျပင္ ဒီဇယ္ ဗားရွင္းအျဖစ္ 1.4L MZ-CTDi ကိုလည္း ထုတ္ေပးထားပါေသးတယ္။ ဂီယာအေနနဲ့ေတာ့ ေအာ္တို ၄ ခ်က္ ဒါမွမဟုတ္ မန္နဴရယ္ ၅ ခ်က္ နဲ့ တြဲလာျပီး 4WD ကေတာ့ optional အေနနဲ့သာေရြးခ်ယ္ တပ္ဆင္နုိင္ပါတယ္။
ဂရိတ္အေနနဲ့ Cozy , Sport နဲ့ Causal ဆိုျပီး သံုး မ်ိဳး ခြဲလာပါတယ္။

Third Generation DE(2007-2014)
ဒီတတိယ မ်ိဳးကေတာ့ လက္ရွိ ျမန္မာျပည္မွာ လူျကိုက္မ်ားျပီး အသံုးမ်ားလို့ ပိုပိုသာသာေလး ေဖါက္သည္ခ်ခ်င္ပါတယ္။ ဒီဇိုင္းပိုင္း အမ်ားျကီး ေျပာင္းလဲလိုက္တဲ့ Demio ဟာဆိုရင္ 2007 Geneva Motor Show မွာ ပြဲထုုတ္ျပသခဲ့ျပီး သိပ္မျကာခင္ မွာ Mazda 2 အမည္နဲ့ ေရာင္းခ်ခဲ့ပါတယ္။ အရင္ဆံုး ျဖန့္ခ်ိခဲ့တဲ့ ေစ်းကြက္ကေတာ့ ဂ်ပန္ေစ်းကြက္ျဖစ္ျပီး Demio အမည္နဲ့ပဲ ပြဲထုတ္ခဲ့တာဟာ 2007 July ကတည္းကျဖစ္ပါတယ္။ အင္ဂ်င္အေနနဲ့ကေတာ့ ယခင္ မ်ိဳးဆက္က အင္ဂ်င္အမ်ိဳးအစားေတြသာ တပ္ဆင္ေပးေပမယ့္ ပါဝါပိုမိုေကာင္းမြန္လာပါတယ္။ ဂ်ပန္ မွာေတာ့ အဓိက Hiroshima နဲ့ Hofu တို့မွာ ရွိတဲ့ စက္ရုံေတြကေန ထုတ္လုပ္ျပီး , ထိုင္းနုိင္ငံမွာေတာ့ AutoAlliance စက္ရုံ, တရုတ္မွာေတာ့ Changan နဲ့ ဗီယက္နမ္မွာေတာ့ Vina Mazda တို့ကေန အသီးသီးထုတ္ျကပါတယ္။ ဘယ္ေမာင္းအမ်ားစုကိုေတာ့ တရုတ္နဲ့ ဗီယာက္နမ္တို့က ထုတ္ေပးျပီး ဒီဇယ္ ေမာ္ဒယ္ အမ်ားစုကိုေတာ့ ထိုင္းနုိင္ငံမွာ ထုတ္လုပ္ျကပါတယ္။ 2011 ေမာ္ဒယ္မွာေတာ့ ေရွ့ရွဲလ္ အနည္းငယ္ အေျပာင္းအလဲရွိပါတယ္။ မူလ ေရွ့ရွဲလ္ မွာ Mazda logo ေလးသာ ပါေပမယ့္ 2011 ေမာ္ဒယ္မွာေတာ့ ရွဲလ္ အလယ္မွာ အရွည္လိုက္ လိုင္းေလး တစ္ခု ပါလာပါတယ္။ 3 door coupe , 5 door hatch back နဲ့ 4 door sedan ဆိုျပီး ခြဲထုတ္ေပမယ့္ ဆီဒင္ ေမာ္ဒယ္ကိုေတာ့ ဂ်ပန္မွာ ေရာင္းခ်ျခင္းမရွိပါဘူး။ ဂရိတ္ခြဲအေနနဲ့ ၆ မ်ိဳးေလာက္သာ ရွိျပီး CVT စနစ္လည္း တပ္ဆင္ေပးထားပါတယ္။
13F, 13C ဆိုတဲ့ ဂရိတ္မွာေတာ့ ရုိးရုိး ဂရိတ္အျဖစ္သာ တပ္ဆင္ေပးပါတယ္။
13C-V grade ကေတာ့ CVT တပ္ဆင္ေပးတဲ့ အမ်ိဳးအစားျဖစ္ျပီး ဆီစားပိုသက္သာေစပါတယ္။
13S ကေတာ့ 1.3L အင္ဂ်င္တပ္ sport version ျဖစ္ျပီးေတာ့ e-4WD ကေတာ့ optional ပါ။
15C ဂရိတ္ကေတာ့ 1.5L အင္ဂ်င္နဲ့ ျဖစ္သြားမယ္, Manual ဂီယာ ၅ ခ်က္နဲ့ လာသလို CVT နဲ့လည္းလာပါတယ္။
SPORT grade ကေတာ့ အျမင့္ဆံုး ျဖစ္သြားပါျပီ, digital aircon, ဘက္မွန္မီး, ေရွ့ေနာက္ မွန္ heater, 17 inch alloy, CVT ဂီယာ ၇ ခ်က္, paddle shifter အျပင္ ေရြ့ရွဲလ္ မတူပါဘူး။ သူကေတာ့ 1.5L အင္ဂ်င္နဲ့သာရွိပါတယ္။ မန္နဴရယ္ ဂီယာနဲ့ ရွိေပမယ့္ အရမ္းရွားပါတယ္။
Chassis အေနနဲ့ကေတာ့ မွတ္ရလြယ္ကူပါတယ္။
1.3L 2WD. ဆိုရင္ DBA-DE3FS
1.3L 4WD ဆိုရင္ DBA-DE3AS
1.5L 2WD ဆိုရင္ DBA-DE5FS
2012 ရဲ့အထက္ SkyActiv ကားေတြမွာေတာ့ DBA-DEJFS ဆိုျပီး ထြက္ပါတယ္။

Fourth Generation DJ (2014-Present)
ဒီေနာက္ဆံုး မ်ိဳးဆက္မွာေတာ့ တတိယ မ်ိူးဆက္နဲ့ အဓိက ကြဲျပားသြားတာက ေရွ့ရုပ္ထြက္ျဖစ္ျပီး ျကြားထြက္လာပါတယ္။ SkyActiv လို့ေခၚတဲ့ 2011 ေနာက္ပိုင္း မွာ လူျကိုက္မ်ားခဲ့တဲ့ အင္ဂ်င္အမ်ိဳးအစားသာ သံုးစြဲထားျပီး ဒီဇယ္ဗားရွင္းလည္း ထုတ္လုပ္ေနဆဲျဖစ္ပါတယ္။ Transmission အေနနဲ့ကေတာ့ ထူးထူး ျခ ားျခ ား 6 speed Auto နဲ့ 6 speed manual ဆိုျပီး ၂ မ်ိဳး ေရြးခ်ယ္စရာ ရွိေနပါတယ္။ လက္ရွိ အေနအထား အရ ျမန္မာျပည္ရဲ့ အနာဂတ္ လမ္းေပၚမွာ အေတြ့ရမ်ားလာနုိင္တဲ့ ေမာ္ဒယ္မို့လို့ ဂရိတ္ေလးေတြအေျကာင္းရွင္းျပခ်င္ပါတယ္။
1.3L P3-VPS I4 (SkyActiv) အင္ဂ်င္တပ္ ထဲမွာေတာ့ 13C,13S နဲ့ 13S L ဆိုျပီး ရွိပါတယ္ ( 13S L ကအျမင့္ဆံုးဂရိတ္)။
1.5L P5-VPS I4 (SkyActiv) အင္ဂ်င္တပ္ ထဲမွာေတာ့ 15C ဆိုတဲ့ ဂရိတ္ တစ္မ်ိဳးသာ ထုတ္ေပးျပီး ရွားပါးအမ်ိဳးအစားပါ။
ဒီဇယ္ အင္ဂ်င္အမ်ိဳးအစား ကေတာ့ 1.5L S5-DPTS I4 အမ်ိဳးအစားသာ ရွိျပီး Grade အေနနဲ့ကေတာ့ XD, XD Touring နဲ့ XD Touring L ဆိုျပီး ၃ မ်ိဳး ထြက္ပါတယ္။
Chassis အေနနဲ့ကေတာ့ ဓါတ္ဆီ ေမာ္ဒယ္ ေတြမွာ
1.3L 2WD ဆိုရင္ DBA-DJ3FS
1.3L 4WD ဆိုရင္ DBA-DJ3AS
1.5L 2WD ဆိုရင္ DBA-DJ5FS
ဒီဇယ္ အင္ဂ်င္တပ္မွာေတာ့
1.5L 2WD ဆိုရင္ LDA-DJ5FS
1.5L 4WD ဆိုရင္ LDA-DJ5AS ဆိုျပီးကြဲျပားပါတယ္။
အခုေလာက္ဆိုရင္ေတာ့ လမ္းေပၚမွာအမ်ားျကီးေတြ့ရေလ့ရွိတဲ့ Mazda Demio အေျကာင္း အနည္းငယ္ သိရွိျပီလို့ ယူဆပါရေစ။

ဗဟုသုတအတြက္ ရည္ရြယ္ပါတယ္
ေဝယံ

Post a Comment

0 Comments