Toyota Alphard အကြောင်း (For Knowledge)
Toyota Alphard ကတော့ MPV ကား အမျိုးအစား တွေထဲက တစ်ခုပါ။ ဒီ Toyota Alphard ကို 2002 ခုနှစ်မှာ စတင်ရောင်းချခဲ့တာ ဖြစ်ပြီး Model ဆိုရင်တော့ 2002 Model က စထွက်တာပါ။ လက်ရှိ ကျွန်တော်တို့ ဆီမှာ အစီးများတာကလဲ 2002 Model တွေပါပဲ။ အိမ် ကျယ်ကျယ်နဲ့ Luxury ဆန်တဲ့ကားကို ပြပါဆိုရင် တော့ လူအတော်များများက Alphard ကို လက်ညှိုးထိုးမှာ မလွဲပါဘူး။
သူနဲ့ အပြိုင် Nissan Elgrand ဆိုတဲ့ ကား တစ်စီးရှိပါသေးတယ်။ သူ့ကို တော့ 1999 ထဲကထုတ်လုပ်ခဲ့ပေမဲ့ Alphard ထွက်လာပြီးနောက်ပိုင်းမှာ Elgrand ကတော တော်တော်လေး ငုတ်သွားခဲ့ပါတယ်။ ဒီလိုပဲ Toyota Alphard ပုံစံ လေးနဲ့ ပုံစံတူလေးတစ်စီးကို Toyota ကနေပဲ ထပ်မံထုတ်လုပ်ထားပါတယ်။ အဲ့ဒီ့ကားကတော့ အပြင်ပိုင်းကြည့်ရင် Alphard ကို Modify လုပ်ထားသရောင်ပါပဲ။ ဒါပေမဲ့ မဟုတ်ပါဘူး။ သူ့ရဲ့ ပင်ကို ကိုက Modify ပုံစံမျိုးဖြစ်နေတာပါ။ သူကတော့ Toyota Vellfire ပဲဖြစ်ပါတယ်။
ကဲ ဆက်လက်ပြီးတော့ Alphard ရဲ့ မျိုးဆက်တွေအကြောင်းကို ဆက်လက် ရှင်းပြပေးလိုက်ပါမယ်။
Toyota Alphard မှာ မျိုးဆက် (၃) ဆက်ရှိပါတယ်ခင်ဗျ။ ဘာတွေလဲဆိုရင်တော့
ပထမမျိုးဆက်ကို 2002 Model က နေ 2008 Model ထိ
ဒုတိယမျိုးဆက်ကို 2008(Late) Model က နေ 2015 Model ထိ
တတိယမျိုးဆက်ကတော့ 2015(Late) Model ၊ ယခုကနေ စပြီးမျိုးဆက်သစ်စတင်ထွက်ပေါ်လာပါပြီ။
ကျွန်တော်တို့ ဆီမှာတော့ ပထမျိုးဆက်ကို သာ လူစီးများ အသွင်းများတဲ့ အတွက် ယနေ့ရှင်းပြပေးမဲ့ အကြောင်းအရာကိုလဲ ပထမ မျိုးဆက် အကြောင်းပဲ ရှင်းပြပေးလိုက်ပါတယ်ခင်ဗျာ…..။
ကျွန်တော်တို့ ယနေ့ရှင်းပြပေးမဲ့ Alphard ပထမမျိုးဆက်မှာ Alphard V နဲ့ Alphard G ဆိုပြီးတော့ စာဖတ်ပရိတ်သတ်ကြီးတို့လဲ တွေ့ဖူးလိမ့်မယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ အဲ့ဒီ့ Alphard V နဲ့ Alphard G ဆိုတာ ပထမမျိုးဆက်မှာသာရှိပါတယ်။
2008 နောက်ပိုင်းမှာ Alphard ဆိုပြီး သီးသန့်ထွက်သွားတာပါ။ တစ်ချို့တော်တော်များများ က Alphard G ကို Grade ပိုမြင့်တယ်လို့ ပြောကြပါတယ်။ အဲ့ဒီ့အယူအဆ က မှားယွင်းနေပါတယ်။ အားလုံးက အတူတူပါပဲ။ ကွဲလွဲသွားတာ ဆိုလို့ အပြင်ပန်း ရှဲလ်(Grill) အတန်းလေးတွေလောက်ပဲ ကွဲ သွားတာပါ။ အတွင်းခန်းနဲ့ ကျန်တဲ့ အပြင်ပိုင်း က အားလုံး အတူတူ ချည်းပါပဲ။ ဘာလို့ အခေါ်အဝေါ် ကွဲသွားလဲ ဆိုရင် Japan Netz နဲ့ Toyopet ဆိုပြီး အရောင်းကိုယ် စလှယ်ခွဲထားတဲ့ အတွက် ယခုလို့ အခေါ်အဝေါ် တွေကွဲသွားခြင်းပဲ ဖြစ်ပါတယ်။ Kluger L နဲ့ V လိုပေါ့။ Alphard V ကို ရှဲလ်(Grill) အတန်း များတာနဲ့ တွေ့ရပြီး Alphard G ကတော့ ရှဲလ်(Grill) အတန်းနည်းတာနဲ့ ခွဲခြားတာပါ။ ဒီ ပထမမျိုးဆက်မှာ ရုပ်ဟောင်း / ရုပ်ပြောင်း အနေနဲ့ 2003 Late မှာ အနည်းငယ်၊ 2005 Late မှာ အနည်းငယ် ပြောင်းလဲ မှုလေးတွေရှိခဲ့ပါတယ်။ ဘာတွေပြောင်းလဲ သွားလဲ ဆိုရင်တော့ ရှေ့မီး၊ နောက်မီး၊ ရှဲလ်(Grill) ၊ ဘက်မှန်မီးတန်း လေးတွေ ပြောင်းလဲသွားမှာပါ။ နောက်ပြီး ရုပ်ပြောင်းသွားပြီဆိုရင် ရှေ့ဘက် Camera က 3D Camera ဖြစ်သွားမှာပါ။ 3D ဆိုတာက ရုပ်ကြွကို ပြောတာမဟုတ်ဘူးနော်။ Left/ Right and Ground အဲ့ သုံးမျိုးကို မြင်းကွင်း သုံးခု ပြပေးတာ ကိုပြောတာပါ။ နောက်ပြီး ဘယ်ဘက်မှာ ကြွက်နားရွက်လေးပါဝင်လာပါလိမ့်မယ်။
Toyota Alphard ကို အင်ဂျင်ပါဝါ နှစ်မျိုး နဲ့ တွေ့မြင်နိုင်ပါတယ်။ 2400 CC နဲ့ 3000 CC ဆိုပြီးတော့ပါ။ အင်ဂျင်ပါဝါ တိုင်းမှာ 2WD နဲ့ 4WD ဆိုပြီးရှိပါတယ်။ ပထမ မျိုးဆက် အတွက်ကတော့ Chassis ပြောင်းလဲ မှု မရှိခဲ့ပါဘူး။ ဒီ ပထမ မျိုးဆက်မှာတော့ Model တွေ အလိုက် အနည်းငယ် ပြောင်းလဲ မှုသာရှိပြီး မျိုးဆက်ပြောင်းလဲ မှု ဖြစ်သွားတော့ မှသာ Chassis ကော Body အချိုးအစား က အစ အားလုံး ပြောင်းလဲသွားမှာဖြစ်ပါတယ်။ အခုဆက်လက်ပြီး Chassis တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
2400 CC ဖြစ်ပြီး 2WD နဲ့ လာတယ် ဆိုရင်တော့ Chassis အနေနဲ့ ANH10 နဲ့လာမှာဖြစ်ပြီး 4WD ဆိုရင်တော့ ANH 15 နဲ့ လာမှာဖြစ်ပါတယ်။
3000 CC မှာတော့ 2WD ဖြစ်တယ်ဆိုရင် Chassis အနေနဲ့ MNH10 နဲ့ လာပြီး 4WD ဆိုရင် MNH15 နဲ့လာမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ Chassis လေးနဲ့ တကွ မှတ်မိကြလိမ့်မယ်ထင်ပါတယ်။
Toyota Alphard မှာ Grade ခွဲပေါင်းများစွာရှိပါတယ်။ စာဖတ်ပရိတ်သတ်ကြီး ပိုပြီးရှင်းလင်းသွားအောင် အင်ဂျင်ပါဝါ နဲ့ လိုက်ပြီး Grade ခွဲတွေကို ပြောပြလိုက်မယ်နော်။
2400 CC မှာဆိုရင် Grade ခွဲတွေ အနေနဲ့ AS, AX, AX L Edition ဆိုပြီး Grade ခွဲ သုံးခုဗျ။
3000 CC မှာဆိုရင် MS, MX, MX L Edition, MZ, MZG ဆိုပြီး Grade ခွဲ ငါး ခုပေါ့နော်။
အဲ့ဒီ့ Grade ခွဲတွေရဲ့ အရှေ့က A နဲ့ M က ဘာကို ရည်ညွှန်းလဲ ဆိုရင် Chassis ကို ရည်ညွှန်းခြင်းပဲဖြစ်ပါတယ်။ A ဆိုတာကတော့ ANH ပေါ့။ 2400 CC ကို တန်းသိနိုင်ပါတယ်။ M ကတော့ MNH ပေါ့။ 3000 CC ကို တန်းသိနိုင်စေတဲ့ အချက်တွေပါ။
အောက်မှာ ဆက်လက်ပြီး Grade ခွဲတွေရဲ့ ကွာခြားမှုတွေကို ဆက်လက်ရှင်းပြပေးပါမယ်။
<< AS <> MS >>
AS Grade နဲ့ MS Grade က တူတူပါပဲ။ အင်ဂျင်ပါဝါ အလိုက် ရှေ့ဆုံး စာ လေးပဲ ပြောင်းသွားတာပါ။ AS နဲ့ MS Grade မှာ အတွင်းခဲ အမဲ နဲ့ပါ။ အတွင်းခန်း မဲတဲ့ အတွက် ကျွန်း အမဲဖြစ်ပါမယ်။ လိုက်ကာတွေကတော့ မပါတာ များပါတယ်။ ပါခဲ့ရင်လဲ Manual ပဲဖြစ်ပါမယ်။ A/C ကတော့ Round ဖြစ်ပါမယ်။ ဒီ AS နဲ့ MS Grade ကတော့ အတွင်းခန်း အမဲ ထိုင်ခုံ အမဲ နဲ့ လာတာလဲ ဖြစ်သလို Sport Type ဆန်ပါတယ်။ Sport Type ကား အမျိုးအစားဖြစ်လို့ အတွင်းဘက်မှာ ရှော့ဘား ကို SPORT နဲ့ COMFORT ဆိုပြီး ခလုတ်လေးနဲ့ ကိုယ်ကြိုက်နှစ်သက် ရာရွေးချယ် အသုံးပြုနိုင်ပါတယ်။ အပြင်ပိုင်း အနေနဲ့ Fog Light အဝိုင်းနဲ့ပါ။ ဘေးဘက် အကုန် Skirt ပတ်လည်ပါရှိပါတယ်။ ရှေ့ဘက်ကကြည့်ရင်တော့ အနည်းငယ် နိမ့်နေပါမယ်။ အလွိုင်းအနေနဲ့ ၁၇ လက်မဖြစ်ပြီး Slie Door ၁ဖက် Auto ပါတာ မပါတာ ရှိတဲ့ အတွက် ပုံသေတော့ မှတ်လို့မရပါဘူး။ MS Grade မှာတော့ Slide Door ကတော့ ပုံသေ Manual ပါပဲ။
<< AX<> MX >>
AX နဲ့ MX Grade မှာတော့ အတွင်းခန်း အဝါနဲ့ လာပါပြီ။ Steering နဲ့ ဂီယာဘုသီးကတော့ ရိုးရိုးပဲ ရှိဦးမှာပါ။ ဘေးဘက်လိုက်ကာတွေကတော့ ပါဝင်လာပြီး Manual နဲ့သာ လာပါတယ်။ A/C Round ဖြစ်ပါတယ်။ Fog Light ကလဲ လေးထောင့်ဒီဇိုင်းပြောင်းသွားပါပြီ။ Power Slide Door အနေနဲ့ ၁ချပ် ဖြစ်လာပါတယ်။ ဒါကလဲ ပုံသေမှတ်မရပါဘူး။ တစ်ခါတစ်လေလဲ မဖြစ်တတ်ပါဘူး။ ရှေ့ဘက် Camera နဲ့ Original TV ကလဲ ပါတာ ရှိသလို မပါတာ ရှိတဲ့ အတွက် ပုံသေမှတ်သားလို့မရနိုင်ပါဘူး။
<< AX L <> MX L >>
AX L နဲ့ MX L မှာလဲ အတွင်းခန်း အဝါ ဖြစ်ပါတယ်။ Steering နဲ့ ဂီယာဘုသီးတွေ ကလဲ ကျွန်း တစ်ဝက် Leather တစ်ဝက် ဖြစ်လာပါပြီ။ A/C Round ဖြစ်ပါမယ်။ ဘေးဘက် လိုက်ကာတွေကတော့ AX နဲ့ MX အတိုင်း ပါဝင်လာပြီး Manual ပဲဖြစ်ဦးမှာပါ။ မှန်တွေအကုန်လုံး All Auto ဖြစ်ပါတယ်။ သူ့မှာတော့ ၈ ယောက်စီးသာလာပါတယ်။ ၈ ယောက်စီး ဆိုတော့ အလည် လျှောက်လမ်း မပါဝင်တဲ့ သဘောပေါ့နော်။ Power Slide Door ၁ချပ်ပါဝင်လာပြီဖြစ်ပါတယ်။ MX L မှာတော့ တခါတလေ Power Slid Door ၂ချပ်လည်းတွေ့ရတတ်ပါတယ်။ အပြင်ပိုင်း Fog Light လေးထောင့်ပါ။ ရှေ့နောက် Camera တွေပါဝင်လာပါပြီ။
<< MZ >>
MZ Grade မှာတော့ MX L လိုပဲ Steering နဲ့ ဂီယာဘုသီးတွေက ကျွန်းတစ်ဝက် Leather တစ်ဝက်ပါပဲ။ A/C Round ဖြစ်ပါမယ်။ ဘေးဘက် လိုက်ကာတွေက Auto ဖြစ်သွားပါပြီ။ မှန်အားလုံးလဲ All Auto ပါပဲ။ Power Slide Door ၁ချပ် ဖြစ်ပါမယ်။ သူ့မှာတော့ ၇ ယောက်စီးလဲ လာသလို ၈ ယောက်စီးလဲလာပါတယ်။ ၇ယောက်စီး ကတော့ လာတယ်ဆိုပေမဲ့ ရှားပါတယ်။ သူ့မှာ ထူးခြားချက်တစ်ခုကတော့ Sound System 5.1 Channel ပါဝင်တဲ့ အတွက် အုံးအုံး ဒိုင်းဒိုင်းဖြစ်နေမှာပါ။ TV 2 လုံး ဖြစ်တာရှိသလို၊ မဖြစ်ဘဲ ရှေ့ ၁လုံးထဲလဲဖြစ်တတ်ပါတယ်။ Sunroof/ Moon roof ကတော့ ပါတာလဲ ရှိသလို မပါတာလဲ ရှိတဲ့ အတွက်ကြောင့် ပုံသေမှတ်လို့မရနိုင်ပါဘူး။ Driver ထိုင်ခုံမှာတော့ မော်တာ ပါဝင်လာပါပြီ။ နောက်ဖုံးကတော့ Auto ဖြစ်တာလဲ ရှိသလို မဖြစ်တာလဲ ရှိပါတယ်။
<< MZG>>
MZG Grade ကတော့ Alphard Series မှာ အမြင့်ဆုံး Grade ပါပဲ။ သူ့မှာတော့ ၇ယောက် စီး သီးသန့်သာလာပြီး အလည် လျှောက်လမ်းပါဝင်လာပါတယ်။ Sunroof/ Moon roof တွေပါဝင်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်ခုံသားတွေ အကုန်လုံးက Leather Seats တွေဖြစ်သွားမှာပါ။ ရှေ့ဘက် Driver ဘက်နဲ့ Passenger ဘက်မှာ Motor တွေပါဝင်လာသလို Steering မှာလဲ မော်တာနဲ့ အချိန် အညှိ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ရှေ့နောက် Camera တွေလဲ ပါဝင်လာပါတယ်။ Power Slide Door ၂ချပ် ဖြစ်လာပါပြီ။ ဒါပေမဲ့ ပုံသေမှတ်လို့မရပါ။ တစ်ချပ်ကတော့ ကျိန်းသေ Power Slide Door ဖြစ်ပါတယ်။ နောက်တစ်ချပ်ကတော့ ရံဖန် ရံခါ Manual ဖြစ်နေတတ်လို့ပါ။ ကျန်တာတွေ အားလုံးကတော့ MZ Grade နဲ့ အားလုံး အတူတူ ပဲဖြစ်ပါတယ်။ နောက်ဖုံးကတော့ Auto ဖြစ်လာပါပြီ။
Zawgyi
Toyota Alphard အေၾကာင္း (For Knowledge)
Toyota Alphard ကေတာ့ MPV ကား အမ်ိဳးအစား ေတြထဲက တစ္ခုပါ။ ဒီ Toyota Alphard ကို 2002 ခုႏွစ္မွာ စတင္ေရာင္းခ်ခဲ့တာ ျဖစ္ၿပီး Model ဆိုရင္ေတာ့ 2002 Model က စထြက္တာပါ။ လက္ရွိ ကြၽန္ေတာ္တို႔ ဆီမွာ အစီးမ်ားတာကလဲ 2002 Model ေတြပါပဲ။ အိမ္ က်ယ္က်ယ္နဲ႔ Luxury ဆန္တဲ့ကားကို ျပပါဆိုရင္ ေတာ့ လူအေတာ္မ်ားမ်ားက Alphard ကို လက္ညႇိဳးထိုးမွာ မလြဲပါဘူး။
သူနဲ႔ အၿပိဳင္ Nissan Elgrand ဆိုတဲ့ ကား တစ္စီးရွိပါေသးတယ္။ သူ႔ကို ေတာ့ 1999 ထဲကထုတ္လုပ္ခဲ့ေပမဲ့ Alphard ထြက္လာၿပီးေနာက္ပိုင္းမွာ Elgrand ကေတာ ေတာ္ေတာ္ေလး ငုတ္သြားခဲ့ပါတယ္။ ဒီလိုပဲ Toyota Alphard ပုံစံ ေလးနဲ႔ ပုံစံတူေလးတစ္စီးကို Toyota ကေနပဲ ထပ္မံထုတ္လုပ္ထားပါတယ္။ အဲ့ဒီ့ကားကေတာ့ အျပင္ပိုင္းၾကည့္ရင္ Alphard ကို Modify လုပ္ထားသေရာင္ပါပဲ။ ဒါေပမဲ့ မဟုတ္ပါဘူး။ သူ႔ရဲ႕ ပင္ကို ကိုက Modify ပုံစံမ်ိဳးျဖစ္ေနတာပါ။ သူကေတာ့ Toyota Vellfire ပဲျဖစ္ပါတယ္။
ကဲ ဆက္လက္ၿပီးေတာ့ Alphard ရဲ႕ မ်ိဳးဆက္ေတြအေၾကာင္းကို ဆက္လက္ ရွင္းျပေပးလိုက္ပါမယ္။
Toyota Alphard မွာ မ်ိဳးဆက္ (၃) ဆက္ရွိပါတယ္ခင္ဗ်။ ဘာေတြလဲဆိုရင္ေတာ့
ပထမမ်ိဳးဆက္ကို 2002 Model က ေန 2008 Model ထိ
ဒုတိယမ်ိဳးဆက္ကို 2008(Late) Model က ေန 2015 Model ထိ
တတိယမ်ိဳးဆက္ကေတာ့ 2015(Late) Model ၊ ယခုကေန စၿပီးမ်ိဳးဆက္သစ္စတင္ထြက္ေပၚလာပါၿပီ။
ကြၽန္ေတာ္တို႔ ဆီမွာေတာ့ ပထမ်ိဳးဆက္ကို သာ လူစီးမ်ား အသြင္းမ်ားတဲ့ အတြက္ ယေန႔ရွင္းျပေပးမဲ့ အေၾကာင္းအရာကိုလဲ ပထမ မ်ိဳးဆက္ အေၾကာင္းပဲ ရွင္းျပေပးလိုက္ပါတယ္ခင္ဗ်ာ…..။
ကြၽန္ေတာ္တို႔ ယေန႔ရွင္းျပေပးမဲ့ Alphard ပထမမ်ိဳးဆက္မွာ Alphard V နဲ႔ Alphard G ဆိုၿပီးေတာ့ စာဖတ္ပရိတ္သတ္ႀကီးတို႔လဲ ေတြ႕ဖူးလိမ့္မယ္ ထင္ပါတယ္။ ဟုတ္ပါတယ္။ အဲ့ဒီ့ Alphard V နဲ႔ Alphard G ဆိုတာ ပထမမ်ိဳးဆက္မွာသာရွိပါတယ္။
2008 ေနာက္ပိုင္းမွာ Alphard ဆိုၿပီး သီးသန႔္ထြက္သြားတာပါ။ တစ္ခ်ိဳ႕ေတာ္ေတာ္မ်ားမ်ား က Alphard G ကို Grade ပိုျမင့္တယ္လို႔ ေျပာၾကပါတယ္။ အဲ့ဒီ့အယူအဆ က မွားယြင္းေနပါတယ္။ အားလုံးက အတူတူပါပဲ။ ကြဲလြဲသြားတာ ဆိုလို႔ အျပင္ပန္း ရွဲလ္(Grill) အတန္းေလးေတြေလာက္ပဲ ကြဲ သြားတာပါ။ အတြင္းခန္းနဲ႔ က်န္တဲ့ အျပင္ပိုင္း က အားလုံး အတူတူ ခ်ည္းပါပဲ။ ဘာလို႔ အေခၚအေဝၚ ကြဲသြားလဲ ဆိုရင္ Japan Netz နဲ႔ Toyopet ဆိုၿပီး အေရာင္းကိုယ္ စလွယ္ခြဲထားတဲ့ အတြက္ ယခုလို႔ အေခၚအေဝၚ ေတြကြဲသြားျခင္းပဲ ျဖစ္ပါတယ္။ Kluger L နဲ႔ V လိုေပါ့။ Alphard V ကို ရွဲလ္(Grill) အတန္း မ်ားတာနဲ႔ ေတြ႕ရၿပီး Alphard G ကေတာ့ ရွဲလ္(Grill) အတန္းနည္းတာနဲ႔ ခြဲျခားတာပါ။ ဒီ ပထမမ်ိဳးဆက္မွာ ႐ုပ္ေဟာင္း / ႐ုပ္ေျပာင္း အေနနဲ႔ 2003 Late မွာ အနည္းငယ္၊ 2005 Late မွာ အနည္းငယ္ ေျပာင္းလဲ မႈေလးေတြရွိခဲ့ပါတယ္။ ဘာေတြေျပာင္းလဲ သြားလဲ ဆိုရင္ေတာ့ ေရွ႕မီး၊ ေနာက္မီး၊ ရွဲလ္(Grill) ၊ ဘက္မွန္မီးတန္း ေလးေတြ ေျပာင္းလဲသြားမွာပါ။ ေနာက္ၿပီး ႐ုပ္ေျပာင္းသြားၿပီဆိုရင္ ေရွ႕ဘက္ Camera က 3D Camera ျဖစ္သြားမွာပါ။ 3D ဆိုတာက ႐ုပ္ႂကြကို ေျပာတာမဟုတ္ဘူးေနာ္။ Left/ Right and Ground အဲ့ သုံးမ်ိဳးကို ျမင္းကြင္း သုံးခု ျပေပးတာ ကိုေျပာတာပါ။ ေနာက္ၿပီး ဘယ္ဘက္မွာ ႂကြက္နား႐ြက္ေလးပါဝင္လာပါလိမ့္မယ္။
Toyota Alphard ကို အင္ဂ်င္ပါဝါ ႏွစ္မ်ိဳး နဲ႔ ေတြ႕ျမင္ႏိုင္ပါတယ္။ 2400 CC နဲ႔ 3000 CC ဆိုၿပီးေတာ့ပါ။ အင္ဂ်င္ပါဝါ တိုင္းမွာ 2WD နဲ႔ 4WD ဆိုၿပီးရွိပါတယ္။ ပထမ မ်ိဳးဆက္ အတြက္ကေတာ့ Chassis ေျပာင္းလဲ မႈ မရွိခဲ့ပါဘူး။ ဒီ ပထမ မ်ိဳးဆက္မွာေတာ့ Model ေတြ အလိုက္ အနည္းငယ္ ေျပာင္းလဲ မႈသာရွိၿပီး မ်ိဳးဆက္ေျပာင္းလဲ မႈ ျဖစ္သြားေတာ့ မွသာ Chassis ေကာ Body အခ်ိဳးအစား က အစ အားလုံး ေျပာင္းလဲသြားမွာျဖစ္ပါတယ္။ အခုဆက္လက္ၿပီး Chassis ေတြကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။
2400 CC ျဖစ္ၿပီး 2WD နဲ႔ လာတယ္ ဆိုရင္ေတာ့ Chassis အေနနဲ႔ ANH10 နဲ႔လာမွာျဖစ္ၿပီး 4WD ဆိုရင္ေတာ့ ANH 15 နဲ႔ လာမွာျဖစ္ပါတယ္။
3000 CC မွာေတာ့ 2WD ျဖစ္တယ္ဆိုရင္ Chassis အေနနဲ႔ MNH10 နဲ႔ လာၿပီး 4WD ဆိုရင္ MNH15 နဲ႔လာမွာ ျဖစ္ပါတယ္။
ဒီေလာက္ဆိုရင္ေတာ့ Chassis ေလးနဲ႔ တကြ မွတ္မိၾကလိမ့္မယ္ထင္ပါတယ္။
Toyota Alphard မွာ Grade ခြဲေပါင္းမ်ားစြာရွိပါတယ္။ စာဖတ္ပရိတ္သတ္ႀကီး ပိုၿပီးရွင္းလင္းသြားေအာင္ အင္ဂ်င္ပါဝါ နဲ႔ လိုက္ၿပီး Grade ခြဲေတြကို ေျပာျပလိုက္မယ္ေနာ္။
2400 CC မွာဆိုရင္ Grade ခြဲေတြ အေနနဲ႔ AS, AX, AX L Edition ဆိုၿပီး Grade ခြဲ သုံးခုဗ်။
3000 CC မွာဆိုရင္ MS, MX, MX L Edition, MZ, MZG ဆိုၿပီး Grade ခြဲ ငါး ခုေပါ့ေနာ္။
အဲ့ဒီ့ Grade ခြဲေတြရဲ႕ အေရွ႕က A နဲ႔ M က ဘာကို ရည္ၫႊန္းလဲ ဆိုရင္ Chassis ကို ရည္ၫႊန္းျခင္းပဲျဖစ္ပါတယ္။ A ဆိုတာကေတာ့ ANH ေပါ့။ 2400 CC ကို တန္းသိႏိုင္ပါတယ္။ M ကေတာ့ MNH ေပါ့။ 3000 CC ကို တန္းသိႏိုင္ေစတဲ့ အခ်က္ေတြပါ။
ေအာက္မွာ ဆက္လက္ၿပီး Grade ခြဲေတြရဲ႕ ကြာျခားမႈေတြကို ဆက္လက္ရွင္းျပေပးပါမယ္။
<< AS <> MS >>
AS Grade နဲ႔ MS Grade က တူတူပါပဲ။ အင္ဂ်င္ပါဝါ အလိုက္ ေရွ႕ဆုံး စာ ေလးပဲ ေျပာင္းသြားတာပါ။ AS နဲ႔ MS Grade မွာ အတြင္းခဲ အမဲ နဲ႔ပါ။ အတြင္းခန္း မဲတဲ့ အတြက္ ကြၽန္း အမဲျဖစ္ပါမယ္။ လိုက္ကာေတြကေတာ့ မပါတာ မ်ားပါတယ္။ ပါခဲ့ရင္လဲ Manual ပဲျဖစ္ပါမယ္။ A/C ကေတာ့ Round ျဖစ္ပါမယ္။ ဒီ AS နဲ႔ MS Grade ကေတာ့ အတြင္းခန္း အမဲ ထိုင္ခုံ အမဲ နဲ႔ လာတာလဲ ျဖစ္သလို Sport Type ဆန္ပါတယ္။ Sport Type ကား အမ်ိဳးအစားျဖစ္လို႔ အတြင္းဘက္မွာ ေရွာ့ဘား ကို SPORT နဲ႔ COMFORT ဆိုၿပီး ခလုတ္ေလးနဲ႔ ကိုယ္ႀကိဳက္ႏွစ္သက္ ရာေ႐ြးခ်ယ္ အသုံးျပဳႏိုင္ပါတယ္။ အျပင္ပိုင္း အေနနဲ႔ Fog Light အဝိုင္းနဲ႔ပါ။ ေဘးဘက္ အကုန္ Skirt ပတ္လည္ပါရွိပါတယ္။ ေရွ႕ဘက္ကၾကည့္ရင္ေတာ့ အနည္းငယ္ နိမ့္ေနပါမယ္။ အလြိဳင္းအေနနဲ႔ ၁၇ လက္မျဖစ္ၿပီး Slie Door ၁ဖက္ Auto ပါတာ မပါတာ ရွိတဲ့ အတြက္ ပုံေသေတာ့ မွတ္လို႔မရပါဘူး။ MS Grade မွာေတာ့ Slide Door ကေတာ့ ပုံေသ Manual ပါပဲ။
<< AX<> MX >>
AX နဲ႔ MX Grade မွာေတာ့ အတြင္းခန္း အဝါနဲ႔ လာပါၿပီ။ Steering နဲ႔ ဂီယာဘုသီးကေတာ့ ႐ိုး႐ိုးပဲ ရွိဦးမွာပါ။ ေဘးဘက္လိုက္ကာေတြကေတာ့ ပါဝင္လာၿပီး Manual နဲ႔သာ လာပါတယ္။ A/C Round ျဖစ္ပါတယ္။ Fog Light ကလဲ ေလးေထာင့္ဒီဇိုင္းေျပာင္းသြားပါၿပီ။ Power Slide Door အေနနဲ႔ ၁ခ်ပ္ ျဖစ္လာပါတယ္။ ဒါကလဲ ပုံေသမွတ္မရပါဘူး။ တစ္ခါတစ္ေလလဲ မျဖစ္တတ္ပါဘူး။ ေရွ႕ဘက္ Camera နဲ႔ Original TV ကလဲ ပါတာ ရွိသလို မပါတာ ရွိတဲ့ အတြက္ ပုံေသမွတ္သားလို႔မရႏိုင္ပါဘူး။
<< AX L <> MX L >>
AX L နဲ႔ MX L မွာလဲ အတြင္းခန္း အဝါ ျဖစ္ပါတယ္။ Steering နဲ႔ ဂီယာဘုသီးေတြ ကလဲ ကြၽန္း တစ္ဝက္ Leather တစ္ဝက္ ျဖစ္လာပါၿပီ။ A/C Round ျဖစ္ပါမယ္။ ေဘးဘက္ လိုက္ကာေတြကေတာ့ AX နဲ႔ MX အတိုင္း ပါဝင္လာၿပီး Manual ပဲျဖစ္ဦးမွာပါ။ မွန္ေတြအကုန္လုံး All Auto ျဖစ္ပါတယ္။ သူ႔မွာေတာ့ ၈ ေယာက္စီးသာလာပါတယ္။ ၈ ေယာက္စီး ဆိုေတာ့ အလည္ ေလွ်ာက္လမ္း မပါဝင္တဲ့ သေဘာေပါ့ေနာ္။ Power Slide Door ၁ခ်ပ္ပါဝင္လာၿပီျဖစ္ပါတယ္။ MX L မွာေတာ့ တခါတေလ Power Slid Door ၂ခ်ပ္လည္းေတြ႕ရတတ္ပါတယ္။ အျပင္ပိုင္း Fog Light ေလးေထာင့္ပါ။ ေရွ႕ေနာက္ Camera ေတြပါဝင္လာပါၿပီ။
<< MZ >>
MZ Grade မွာေတာ့ MX L လိုပဲ Steering နဲ႔ ဂီယာဘုသီးေတြက ကြၽန္းတစ္ဝက္ Leather တစ္ဝက္ပါပဲ။ A/C Round ျဖစ္ပါမယ္။ ေဘးဘက္ လိုက္ကာေတြက Auto ျဖစ္သြားပါၿပီ။ မွန္အားလုံးလဲ All Auto ပါပဲ။ Power Slide Door ၁ခ်ပ္ ျဖစ္ပါမယ္။ သူ႔မွာေတာ့ ၇ ေယာက္စီးလဲ လာသလို ၈ ေယာက္စီးလဲလာပါတယ္။ ၇ေယာက္စီး ကေတာ့ လာတယ္ဆိုေပမဲ့ ရွားပါတယ္။ သူ႔မွာ ထူးျခားခ်က္တစ္ခုကေတာ့ Sound System 5.1 Channel ပါဝင္တဲ့ အတြက္ အုံးအုံး ဒိုင္းဒိုင္းျဖစ္ေနမွာပါ။ TV 2 လုံး ျဖစ္တာရွိသလို၊ မျဖစ္ဘဲ ေရွ႕ ၁လုံးထဲလဲျဖစ္တတ္ပါတယ္။ Sunroof/ Moon roof ကေတာ့ ပါတာလဲ ရွိသလို မပါတာလဲ ရွိတဲ့ အတြက္ေၾကာင့္ ပုံေသမွတ္လို႔မရႏိုင္ပါဘူး။ Driver ထိုင္ခုံမွာေတာ့ ေမာ္တာ ပါဝင္လာပါၿပီ။ ေနာက္ဖုံးကေတာ့ Auto ျဖစ္တာလဲ ရွိသလို မျဖစ္တာလဲ ရွိပါတယ္။
<< MZG>>
MZG Grade ကေတာ့ Alphard Series မွာ အျမင့္ဆုံး Grade ပါပဲ။ သူ႔မွာေတာ့ ၇ေယာက္ စီး သီးသန႔္သာလာၿပီး အလည္ ေလွ်ာက္လမ္းပါဝင္လာပါတယ္။ Sunroof/ Moon roof ေတြပါဝင္လာၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ထိုင္ခုံသားေတြ အကုန္လုံးက Leather Seats ေတြျဖစ္သြားမွာပါ။ ေရွ႕ဘက္ Driver ဘက္နဲ႔ Passenger ဘက္မွာ Motor ေတြပါဝင္လာသလို Steering မွာလဲ ေမာ္တာနဲ႔ အခ်ိန္ အညႇိ ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ ေရွ႕ေနာက္ Camera ေတြလဲ ပါဝင္လာပါတယ္။ Power Slide Door ၂ခ်ပ္ ျဖစ္လာပါၿပီ။ ဒါေပမဲ့ ပုံေသမွတ္လို႔မရပါ။ တစ္ခ်ပ္ကေတာ့ က်ိန္းေသ Power Slide Door ျဖစ္ပါတယ္။ ေနာက္တစ္ခ်ပ္ကေတာ့ ရံဖန္ ရံခါ Manual ျဖစ္ေနတတ္လို႔ပါ။ က်န္တာေတြ အားလုံးကေတာ့ MZ Grade နဲ႔ အားလုံး အတူတူ ပဲျဖစ္ပါတယ္။ ေနာက္ဖုံးကေတာ့ Auto ျဖစ္လာပါၿပီ။
0 Comments