Ads

header ads

Toyota Wish အကြောင်း

Unicode

မြန်မာပြည်မှာတော့ လူကြိုက်များတဲ့ ကားလေးပါပဲ။MPV အမျိုးအစား ကိုယ်လုံးကိုယ်ထည် မကြီးပေမဲ့ အတွင်းလူဝင်ဆံ့ပုံက အံ့မခန်းပါပဲ။

၂၀၀၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဂျပန်မှာ အရောင်းရဆုံး နံပါတ် ၁ ကနေ ၅ အတွင်းမှာ အချိန်အကြာဆုံး ရှိခဲ့ပါတယ်။ယခုဆိုရင် second generation တောင်ရောက်ရှိလာပါပြီ။First generation ကတော့ 2003 to 2008 ဖြစ်ပြီး Second generation ကတော့ 2009 to present ဖြစ်ပါတယ်။ Wish အကြောင်းကတော့ လူတော်တော်များများလည်း သိပြီးသားဆိုတော့ ဒီမှာ grade နဲ့ အင်ဂျင်အကြောင်းကို ပိုအသားပေးပြီး ပြောပေးပါ့မယ်။

First Generation

သူက မြန်မာပြည်မှာ တော်တော်များများတွေ့နေရပါပြီ။ အင်ဂျင်မှာတော့ ၁.၈လီတာကို 1ZZ-FE နဲ့ထုတ်လုပ်ပြီး ၂.ဝလီတာကိုတော့ 1AZ. FSE နဲ့ထုတ်လုပ်ကာ ဂီယာလေးချက် အော်တိုဂီယာစနစ် ဂီယာခုနစ်ချက် Super CVT-i စနစ်များနဲ့ ထုတ်လုပ်ပါတယ်။ ဘီးနှစ်ဖက်အကျယ် 2750mm (108.3 inch) အရှည် 4560mm(179.5 inch) အ ကျယ်1695mm(66.7inch) အမြင့် 1590mm (62.6 inch) အသီးသီးရှိပါတယ်။ ဦးဆောင်ထုတ်လုပ်ခဲ့တဲ့အင်ဂျင်နီယာကတော့ Mr.Takesh Yoshidea ဖြစ်ပြီး ွှWish ရဲ့ပထမ Generation ကို Tokyo Motor Show မှာ 2002 October မှာစတင်မိတ်ဆက်ခဲ့ပြီး ဂျပန်ဈေးကွက်မှာတော့ ၂ဝဝ၃ ခုနှစ် January မှာစတင်ရောင်းချပေးခဲ့ပါတယ်။ ရှေ့ဘီးယက် 2wheels drive ကိုတော့ Codename ZNE 10G နဲ့ ထုတ်လုပ်ပြီး 4 wheels drive ကို ZNE 14G နဲ့ ထုတ်လုပ်ထားပါတယ်။

Grade တွေကတော့…

၁.၈ လီတာ အင်ဂျင်တပ်ထား ရင် ၄ မျိုးလောက် တွေ့ရပါတယ်။ X / XE package / XS package / X areo sport ဆို ပြီးတော့ပါ။ဘောင်နံပါတ်ကတော့ ZNE10 နဲ့ စပါလိမ့်မယ်။နောက်တစ်ခုက 2WD နဲ့ 4WD ပါ။ ရှေ့ယက်စနစ်မှာ ဘာမှ မပြောပေမဲ့ လေးဘီးလုံးမောင်းရင်တော့ 4WD ဆိုတာလေး ပါပါတယ်။ ဘောင်နံပါတ်က ZNE14 ဖြစ်ပါလိမ့်မယ်။ မြန်မာတွေအကြိုက်ကတော့ 2WD ပါ။ ဆီစားနှုန်းသက်သာလို့ပါ။၂.၀ လီတာ မှာတော့ နှစ်မျိုး အဓိက တွေ့ရပါတယ်။ G grade နဲ့ Z grade ပါ။ Z က ပိုမြင့်ပါတယ်။ ဘောင်နံပါတ်ကတော့ ANE10 / ANE11 စသဖြင့် ရှိပါတယ်။ NEO edition ဆိုတဲ့ တစ်မျိုးလည်း တွေ့ဖူးပါတယ်။ G နဲ့ X မော်ဒယ်တွေမှာပါ။

2003 model အင်ဂျင် 1.8L/ZZFE အင်ဂျင်မှာ မြင်းကောင်ရေ 170mm (125lb/ft) four-wheel speed automatic ဖြစ်ပြီး 2.0L မှာတော့ ခြောက်ယောက်စီးအတွက် Codename ANE 11W နဲ့ ခုနစ်ယောက်စီးအတွက် ANE 10G version မျိုးကွဲနှစ်မျိုးကွဲပါသေးတယ်။ 2.0L မှာတော့ IAZ FSE Direct injection ဖြစ်ပြီး မြင်းကောင်ရေ ၁၅၅ကောင် (114 kw)ရုန်းအား 192Nm(142lb/ft) ရှိပါတယ်။ မျိုးကွဲအနေနဲ့ 2.0 D4 အင်ဂျင်များကို CVT ဂီယာဘောက်များနဲ့ တွဲဖက်ထုတ်လုပ်ပါသေးတယ်။ Wish ဟာဈေးကွက်အတွင်း အချိန်တိုကာလမှာပဲ Top 5 စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပြီး ပြိုင်ဘက်များကတော့ Honda Stream, Mazda Premacy နဲ့ Mazada 5 တို့ဖြင့်ပြီး Thailand market မှာတော့ ၂ဝဝ၃နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ထိုင်းဈေးကွက်ထုတ် Wish မှာတော့ အင်ဂျင် 1AZ FE, wheel 17inch size, No privacy glass, Leather upholstery standard, 2 WD wheel drive, စတာတွေနဲ့ကန့်သတ်ထုတ်လုပ်ပြီး ၂ဝဝ၄ ခုနှစ် နိုဝင်ဘာမှာထုတ်လုပ်ခဲ့ တဲ့Taiwan Market မှာတော့ D4 Technology အင်ဂျင်အဆင့်မြှင့်ထားတဲ့LED နောက်မီး၊ Body color, packing censor စနစ် dual moonroof, leather seat တွေနဲ့ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

၂ဝဝ၅ခုနှစ်မှာတော့ Wish ရဲ့အောင်မြင်မှုအရှိန်ဟာ ဈေးကွက်မှာပိုမိုမြင့်မားလာတာကြောင့် အနည်းငယ်အ ဆင့်မြှင့်တင်ထားတဲ့ Wish ကိုထုတ်လုပ်ခဲ့ပါတယ်။ Headlight Bumpass LED taillight နဲ့ Dashboard တွေကို အဆင့်မြှင့်တင်ခဲ့တာကြောင့် ဆီသုံးစွဲမှုကိုထိထိရောက်ရောက်လျှော့ချနိုင်ခဲ့ပါတယ်။ 2005 model မှာ Wish ရဲ့ ‘W’ သင်္ကေတအစုံကို အနည်းငယ်ပြောင်းလဲခဲ့ပြီး Electronic throttle control စနစ်ကိုလည်း ပြောင်း လဲတပ်ဆင်ပေးခဲ့ပါတယ်။2007 mode မှာ တော့ G-Book ခေါ်တဲ့Telematics service ကိုဂျပန်မှာတပ်ဆင် ရောင်းချတဲ့ကားတွေမှာ ထည့်သွင်းပေးခဲ့ပါတယ်။2008 Wish model မှာတော့ စင်ကာပူဈေးကွက်မှာ အများအပြားတင်သွင်းခဲ့ပြီးကားရဲ့ Bodykit ငါးမျိုး နောက် LED break မီး၊ နောက်ကင်မရာ၊ ဘက်မှန်အချက်ပြမီး Flluminated Scuff plate, window muffler cutter စတဲ့ အဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့ပါတယ်။

 2015 Wish model

Wish ဒုတိယမျိုးဆက်(၂ဝဝ၉)ရဲ့ 2015 model မှာတော့ အတွင်းအပြင်ပိုင်းတွေမှာ ပိုမိုကောင်းမွန်တဲ့အဆင့် မြှင့်တင်မှုတွေပြုလုပ်ခဲ့ပြီး ခရီးသည်ရှစ်ဦးအထိ တင်ဆောင်လာနိုင်တော့မှာဖြစ်ပါတယ်။ ပိုမိုသက်သောင့်သက်သာ ဖြစ်စေမယ့်ထိုင်ခုံတွေ၊ ဝန်စည်စလယ်တွေတင်နိုင်မယ့်ကျယ်ဝန်းတဲ့ Luggage space ၊ အဆင့်မြင့်လေအေးပေးစနစ် နဲ့သတင်းအချက်အလက်ပေးစနစ်များ၊ ဖျော်ဖြေရေးစနစ်နဲ့ DVD sound စနစ်တွေအဆင့်မြှင့်တင်ပေးခဲ့ပါတယ်။

Dynamic stability control, Airbag ရှစ်လုံးဆီစားနှုန်းဓာတ်ဆီတစ်လီတာ ၁၆ကီလိုမီတာဖြစ်ပြီး 1800 CC ကို (Chassis ZGE 20G ၊ 2000 CCကို ZGE 22W 4WD) တွေကိုတော့ ZGE25 W နဲ့ထုတ်လုပ်ထားပါတယ်။ မြန်မာပြည်မှာလူကြိုက်များတဲ့ Grade တွေကတော့ ZGE 20 CX, S ဂရိတ် ZGE 22, Z Grade) များပဲဖြစ်ပါ တယ်။ ZGE 20 မှာတော့ ဂရိတ်ခွဲ X, A, S ဆိုပြီးခွဲပါသေးတယ်။ X ဂရိတ်ကတော့ ရှေ့ Shell မှာနီကယ်မဖြစ် Bumper Spoiler မပါတာ Fog Light မီးမပါတာ Push start မဖြစ်တာတွေရှိပါတယ်။ S Grade မှာတော့ရှေ့ Shell နီကယ်၊ Bumper Spoilers, Fog Light မီးပါပြီး Xenon headlight, Gear Daddle Shift 16” အလွိုင်း Push Start ဖြစ်ပါပြီ။ အမြင့်ဆုံးဂရိတ် Z မှာတော့ အင်ဂျင်ပါဝါ 2.0 L ZGE 22 နဲ့ထုတ်လုပ်ပြီး Overfender, 17” Original allay, Fog Light, Xenon Headlight, Push start, Cruise Control, Steptronic ဂီယာခုနစ် ချက်အပြင် Sport/Eco mode ခရီးသည်ခြောက်ဦးစီလျှောက်လမ်းပါပါတယ်။

သူကတော့ ၁.၈ လီတာ အင်ဂျင်တပ်ရင် grade 2 မျိုးလာပါတယ်။ S and X Grade တွေပါ။ ၂.၀ လီတာဆိုရင် နှစ်မျိုးလာပါတယ။ G and Z Grade ပါ။ ဘောင်နံပါတ်တွေက S and X – ZGE20 / ZGE25 (4WD)၊ G – ZGE21 ၊ Z – ZGE22 တို့ဖြစ်ကြပါတယ်။ များသောအားဖြင့် ၁.၈ လီတာတွေမှာ ဂီယာ ၄ ချက် အော်တို Transmission ဖြစ်ပြီးတော့ ၂.၀ လီတာ အင်ဂျင်တွေမှာ CVT ဆိုတာကို သုံးပါတယ်။First generation မှာတပ်ဆင်တဲ့ အင်ဂျင်တွေကတော့ 1.8 L 1ZZ-FE , I4 , DOHC 16 Valve , 2.0 L 1AZ-FSE , I4 , VVT-i 16 valve တို့ဖြစ်ကြပါတယ်။

Second Generation မှာတပ်ဆင်တဲ့ အင်ဂျင်တွေကတော့ 1.8 L 2ZR-FAE , I4 Dual VVT-i , 2.0 L 3ZR-FAE , I4 Valve Matic တို့တပ်ဆင်ထားပါတယ်။ Engine ရဲ့ စွမ်းအားတွေ ကွာသွားပါတယ်။ ဆီစားနှုန်းတွေလဲ ကွာသွားပါတယ်။ နောက်ပြီး ဂျပန်တွေ ကိုယ်တိုင် 4WD ကို မကြိုက်တာတွေ့ရပါတယ်။ ၂၀၀၅ လောက်ကစပြီး 4WD မော်ဒယ် အတွေ့ရနည်းသွားပါတယ်။



Zawgyi

ျမန္မာျပည္မွာေတာ့ လူႀကိဳက္မ်ားတဲ့ ကားေလးပါပဲ။MPV အမ်ိဳးအစား ကိုယ္လုံးကိုယ္ထည္ မႀကီးေပမဲ့ အတြင္းလူဝင္ဆံ့ပုံက အံ့မခန္းပါပဲ။

၂၀၀၃ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အထိ ဂ်ပန္မွာ အေရာင္းရဆုံး နံပါတ္ ၁ ကေန ၅ အတြင္းမွာ အခ်ိန္အၾကာဆုံး ရွိခဲ့ပါတယ္။ယခုဆိုရင္ second generation ေတာင္ေရာက္ရွိလာပါၿပီ။First generation ကေတာ့ 2003 to 2008 ျဖစ္ၿပီး Second generation ကေတာ့ 2009 to present ျဖစ္ပါတယ္။ Wish အေၾကာင္းကေတာ့ လူေတာ္ေတာ္မ်ားမ်ားလည္း သိၿပီးသားဆိုေတာ့ ဒီမွာ grade နဲ႔ အင္ဂ်င္အေၾကာင္းကို ပိုအသားေပးၿပီး ေျပာေပးပါ့မယ္။

First Generation

သူက ျမန္မာျပည္မွာ ေတာ္ေတာ္မ်ားမ်ားေတြ႕ေနရပါၿပီ။ အင္ဂ်င္မွာေတာ့ ၁.၈လီတာကို 1ZZ-FE နဲ႔ထုတ္လုပ္ၿပီး ၂.ဝလီတာကိုေတာ့ 1AZ. FSE နဲ႔ထုတ္လုပ္ကာ ဂီယာေလးခ်က္ ေအာ္တိုဂီယာစနစ္ ဂီယာခုနစ္ခ်က္ Super CVT-i စနစ္မ်ားနဲ႔ ထုတ္လုပ္ပါတယ္။ ဘီးႏွစ္ဖက္အက်ယ္ 2750mm (108.3 inch) အရွည္ 4560mm(179.5 inch) အ က်ယ္1695mm(66.7inch) အျမင့္ 1590mm (62.6 inch) အသီးသီးရွိပါတယ္။ ဦးေဆာင္ထုတ္လုပ္ခဲ့တဲ့အင္ဂ်င္နီယာကေတာ့ Mr.Takesh Yoshidea ျဖစ္ၿပီး ႊWish ရဲ႕ပထမ Generation ကို Tokyo Motor Show မွာ 2002 October မွာစတင္မိတ္ဆက္ခဲ့ၿပီး ဂ်ပန္ေဈးကြက္မွာေတာ့ ၂ဝဝ၃ ခုႏွစ္ January မွာစတင္ေရာင္းခ်ေပးခဲ့ပါတယ္။ ေရွ႕ဘီးယက္ 2wheels drive ကိုေတာ့ Codename ZNE 10G နဲ႔ ထုတ္လုပ္ၿပီး 4 wheels drive ကို ZNE 14G နဲ႔ ထုတ္လုပ္ထားပါတယ္။

Grade ေတြကေတာ့…

၁.၈ လီတာ အင္ဂ်င္တပ္ထား ရင္ ၄ မ်ိဳးေလာက္ ေတြ႕ရပါတယ္။ X / XE package / XS package / X areo sport ဆို ၿပီးေတာ့ပါ။ေဘာင္နံပါတ္ကေတာ့ ZNE10 နဲ႔ စပါလိမ့္မယ္။ေနာက္တစ္ခုက 2WD နဲ႔ 4WD ပါ။ ေရွ႕ယက္စနစ္မွာ ဘာမွ မေျပာေပမဲ့ ေလးဘီးလုံးေမာင္းရင္ေတာ့ 4WD ဆိုတာေလး ပါပါတယ္။ ေဘာင္နံပါတ္က ZNE14 ျဖစ္ပါလိမ့္မယ္။ ျမန္မာေတြအႀကိဳက္ကေတာ့ 2WD ပါ။ ဆီစားႏႈန္းသက္သာလို႔ပါ။၂.၀ လီတာ မွာေတာ့ ႏွစ္မ်ိဳး အဓိက ေတြ႕ရပါတယ္။ G grade နဲ႔ Z grade ပါ။ Z က ပိုျမင့္ပါတယ္။ ေဘာင္နံပါတ္ကေတာ့ ANE10 / ANE11 စသျဖင့္ ရွိပါတယ္။ NEO edition ဆိုတဲ့ တစ္မ်ိဳးလည္း ေတြ႕ဖူးပါတယ္။ G နဲ႔ X ေမာ္ဒယ္ေတြမွာပါ။

2003 model အင္ဂ်င္ 1.8L/ZZFE အင္ဂ်င္မွာ ျမင္းေကာင္ေရ 170mm (125lb/ft) four-wheel speed automatic ျဖစ္ၿပီး 2.0L မွာေတာ့ ေျခာက္ေယာက္စီးအတြက္ Codename ANE 11W နဲ႔ ခုနစ္ေယာက္စီးအတြက္ ANE 10G version မ်ိဳးကြဲႏွစ္မ်ိဳးကြဲပါေသးတယ္။ 2.0L မွာေတာ့ IAZ FSE Direct injection ျဖစ္ၿပီး ျမင္းေကာင္ေရ ၁၅၅ေကာင္ (114 kw)႐ုန္းအား 192Nm(142lb/ft) ရွိပါတယ္။ မ်ိဳးကြဲအေနနဲ႔ 2.0 D4 အင္ဂ်င္မ်ားကို CVT ဂီယာေဘာက္မ်ားနဲ႔ တြဲဖက္ထုတ္လုပ္ပါေသးတယ္။ Wish ဟာေဈးကြက္အတြင္း အခ်ိန္တိုကာလမွာပဲ Top 5 စာရင္းဝင္တဲ့အထိ ေအာင္ျမင္ခဲ့ၿပီး ၿပိဳင္ဘက္မ်ားကေတာ့ Honda Stream, Mazda Premacy နဲ႔ Mazada 5 တို႔ျဖင့္ၿပီး Thailand market မွာေတာ့ ၂ဝဝ၃ႏွစ္ကုန္ပိုင္းမွာ စတင္ထုတ္လုပ္ခဲ့ပါတယ္။ ထိုင္းေဈးကြက္ထုတ္ Wish မွာေတာ့ အင္ဂ်င္ 1AZ FE, wheel 17inch size, No privacy glass, Leather upholstery standard, 2 WD wheel drive, စတာေတြနဲ႔ကန႔္သတ္ထုတ္လုပ္ၿပီး ၂ဝဝ၄ ခုႏွစ္ ႏိုဝင္ဘာမွာထုတ္လုပ္ခဲ့ တဲ့Taiwan Market မွာေတာ့ D4 Technology အင္ဂ်င္အဆင့္ျမႇင့္ထားတဲ့LED ေနာက္မီး၊ Body color, packing censor စနစ္ dual moonroof, leather seat ေတြနဲ႔ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။

၂ဝဝ၅ခုႏွစ္မွာေတာ့ Wish ရဲ႕ေအာင္ျမင္မႈအရွိန္ဟာ ေဈးကြက္မွာပိုမိုျမင့္မားလာတာေၾကာင့္ အနည္းငယ္အ ဆင့္ျမႇင့္တင္ထားတဲ့ Wish ကိုထုတ္လုပ္ခဲ့ပါတယ္။ Headlight Bumpass LED taillight နဲ႔ Dashboard ေတြကို အဆင့္ျမႇင့္တင္ခဲ့တာေၾကာင့္ ဆီသုံးစြဲမႈကိုထိထိေရာက္ေရာက္ေလွ်ာ့ခ်ႏိုင္ခဲ့ပါတယ္။ 2005 model မွာ Wish ရဲ႕ ‘W’ သေကၤတအစုံကို အနည္းငယ္ေျပာင္းလဲခဲ့ၿပီး Electronic throttle control စနစ္ကိုလည္း ေျပာင္း လဲတပ္ဆင္ေပးခဲ့ပါတယ္။2007 mode မွာ ေတာ့ G-Book ေခၚတဲ့Telematics service ကိုဂ်ပန္မွာတပ္ဆင္ ေရာင္းခ်တဲ့ကားေတြမွာ ထည့္သြင္းေပးခဲ့ပါတယ္။2008 Wish model မွာေတာ့ စင္ကာပူေဈးကြက္မွာ အမ်ားအျပားတင္သြင္းခဲ့ၿပီးကားရဲ႕ Bodykit ငါးမ်ိဳး ေနာက္ LED break မီး၊ ေနာက္ကင္မရာ၊ ဘက္မွန္အခ်က္ျပမီး Flluminated Scuff plate, window muffler cutter စတဲ့ အဆင့္ျမႇင့္တင္မႈေတြျပဳလုပ္ခဲ့ပါတယ္။

 2015 Wish model

Wish ဒုတိယမ်ိဳးဆက္(၂ဝဝ၉)ရဲ႕ 2015 model မွာေတာ့ အတြင္းအျပင္ပိုင္းေတြမွာ ပိုမိုေကာင္းမြန္တဲ့အဆင့္ ျမႇင့္တင္မႈေတြျပဳလုပ္ခဲ့ၿပီး ခရီးသည္ရွစ္ဦးအထိ တင္ေဆာင္လာႏိုင္ေတာ့မွာျဖစ္ပါတယ္။ ပိုမိုသက္ေသာင့္သက္သာ ျဖစ္ေစမယ့္ထိုင္ခုံေတြ၊ ဝန္စည္စလယ္ေတြတင္ႏိုင္မယ့္က်ယ္ဝန္းတဲ့ Luggage space ၊ အဆင့္ျမင့္ေလေအးေပးစနစ္ နဲ႔သတင္းအခ်က္အလက္ေပးစနစ္မ်ား၊ ေဖ်ာ္ေျဖေရးစနစ္နဲ႔ DVD sound စနစ္ေတြအဆင့္ျမႇင့္တင္ေပးခဲ့ပါတယ္။

Dynamic stability control, Airbag ရွစ္လုံးဆီစားႏႈန္းဓာတ္ဆီတစ္လီတာ ၁၆ကီလိုမီတာျဖစ္ၿပီး 1800 CC ကို (Chassis ZGE 20G ၊ 2000 CCကို ZGE 22W 4WD) ေတြကိုေတာ့ ZGE25 W နဲ႔ထုတ္လုပ္ထားပါတယ္။ ျမန္မာျပည္မွာလူႀကိဳက္မ်ားတဲ့ Grade ေတြကေတာ့ ZGE 20 CX, S ဂရိတ္ ZGE 22, Z Grade) မ်ားပဲျဖစ္ပါ တယ္။ ZGE 20 မွာေတာ့ ဂရိတ္ခြဲ X, A, S ဆိုၿပီးခြဲပါေသးတယ္။ X ဂရိတ္ကေတာ့ ေရွ႕ Shell မွာနီကယ္မျဖစ္ Bumper Spoiler မပါတာ Fog Light မီးမပါတာ Push start မျဖစ္တာေတြရွိပါတယ္။ S Grade မွာေတာ့ေရွ႕ Shell နီကယ္၊ Bumper Spoilers, Fog Light မီးပါၿပီး Xenon headlight, Gear Daddle Shift 16” အလြိဳင္း Push Start ျဖစ္ပါၿပီ။ အျမင့္ဆုံးဂရိတ္ Z မွာေတာ့ အင္ဂ်င္ပါဝါ 2.0 L ZGE 22 နဲ႔ထုတ္လုပ္ၿပီး Overfender, 17” Original allay, Fog Light, Xenon Headlight, Push start, Cruise Control, Steptronic ဂီယာခုနစ္ ခ်က္အျပင္ Sport/Eco mode ခရီးသည္ေျခာက္ဦးစီေလွ်ာက္လမ္းပါပါတယ္။

သူကေတာ့ ၁.၈ လီတာ အင္ဂ်င္တပ္ရင္ grade 2 မ်ိဳးလာပါတယ္။ S and X Grade ေတြပါ။ ၂.၀ လီတာဆိုရင္ ႏွစ္မ်ိဳးလာပါတယ။ G and Z Grade ပါ။ ေဘာင္နံပါတ္ေတြက S and X – ZGE20 / ZGE25 (4WD)၊ G – ZGE21 ၊ Z – ZGE22 တို႔ျဖစ္ၾကပါတယ္။ မ်ားေသာအားျဖင့္ ၁.၈ လီတာေတြမွာ ဂီယာ ၄ ခ်က္ ေအာ္တို Transmission ျဖစ္ၿပီးေတာ့ ၂.၀ လီတာ အင္ဂ်င္ေတြမွာ CVT ဆိုတာကို သုံးပါတယ္။First generation မွာတပ္ဆင္တဲ့ အင္ဂ်င္ေတြကေတာ့ 1.8 L 1ZZ-FE , I4 , DOHC 16 Valve , 2.0 L 1AZ-FSE , I4 , VVT-i 16 valve တို႔ျဖစ္ၾကပါတယ္။

Second generation မွာတပ္ဆင္တဲ့ အင္ဂ်င္ေတြကေတာ့ 1.8 L 2ZR-FAE , I4 Dual VVT-i , 2.0 L 3ZR-FAE , I4 Valve Matic တို႔တပ္ဆင္ထားပါတယ္။ Engine ရဲ႕ စြမ္းအားေတြ ကြာသြားပါတယ္။ ဆီစားႏႈန္းေတြလဲ ကြာသြားပါတယ္။ ေနာက္ၿပီး ဂ်ပန္ေတြ ကိုယ္တိုင္ 4WD ကို မႀကိဳက္တာေတြ႕ရပါတယ္။ ၂၀၀၅ ေလာက္ကစၿပီး 4WD ေမာ္ဒယ္ အေတြ႕ရနည္းသြားပါတယ္။

Post a Comment

0 Comments