Ads

header ads

TOYOTA VANGUARD အကြောင်း

Unicode

TOYOTA VANGUARD အကြောင်း
2007-2013

CRD:JOCA

TOYOTA ကနေ SUV အနေနဲ့ ကားတစ်စီး ကို အောင် အောင် မြင်မြင် ထုတ်လုပ်ထားတာရှိပါတယ် ။ TOYOTA RAV4 ပါ ယခုလက်ရှိတိုင်
ထုတ်လုပ်နေဆဲပါ။ RAV4 ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ပေါ်မှာ အနည်းငယ်သာပြောင်းလဲသွားတာပါ။ RAV 4 ကတော့ ထုတ်လုပ်လာတာ ၁၉၉၄ ခုနှစ်ကထဲကဆိုတော့ အခုဆို မျိုးဆက် ၄ ဆက်လောက်ရှိနေပါပြီ။ VANGUARDကို ထုတ်လုပ် တာကတော့ တတိယမျိုးဆက်နဲ့ မှ တူတယ်လို့ ပြောလို့ရပါတယ် ။ အပြင်ပန်းအနည်းငယ်ကွာခြားသွားပြီး အတွင်ခန်းမှာတော့ဒက်ဘုတ်တွေ အဲယားကွန်း တည်နေရာတွေ က အားလုံးတူညီနေပြီ ထိုင်ခုံပုံစံသာအနည်းငယ်ကွာခြားသွားတာပါ။ အများဆုံးသိသာတာကတော့ ၅ယောက်စီး နဲ့ ခုနှစ်ယောက်စီးပါပဲ RAV4 မှာတော့ ၅ ယောက်စီးတစ်မျိုးတည်းပဲတွေ့နိုင်ပြီးတော့ VANGUARD မှာတော့ ၅ ယောက်စီးရော ၇ ယောက်စီးပါ ရွေးချယ်နိုင်ပါတယ်။

RAV4 တတိယမျိုးဆက်ကို ၂၀၀၅ မှာ ထုတ်လုပ်ခဲ့ပေမယ့် VANGUARD ကိုတော့ ၂၀၀၇ မှသာ စတင်ထုတ်လုပ်ခဲ့တာပါ။ ထူခြားတာကတော့ မော်ဒယ်တစ်မျိုးသာထုတ်လုပ်ခဲ့တာပါ။ ၂၀၁၃ခုနှစ် နိုဝင်ဘာလထိသာထုတ်လုပ်ခဲ့တာကိုတွေ့နိုင်မှာပါ။ ဂရိတ်အနည်းငယ်ထုတ်လုပ်ပြောင်းလဲရုံက လွဲပြီး ကြီးကြီးမားမားပြောင်း
လဲတာကိုတွေ့ရမှာမဟုတ်ပါဘူး။ တိုယိုတာကတော့ VANGUARD ကို အဆင့်မြင့်တဲ့ အလယ်အလတ် SUV တစ်စီးလို့ ရည်ညွန်းထားပါတယ်။ အလယ်အလတ် SUV ဖြစ်သလို သုံးစွဲပေးထားတာကားဝယ်ယူသူကို ကျေနပ်စေလောက်မှာပါ။ 1815mm ရှိတဲ့ WIDE BODY ဖြစ်လို့ ကျယ်ကျယ်ဝန်းဝန်းနဲ့ ထိုင်နိုင်မှာပါ။ VANGUARD
က အရှည်4570mm အကျယ်1815mm အမြင့် 1690mm ရှိပါတယ်။ RAV4 ကတော့ အရှည်4335mm အကျယ် 1855mm အမြင့် 1685mmရှိပါတယ်။

VANGUARD ကို ၂၀၀၇ မှာတော့ 4WD တစ်မျိုးတည်းသာထုတ်လုပ်ထားပြီးတော့ ၂၀၀၈ မော်ဒယ်မှသာ 2WD အနေနဲ့ ရောထုတ်လုပ်ထားတာပါ။ ဂရိတ်တွေ
အနေနဲ့ကတော့ 240S, 240S-S PKG, 240S-G PKG , 350S , 350S-G PKG ဆိုပြီးခွဲခြားပေးထားမှာပါ။ 240S ကတော့ ပုံမှန် ဘေ့စ် ဂရိတ်ဖြစ်ပြီးတော့ SMART KEY
PUSH START , CRUISE CONTROL စတဲ့ စနစ်တွေကတော့ ပါဝင်လာမှာပါ။ အတွင်းခန်း အနက်ရောင် အသားရောင် နှစ်မျိုးရွေးချယ်နိုင်ပြီးတော့ စတီယာရင်ကိုလဲ ကြိုးချုပ်
နဲ့ ပဲ ထည့်သွင်းပေးထားပါတယ်။ အတွင်းခန်း မှာ နောက်ထပ် ထပ်ထည့်ပေးထားတာလေး ရှိပါသေးတယ် ION CLEAN စနစ်ပါ လေထု တွေကို သန့်ရှင်းပေးပြီးအနံဆိုးတွေကို
ဖျောက်ပေးနိုင်ပါတယ်။ ဒါကတော့ ၂၀၀၇ ကနေ ထုတ်လုပ်တဲ့ ကားဂရိတ်အားလုံးမှာပါဝင်တာပါ။ 240S-S PKG ကတော့ ထူးခြားစွာပါလာတာကတော့ PADDLE SHIFT ပါ ။
နောက်ပြီး S-S PKG ကို ၂၀၁၀ မှ သာ ထည့်သွင်းပေးထားတာပါ။ အတွင်းခန်းကတော့ အများကြီးမကွာသွားပေမယ့် အပြင်ပန်းကိုတော့ မီးလုံးတွေ ပြောင်းလဲ ပေးထားတာကိုတွေ့
ရမှာပါ။ နောက်တစ်ခု 240S-G PKG ပါ ၂၄၀၀စီစီ နဲ့ တိုယိုတာဂရိတ်တွေထဲမှာတော့ အမြင့်ဆုံးပြောလို့ရပါတယ်။ LEATHER တဝက်နဲ့လာသလို LEATHER အပြည့်နဲ့ လဲထုတ်ပေး
ထားပါတယ်။ ၂၀၀၇ ကနေ ၂၀၀၉ ထိကိုတော့ PADDLE SHIFT မပါဝင်လာပဲ ၂၀၁၀ နောက်ပိုင်းမှသာပါဝင်လာမှာပါ။ ရှေ့ ထိုင် ခုံ နှစ်လုံးကို SEAT MOTOR နဲ့ထုတ်ပေးထားပြီး
ထိုင်ခုံအပူပေးစနစ်အပြင် STEERING VOLUME CONTROL , BLUETOOTH စနစ်တွေ ထည့်ပေးထားပါတယ်။350S ကတော့ အင်ဂျင်ကို V6 နဲ့ တွဲပေးထားပြီးအော်တိုဂီယာ ၅ ချက်
ကိုတပ်ဆင်ပေးထားပြီး အတွင်းခန်း အနေနဲ့ကတော့ 240S နဲ့ သိပ်မကွာပဲ ထည့်သွင်းပေးထားပါတယ်။ 350S-G PKG ကတော့ အတွင်းခန်း LEATHER အပြည့်နဲ့ ထိုင်ခုံအပူပေးစနစ်တွေ
SMART KEY PUSH START , STEERING CONTROL , SEAT MOTOR တွေသာပါဝင်မှာပါ။ ဂရိတ်အားလုံးကို ၅ ယော်ကစီး ၇ယောက်စီး ရွေးချယ်နိုင်သလို 2WD, 4WD လဲ ရွေးချယ်နိုင်
ပါတယ်။
VANUGARD ရဲ့ အင်ဂျင်တွေကို 2.4L နဲ့ 3.5 L နှစ်မျိုးထုတ်ပေးထားပါတယ်။ 240S ကတော့ ၂၄၀၀စီစီ 2AZ-FE အင်ဂျင်နဲ့ ထုတ်ပေးထားပြီး မြင်းကောင်ရေ 170PS ထွက်ရှိပါတယ်။
ဆီစားနှုန်း အနေနဲ့ကတော့ ပျမ်းမျှ ဓာတ်ဆီ ၁ လီတာကို 13.2KM/L မောင်းနှင်နိုင်မှာပါ။ 350S ကတော့ ၃၅၀၀စီစီ 2GR-FE V6 အင်ဂျင်နဲ့ ထုတ်ပေးထားပြီး မြင်းကောင်ရေ 280PS ထိ
ထွက်ရှိမှာပါ။ ဆီစားနှုန်းအနေနဲ့ကတော့ ၁ လီတာကို ပျမ်းမျှ 9.6KM/Lသာမောင်းနှင်နိုင်မှာပါ။

VANGUARD ရဲ့ အားသာချက်ကတော့ ကားကို ထိန်းချုပ်ရလွယ်ကူပါတယ်။ နောက်ပြီး ကားတစ်စီးကို မောင်းမယ် ဆိုရင် ကျင့်သားရဖို့ တော်တေ်ာခက်ပေမယ့် VANGUARD က
တော့ ထိန်းချုပ်ရလွယ်တဲ့ SUV တစ်စီး ဖြစ်လို့ လွယ်လွယ်နဲ့ ကျင့်သား ရသွားပါလိမ့်မယ်။ 240S ရဲ့ တာယာတွေကို 225/65R 17လက်မ တာယာအလွိုင်းတွေနဲ့ တပ်ဆင်ပေးထားပြီး
350S ရဲ့ တာယာကို 235/55R 18 လက်မ ဆိုဒ်တွေတပ်ဆင်ပေးထားလို့ ဟိုင်းဝေးလမ်းမတွေမှာမောင်းလို့ ကောင်းတဲ့ SUV တစ်စီးဖြစ်မှာပါ။ ကားရဲ့ အောင် ပိုင်းနဲ့ မြေပြင်အမြင့်ကလဲ
1690mm ထိ လွတ်ကင်းလို့ လမ်းမကောင်းတဲ့ နေရာတွေမှာလဲ လွတ်လွတ်ကင်းကင်းသွားလာနိုင်မှာပါ။
အားနည်းချက်ကတော့ ၇ ယောက်စီး မယ်ဆို ရင် နောက် ပိုင်းပစ္စည်းတင်လို့ မရပါဘူး။ ဒါကတော့ ခုနှစ်ယောက်စီးကားအားလုံးတူတူပဲလို့ ပြောကြမယ်ထင်ပါတယ်။ အောက်ပိုင်း အနည်း
ငယ်ပျော့တယ်လို့ ပြောလို့ ရပြီး TOYOTA ရဲ့ ပြန်ခေါ်ပြီးပြင်ဆင်ရတဲ့ ကားထဲမှာ လဲ ပါဝင်ထားတဲ့ ကားအမျိုးအစားတစ်စီးဖြစ်နေပါသေးတယ်။

CRD: (JAPAN ONLINE CAR AUCTION)



Zawgyi

TOYOTA VANGUARD အေၾကာင္း
2007-2013

CRD:JOCA

TOYOTA ကေန SUV အေနနဲ႔ ကားတစ္စီး ကို ေအာင္ ေအာင္ ျမင္ျမင္ ထုတ္လုပ္ထားတာရွိပါတယ္ ။ TOYOTA RAV4 ပါ ယခုလက္ရွိတိုင္
ထုတ္လုပ္ေနဆဲပါ။ RAV4 ကို အေျခခံၿပီးထုတ္လုပ္ထားတဲ့ေပၚမွာ အနည္းငယ္သာေျပာင္းလဲသြားတာပါ။ RAV 4 ကေတာ့ ထုတ္လုပ္လာတာ ၁၉၉၄ ခုႏွစ္ကထဲကဆိုေတာ့ အခုဆို မ်ိဳးဆက္ ၄ ဆက္ေလာက္ရွိေနပါၿပီ။ VANGUARDကို ထုတ္လုပ္ တာကေတာ့ တတိယမ်ိဳးဆက္နဲ႔ မွ တူတယ္လို႔ ေျပာလို႔ရပါတယ္ ။ အျပင္ပန္းအနည္းငယ္ကြာျခားသြားၿပီး အတြင္ခန္းမွာေတာ့ဒက္ဘုတ္ေတြ အဲယားကြန္း တည္ေနရာေတြ က အားလုံးတူညီေနၿပီ ထိုင္ခုံပုံစံသာအနည္းငယ္ကြာျခားသြားတာပါ။ အမ်ားဆုံးသိသာတာကေတာ့ ၅ေယာက္စီး နဲ႔ ခုႏွစ္ေယာက္စီးပါပဲ RAV4 မွာေတာ့ ၅ ေယာက္စီးတစ္မ်ိဳးတည္းပဲေတြ႕ႏိုင္ၿပီးေတာ့ VANGUARD မွာေတာ့ ၅ ေယာက္စီးေရာ ၇ ေယာက္စီးပါ ေ႐ြးခ်ယ္ႏိုင္ပါတယ္။

RAV4 တတိယမ်ိဳးဆက္ကို ၂၀၀၅ မွာ ထုတ္လုပ္ခဲ့ေပမယ့္ VANGUARD ကိုေတာ့ ၂၀၀၇ မွသာ စတင္ထုတ္လုပ္ခဲ့တာပါ။ ထူျခားတာကေတာ့ ေမာ္ဒယ္တစ္မ်ိဳးသာထုတ္လုပ္ခဲ့တာပါ။ ၂၀၁၃ခုႏွစ္ ႏိုဝင္ဘာလထိသာထုတ္လုပ္ခဲ့တာကိုေတြ႕ႏိုင္မွာပါ။ ဂရိတ္အနည္းငယ္ထုတ္လုပ္ေျပာင္းလဲ႐ုံက လြဲၿပီး ႀကီးႀကီးမားမားေျပာင္း
လဲတာကိုေတြ႕ရမွာမဟုတ္ပါဘူး။ တိုယိုတာကေတာ့ VANGUARD ကို အဆင့္ျမင့္တဲ့ အလယ္အလတ္ SUV တစ္စီးလို႔ ရည္ၫြန္းထားပါတယ္။ အလယ္အလတ္ SUV ျဖစ္သလို သုံးစြဲေပးထားတာကားဝယ္ယူသူကို ေက်နပ္ေစေလာက္မွာပါ။ 1815mm ရွိတဲ့ WIDE BODY ျဖစ္လို႔ က်ယ္က်ယ္ဝန္းဝန္းနဲ႔ ထိုင္ႏိုင္မွာပါ။ VANGUARD
က အရွည္4570mm အက်ယ္1815mm အျမင့္ 1690mm ရွိပါတယ္။ RAV4 ကေတာ့ အရွည္4335mm အက်ယ္ 1855mm အျမင့္ 1685mmရွိပါတယ္။

VANGUARD ကို ၂၀၀၇ မွာေတာ့ 4WD တစ္မ်ိဳးတည္းသာထုတ္လုပ္ထားၿပီးေတာ့ ၂၀၀၈ ေမာ္ဒယ္မွသာ 2WD အေနနဲ႔ ေရာထုတ္လုပ္ထားတာပါ။ ဂရိတ္ေတြ
အေနနဲ႔ကေတာ့ 240S, 240S-S PKG, 240S-G PKG , 350S , 350S-G PKG ဆိုၿပီးခြဲျခားေပးထားမွာပါ။ 240S ကေတာ့ ပုံမွန္ ေဘ့စ္ ဂရိတ္ျဖစ္ၿပီးေတာ့ SMART KEY
PUSH START , CRUISE CONTROL စတဲ့ စနစ္ေတြကေတာ့ ပါဝင္လာမွာပါ။ အတြင္းခန္း အနက္ေရာင္ အသားေရာင္ ႏွစ္မ်ိဳးေ႐ြးခ်ယ္ႏိုင္ၿပီးေတာ့ စတီယာရင္ကိုလဲ ႀကိဳးခ်ဳပ္
နဲ႔ ပဲ ထည့္သြင္းေပးထားပါတယ္။ အတြင္းခန္း မွာ ေနာက္ထပ္ ထပ္ထည့္ေပးထားတာေလး ရွိပါေသးတယ္ ION CLEAN စနစ္ပါ ေလထု ေတြကို သန႔္ရွင္းေပးၿပီးအနံဆိုးေတြကို
ေဖ်ာက္ေပးႏိုင္ပါတယ္။ ဒါကေတာ့ ၂၀၀၇ ကေန ထုတ္လုပ္တဲ့ ကားဂရိတ္အားလုံးမွာပါဝင္တာပါ။ 240S-S PKG ကေတာ့ ထူးျခားစြာပါလာတာကေတာ့ PADDLE SHIFT ပါ ။
ေနာက္ၿပီး S-S PKG ကို ၂၀၁၀ မွ သာ ထည့္သြင္းေပးထားတာပါ။ အတြင္းခန္းကေတာ့ အမ်ားႀကီးမကြာသြားေပမယ့္ အျပင္ပန္းကိုေတာ့ မီးလုံးေတြ ေျပာင္းလဲ ေပးထားတာကိုေတြ႕
ရမွာပါ။ ေနာက္တစ္ခု 240S-G PKG ပါ ၂၄၀၀စီစီ နဲ႔ တိုယိုတာဂရိတ္ေတြထဲမွာေတာ့ အျမင့္ဆုံးေျပာလို႔ရပါတယ္။ LEATHER တဝက္နဲ႔လာသလို LEATHER အျပည့္နဲ႔ လဲထုတ္ေပး
ထားပါတယ္။ ၂၀၀၇ ကေန ၂၀၀၉ ထိကိုေတာ့ PADDLE SHIFT မပါဝင္လာပဲ ၂၀၁၀ ေနာက္ပိုင္းမွသာပါဝင္လာမွာပါ။ ေရွ႕ ထိုင္ ခုံ ႏွစ္လုံးကို SEAT MOTOR နဲ႔ထုတ္ေပးထားၿပီး
ထိုင္ခုံအပူေပးစနစ္အျပင္ STEERING VOLUME CONTROL , BLUETOOTH စနစ္ေတြ ထည့္ေပးထားပါတယ္။350S ကေတာ့ အင္ဂ်င္ကို V6 နဲ႔ တြဲေပးထားၿပီးေအာ္တိုဂီယာ ၅ ခ်က္
ကိုတပ္ဆင္ေပးထားၿပီး အတြင္းခန္း အေနနဲ႔ကေတာ့ 240S နဲ႔ သိပ္မကြာပဲ ထည့္သြင္းေပးထားပါတယ္။ 350S-G PKG ကေတာ့ အတြင္းခန္း LEATHER အျပည့္နဲ႔ ထိုင္ခုံအပူေပးစနစ္ေတြ
SMART KEY PUSH START , STEERING CONTROL , SEAT MOTOR ေတြသာပါဝင္မွာပါ။ ဂရိတ္အားလုံးကို ၅ ေယာ္ကစီး ၇ေယာက္စီး ေ႐ြးခ်ယ္ႏိုင္သလို 2WD, 4WD လဲ ေ႐ြးခ်ယ္ႏိုင္
ပါတယ္။
VANUGARD ရဲ႕ အင္ဂ်င္ေတြကို 2.4L နဲ႔ 3.5 L ႏွစ္မ်ိဳးထုတ္ေပးထားပါတယ္။ 240S ကေတာ့ ၂၄၀၀စီစီ 2AZ-FE အင္ဂ်င္နဲ႔ ထုတ္ေပးထားၿပီး ျမင္းေကာင္ေရ 170PS ထြက္ရွိပါတယ္။
ဆီစားႏႈန္း အေနနဲ႔ကေတာ့ ပ်မ္းမွ် ဓာတ္ဆီ ၁ လီတာကို 13.2KM/L ေမာင္းႏွင္ႏိုင္မွာပါ။ 350S ကေတာ့ ၃၅၀၀စီစီ 2GR-FE V6 အင္ဂ်င္နဲ႔ ထုတ္ေပးထားၿပီး ျမင္းေကာင္ေရ 280PS ထိ
ထြက္ရွိမွာပါ။ ဆီစားႏႈန္းအေနနဲ႔ကေတာ့ ၁ လီတာကို ပ်မ္းမွ် 9.6KM/Lသာေမာင္းႏွင္ႏိုင္မွာပါ။

VANGUARD ရဲ႕ အားသာခ်က္ကေတာ့ ကားကို ထိန္းခ်ဳပ္ရလြယ္ကူပါတယ္။ ေနာက္ၿပီး ကားတစ္စီးကို ေမာင္းမယ္ ဆိုရင္ က်င့္သားရဖို႔ ေတာ္ေတ္ာခက္ေပမယ့္ VANGUARD က
ေတာ့ ထိန္းခ်ဳပ္ရလြယ္တဲ့ SUV တစ္စီး ျဖစ္လို႔ လြယ္လြယ္နဲ႔ က်င့္သား ရသြားပါလိမ့္မယ္။ 240S ရဲ႕ တာယာေတြကို 225/65R 17လက္မ တာယာအလြိဳင္းေတြနဲ႔ တပ္ဆင္ေပးထားၿပီး
350S ရဲ႕ တာယာကို 235/55R 18 လက္မ ဆိုဒ္ေတြတပ္ဆင္ေပးထားလို႔ ဟိုင္းေဝးလမ္းမေတြမွာေမာင္းလို႔ ေကာင္းတဲ့ SUV တစ္စီးျဖစ္မွာပါ။ ကားရဲ႕ ေအာင္ ပိုင္းနဲ႔ ေျမျပင္အျမင့္ကလဲ
1690mm ထိ လြတ္ကင္းလို႔ လမ္းမေကာင္းတဲ့ ေနရာေတြမွာလဲ လြတ္လြတ္ကင္းကင္းသြားလာႏိုင္မွာပါ။
အားနည္းခ်က္ကေတာ့ ၇ ေယာက္စီး မယ္ဆို ရင္ ေနာက္ ပိုင္းပစၥည္းတင္လို႔ မရပါဘူး။ ဒါကေတာ့ ခုႏွစ္ေယာက္စီးကားအားလုံးတူတူပဲလို႔ ေျပာၾကမယ္ထင္ပါတယ္။ ေအာက္ပိုင္း အနည္း
ငယ္ေပ်ာ့တယ္လို႔ ေျပာလို႔ ရၿပီး TOYOTA ရဲ႕ ျပန္ေခၚၿပီးျပင္ဆင္ရတဲ့ ကားထဲမွာ လဲ ပါဝင္ထားတဲ့ ကားအမ်ိဳးအစားတစ္စီးျဖစ္ေနပါေသးတယ္။

CRD: (JAPAN ONLINE CAR AUCTION)


Post a Comment

0 Comments