Ads

header ads

Toyota RAV4 အကြောင်း

Unicode

Compact SUV စျေးကွက်ရဲ့ သက်တမ်းရင့် မော်ဒယ် Toyota RAV-4 အကြောင်း
သိကောင်းစရာ

Credit -JPM

RAV-4 ဆိုတာ LUV ( Luxury Utility Vehicle ) လို့ခေါ်နိုင်တဲ့ မော်ဒယ်မျိုးပါ။ ဒီနေ့မှာတော့ ကျွန်တော်တို့ က RAV-4 အကြောင်း မိတ်ဆက်ပေးလိုပါတယ်။

ဂျပန် အခြေစိုက် Toyota ရဲ့ မော်ဒယ် ဖြစ်ပြီးတော့ ၁၉၉၄ ခုနှစ်ကနေ စတင် ထုတ်လုပ်ခဲ့တာကြောင့် သက်တမ်း အနေအထားအရ တော်တော်လေး ကြာနေတဲ့ မော်ဒယ်ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ် နဲ့ နောက်ပိုင်း ထုတ်လုပ်လာ တဲ့ မော်ဒယ်တွေကိုတော့ Compact SUV လို့ပဲ ခေါ်ပြီး အင်ဂျင် အရှေ့ဘက် ထိုင်စနစ်နဲ့ မော်ဒယ်ကို ထုတ်လုပ်ထားတာ တွေ့နိုင်ပါတယ်။ ရုန်းအားယူ စနစ်မှာတော့ ရှေ့ဘီးယက်စနစ်နဲ့လည်း ထုတ်လုပ်တာ တွေ့ရသလိုလေးဘီးယက်စနစ်နဲ့လည်း ထုတ်လုပ်တာ တွေ့နိုင်ပါတယ်။

မော်ဒယ်အနေနဲ့ မှတ်တမ်း၀င်မှု အနေအထားမှာတော့ ဂျပန်ထုတ် ပထမဆုံး Compact SUV မော်ဒယ် အနေနဲ့ ဂျပန်မှာရော ဥရောပမှာပါ မိတ်ဆက်နိုင် ခဲ့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဥရောပမှာတော့ ၁၉၉၄ခုနှစ်မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာတော့ မြောက်အမေရိကစျေးကွက်မှာ မိတ်ဆက်ခဲ့တာ တွေ့ရပါတယ်။ Compact SUV စျေးကွက်ကို အစောဆုံး ထိုးဖောက်ရောင်းချတဲ့ မော်ဒယ်ဖြစ်တာကြောင့် နေရာရပြီး လူကြိုက်များ သွားတာလည်း ဖြစ်နိုင်ပါတယ်။

ဒီဇိုင်းပိုင်း တည်ဆောက်မှုက SUV တစ်စီးမှာ ရှိရမယ့် အချက်တွေကို အားသာချက်အနေနဲ့ ပြည့်စုံအောင် ဖန်တီးထားတဲ့ အချက်ကတော့ အားရစရာပါ။ အဆိုပါ အားသာချက်တွေကတော့ အတွင်းခန်း ကျယ်၀န်း
အောင် ဖန်တီးတည်ဆောက်ထားမှု၊ ယာဉ်မောင်းအနေနဲ့ ရှေ့မြင်ကွင်းကို အမြင့် အနေအထားကနေ မြင်နိုင်အောင် ဖန်တီး တည်ဆောက်ထားမှုတွေ အပါအ၀င် လေးဘီးယက်စနစ်နဲ့လည်း ရွေးချယ်နိုင်အောင် ဖန်တီး ထုတ်လုပ် ထား ရှိမှုတွေ အပြင် ဆီစားနှုန်း သက်သာစွာနဲ့ လမ်းကြမ်းပိုင်း မောင်းနှင်နိုင် မှုတွေ ကောင်းမွန်တယ်ဆိုတဲ့ အားသာချက်တွေ ဖြစ်ပါတယ်။

ပထမ မျိုးဆက် (XA10)
--------------------------

အခု မျိုးဆက်ကိုတော့ ပထမ မျိုးဆက်လို့ ဆိုတာထက် XA10 လို့ လူသိ များပါတယ်။ ဒါ့အပြင် RAV4 EV လို့လည်း ခေါ်ကြသလို ၁၉၉၄ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ RAV4 နဲ့ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ RAV4 EV မော်ဒယ်တွေကို ခေါ်တာ
ဖြစ်ပါတယ်။ မော်ဒယ် နှစ်အနေနဲ့ကတော့ ၁၉၉၅ ခုနှစ် မော်ဒယ် အနေနဲ့ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ ၂၀၀၀ ခုနှစ် မော်ဒယ်ထိအောင် ထုတ်လုပ်ခဲ့တာ တွေ့ရပါတယ်။

ဂျပန်နိုင်ငံမှာ ရှိတဲ့ စက်ရုံတွေမှာပဲ တပ်ဆင် ထုတ်လုပ်တာ ဖြစ်ပြီးတော့ အဆိုပါ မျိုးဆက်မှာ ဆိုရင် တံခါးသုံးပေါက်စနစ် Wagon ပုံစံနဲ့ တံခါး ငါးပေါက်စနစ် Wagon တွေလည်း ထုတ်လုပ်တာ တွေ့ရသလို တံခါးသုံး
ပေါက်စနစ် အမိုးဖွင့် မော်ဒယ်တွေ အနေနဲ့လည်း ထုတ်လုပ်သေးတာ
တွေ့နိုင်ပါတယ်။ ဒီမျိုးဆက်မှာတော့ ၂.၀လီတာသုံး ဓါတ်ဆီသုံး အင်ဂျင်စနစ်တွေကိုပဲ တပ်ဆင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပြီး Transmission ပိုင်းမှာက လေးချက် Auto နဲ့ ငါးချက် Manual စနစ်တွေနဲ့ တပ်ဆင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။


ဒုတိယမျိုးဆက် (XA20)
--------------------------

အခု မျိုးဆက်ကတော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ထိအောင် ထုတ်လုပ် ခဲ့တဲ့ မော်ဒယ်တွေကို သတ်မှတ်တာဖြစ်ပြီး Toyota RAV-4 J အနေနဲ့ရော RAV-4 L အနေနဲ့ပါ လူသိများပါတယ်။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀၀၁ ခုနှစ် မော်ဒယ် အနေနဲ့ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ၂၀၀၅ ခုနှစ်
မော်ဒယ်ထိအောင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။

ဒီမော်ဒယ် မျိုးဆက်ကိုလည်း ဂျပန်မှာပဲ ထုတ်လုပ်တာ ဖြစ်တာကြောင့် အရည်အသွေးပိုင်းမှာ လက်ခွဲနိုင်ငံထုတ် မော်ဒယ်တွေထက် ကောင်း မွန်တာလည်း ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းမှာက တံခါးသုံးပေါက် စနစ် Wagon အဖြစ်နဲ့ရော တံခါးငါးပေါက်စနစ် Wagon အဖြစ်နဲ့ပါ ထုတ်လုပ်ခဲ့ပြီး အမိုးဖွင့် မော်ဒယ်ကို ရပ်နားလိုက်တာ တွေ့ရပါတယ်။

အင်ဂျင်ပိုင်းမှာတော့ ရွေးချယ်နိုင်စရာ များလာပြီး ၁.၈ လီတာသုံး အင်ဂျင်တွေ ထုတ်လုပ်လာတဲ့ အပြင် ၂.၀ လီတာသုံးကနေ ၂.၄ လီတာသုံးထိအောင် ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ Transmission ပိုင်းမှာလည်း ငါးချက် Manual စနစ်နဲ့ လေးချက် Auto တွေကိုပဲ ထုတ်လုပ်တာ တွေ့ရဆဲပါ။

တတိယမျိုးဆက် (XA30)
----------------------------

အခုမော်ဒယ်ကိုတော့ ဂျပန်မှာ Toyota Vanguard လို့ လူသိများပြီးတော့ ၂၀၀၅ ခုနှစ် နို၀င်ဘာလမှာ စတင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ကနေ ၂၀၁၂ ခုနှစ် ဒီဇင်ဘာထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေကို ပြောတာပါ။ ဒါပေမယ့် အဆိုပါ တတိယ မျိုးဆက်က ဂျပန်ကနေ ပြည်ပကို ပို့တဲ့
မော်ဒယ်တွေကိုပဲ ဖြစ်ပြီးတော့ ဂျပန်မှာတော့ တတိယမျိုးဆက်ကိုပဲ လက်ရှိအချိန်ထိအောင် ထုတ်လုပ်ရောင်းချနေတာ တွေ့ရဆဲပါ။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိအောင် ထုတ်လုပ် တဲ့ မော်ဒယ်တွေကို ပြောတာ ဖြစ်ပြီးတော့ ဂျပန်က စက်ရုံနှစ်ရုံ အပြင် ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာပါ ထုတ်လုပ်ပါတယ်။ ထုတ်လုပ်တဲ့ နိုင်ငံအလိုက် အရည်အသွေးပိုင်းမှာ အနည်းငယ်ကွဲလာတာ တွေ့ရတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီမျိုးဆက်မှာတော့ တံခါးငါးပေါက်စနစ် Wagon အဖြစ်နဲ့ပဲ ထုတ်လုပ်တော့ တာ တွေ့ရပြီး တည်ဆောက်မှု ပုံစံ အသစ်ဖြစ်လာသလို Toyota New MC Platform နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အခု မော်ဒယ်မှာတော့ အင်ဂျင်ပိုင်းမှာ ၂.၀လီတာသုံးကနေ ၃.၅လီတာသုံးထိအောင် အင်ဂျင် အမျိုးအစား ၈မျိုးထိအောင် ရွေးချယ်နိုင်ဖို့ ထုတ်လုပ်လာတာ တွေ့ရသလို Transmission ပိုင်းမှာလည်း ၆ ချက်နဲ့ ၅ ချက် Manual စနစ်တွေကို ထုတ်လုပ်လာသလို ၄ချက်၊ ၆ချက်နဲ့ ၅ချက် Auto စနစ်တွေကိုလည်း ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။

စတုတ္ထမျိုးဆက် (XA40)
---------------------------

စတုတ္ထမျိုးဆက်ကတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၈ အထိ ထုတ်လုပ်နေတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။ မော်ဒယ် နှစ်အနေနဲ့ကတော့ ၂၀၁၃ခုနှစ်ကနေ ၂၀၁၈ အထိ ထုတ်လုပ်နေတာ ဖြစ်ပြီးတော့ ဂျပန်၊ ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာပဲ ထုတ်လုပ်တာ တွေ့ရပါတယ်။ ဒီမျိုးဆက်မှာတော့ ထူးခြားတာက ၃.၅ L Engine V6 ကို ဆက်မသုံးတော့တာပါပဲ ၊ Camery - Lexus model တွေမှာ V6 ကို ၂၀၁၈ အထိ သုံးပေမယ့် RAV4 မှာတော့ ၂၀၁၃ model အထိပဲ V6 ကို သုံးပါတယ်။

တံခါးငါးပေါက်စနစ် Wagon လို့ ခေါ်ရမယ့် SUV တွေ အဖြစ်နဲ့ပဲ ဆက်လက် ထုတ်လုပ်နေတာ တွေ့နိုင်သလို ၂.၀လီတာ၊ ၂.၂လီတာနဲ့ ၂.၅လီတာသုံး ဒီဇယ်နဲ့ ဓါတ်ဆီအင်ဂျင်တွေ အဖြစ်နဲ့ ထုတ်လုပ်လာတာ တွေ့နိုင်သလို Transmission ပိုင်းမှာတော့ ပြန်လည် လျော့ချပြီး ၆ချက် Auto နဲ့ Manual စနစ်တွေနဲ့ ထုတ်လုပ်သလို ထူးခြားချက် အနေနဲ့ကတော့ အခု နောက်ပိုင်း
ခေတ်စားနေတဲ့ စနစ် ဖြစ်တဲ့ CVT စနစ်ကိုပါ ထုတ်လုပ်လာတာ တွေ့နိုင် ပါတယ်။

လက်ရှိမှာတော့ RAV4 အနေနဲ့ ဥရောပစျေးကွက်နဲ့ အမေရိက
စျေးကွက်တွေမှာ လူကြိုက်များနေတာ တွေ့နိုင်ပြီး အမေရိကန် စျေးကွက် တစ်ခုတည်းမှာတင် ၂၀၁၄ခုနှစ်က အစီးရေ ၂၆၇ ၆၉၈ စီးထိအောင်
ရောင်းချထားရတာ တွေ့ရပါတယ်။

နောက်ဆုံးမျိုးဆက် XA50
Fifth generation (XA50; 2018)
၂၀၁၈ နစ်ကုန်ပိုင်း ၂၀၁၉ model အနေနဲ့ စရောင်းပါတယ်၊ Engine ကတော့ ၂.၀ -၂.၅ ဓာတ်ဆီအင်ဂျင် နှင့် ၂.၅ ကို Hybrid System နဲ အတူ ထုတ်ပါတယ်၊ ၆-Speed manual နှင့် ၈-Speed Automatic နှင့် ထုတ်ထားပါတယ် ၊

ထူးခြားချက်ကတော့ ၂၀၁၉ မှာတုန်းက Safety test မအောင်ပဲ Software update လုပ်ပြီးမှ ၂၀၂၀ ဇန်နဝါရီ မှပဲ Safety Test အောင် ပါတယ်။

Crt - JPM


Zawgyi

Compact SUV ေစ်းကြက္ရဲ႕ သက္တမ္းရင့္ ေမာ္ဒယ္ Toyota RAV-4 အေၾကာင္း
သိေကာင္းစရာ
---------------------------------------------------
Credit -JPM

RAV-4 ဆိုတာ LUV ( Luxury Utility Vehicle ) လို႔ေခၚႏိုင္တဲ့ ေမာ္ဒယ္မ်ိဳးပါ။ ဒီေန႔မွာေတာ့ ကြၽန္ေတာ္တို႔ က RAV-4 အေၾကာင္း မိတ္ဆက္ေပးလိုပါတယ္။

ဂ်ပန္ အေျခစိုက္ Toyota ရဲ႕ ေမာ္ဒယ္ ျဖစ္ၿပီးေတာ့ ၁၉၉၄ ခုႏွစ္ကေန စတင္ ထုတ္လုပ္ခဲ့တာေၾကာင့္ သက္တမ္း အေနအထားအရ ေတာ္ေတာ္ေလး ၾကာေနတဲ့ ေမာ္ဒယ္ျဖစ္ပါတယ္။ ၂၀၀၅ခုႏွစ္ နဲ႔ ေနာက္ပိုင္း ထုတ္လုပ္လာ တဲ့ ေမာ္ဒယ္ေတြကိုေတာ့ Compact SUV လို႔ပဲ ေခၚၿပီး အင္ဂ်င္ အေရွ႕ဘက္ ထိုင္စနစ္နဲ႔ ေမာ္ဒယ္ကို ထုတ္လုပ္ထားတာ ေတြ႕ႏိုင္ပါတယ္။ ႐ုန္းအားယူ စနစ္မွာေတာ့ ေရွ႕ဘီးယက္စနစ္နဲ႔လည္း ထုတ္လုပ္တာ ေတြ႕ရသလို
ေလးဘီးယက္စနစ္နဲ႔လည္း ထုတ္လုပ္တာ ေတြ႕ႏိုင္ပါတယ္။

ေမာ္ဒယ္အေနနဲ႔ မွတ္တမ္း၀င္မႈ အေနအထားမွာေတာ့ ဂ်ပန္ထုတ္ ပထမဆုံး Compact SUV ေမာ္ဒယ္ အေနနဲ႔ ဂ်ပန္မွာေရာ ဥေရာပမွာပါ မိတ္ဆက္ႏိုင္ ခဲ့တဲ့ အေနအထားလည္း ျဖစ္ပါတယ္။ ဥေရာပမွာေတာ့ ၁၉၉၄ခုႏွစ္မွာ မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး ၁၉၉၅ ခုႏွစ္မွာေတာ့ ေျမာက္အေမရိကေစ်းကြက္မွာ မိတ္ဆက္ခဲ့တာ ေတြ႕ရပါတယ္။ Compact SUV ေစ်းကြက္ကို အေစာဆုံး ထိုးေဖာက္ေရာင္းခ်တဲ့ ေမာ္ဒယ္ျဖစ္တာေၾကာင့္ ေနရာရၿပီး လူႀကိဳက္မ်ား သြားတာလည္း ျဖစ္ႏိုင္ပါတယ္။

ဒီဇိုင္းပိုင္း တည္ေဆာက္မႈက SUV တစ္စီးမွာ ရွိရမယ့္ အခ်က္ေတြကို အားသာခ်က္အေနနဲ႔ ျပည့္စုံေအာင္ ဖန္တီးထားတဲ့ အခ်က္ကေတာ့ အားရစရာပါ။ အဆိုပါ အားသာခ်က္ေတြကေတာ့ အတြင္းခန္း က်ယ္၀န္း
ေအာင္ ဖန္တီးတည္ေဆာက္ထားမႈ၊ ယာဥ္ေမာင္းအေနနဲ႔ ေရွ႕ျမင္ကြင္းကို အျမင့္ အေနအထားကေန ျမင္ႏိုင္ေအာင္ ဖန္တီး တည္ေဆာက္ထားမႈေတြ အပါအ၀င္ ေလးဘီးယက္စနစ္နဲ႔လည္း ေ႐ြးခ်ယ္ႏိုင္ေအာင္ ဖန္တီး ထုတ္လုပ္ ထား ရွိမႈေတြ အျပင္ ဆီစားႏႈန္း သက္သာစြာနဲ႔ လမ္းၾကမ္းပိုင္း ေမာင္းႏွင္ႏိုင္ မႈေတြ ေကာင္းမြန္တယ္ဆိုတဲ့ အားသာခ်က္ေတြ ျဖစ္ပါတယ္။

ပထမ မ်ိဳးဆက္ (XA10)
--------------------------

အခု မ်ိဳးဆက္ကိုေတာ့ ပထမ မ်ိဳးဆက္လို႔ ဆိုတာထက္ XA10 လို႔ လူသိ မ်ားပါတယ္။ ဒါ့အျပင္ RAV4 EV လို႔လည္း ေခၚၾကသလို ၁၉၉၄ ခုႏွစ္ကေန ၂၀၀၀ ခုႏွစ္ထိေအာင္ ထုတ္လုပ္ခဲ့တဲ့ RAV4 နဲ႔ ၁၉၉၇ ခုႏွစ္ကေန ၂၀၀၃ ခုႏွစ္ထိေအာင္ ထုတ္လုပ္ခဲ့တဲ့ RAV4 EV ေမာ္ဒယ္ေတြကို ေခၚတာ
ျဖစ္ပါတယ္။ ေမာ္ဒယ္ ႏွစ္အေနနဲ႔ကေတာ့ ၁၉၉၅ ခုႏွစ္ ေမာ္ဒယ္ အေနနဲ႔ စတင္ ထုတ္လုပ္ခဲ့တာ ျဖစ္ၿပီးေတာ့ ၂၀၀၀ ခုႏွစ္ ေမာ္ဒယ္ထိေအာင္ ထုတ္လုပ္ခဲ့တာ ေတြ႕ရပါတယ္။

ဂ်ပန္ႏိုင္ငံမွာ ရွိတဲ့ စက္႐ုံေတြမွာပဲ တပ္ဆင္ ထုတ္လုပ္တာ ျဖစ္ၿပီးေတာ့ အဆိုပါ မ်ိဳးဆက္မွာ ဆိုရင္ တံခါးသုံးေပါက္စနစ္ Wagon ပုံစံနဲ႔ တံခါး ငါးေပါက္စနစ္ Wagon ေတြလည္း ထုတ္လုပ္တာ ေတြ႕ရသလို တံခါးသုံး
ေပါက္စနစ္ အမိုးဖြင့္ ေမာ္ဒယ္ေတြ အေနနဲ႔လည္း ထုတ္လုပ္ေသးတာ
ေတြ႕ႏိုင္ပါတယ္။ ဒီမ်ိဳးဆက္မွာေတာ့ ၂.၀လီတာသုံး ဓါတ္ဆီသုံး အင္ဂ်င္စနစ္ေတြကိုပဲ တပ္ဆင္ ထုတ္လုပ္ခဲ့တာ ေတြ႕ႏိုင္ၿပီး Transmission ပိုင္းမွာက ေလးခ်က္ Auto နဲ႔ ငါးခ်က္ Manual စနစ္ေတြနဲ႔ တပ္ဆင္ ထုတ္လုပ္ခဲ့တာ ေတြ႕ႏိုင္ပါတယ္။


ဒုတိယမ်ိဳးဆက္ (XA20)
--------------------------

အခု မ်ိဳးဆက္ကေတာ့ ၂၀၀၀ ခုႏွစ္ကေန ၂၀၀၅ ခုႏွစ္ထိေအာင္ ထုတ္လုပ္ ခဲ့တဲ့ ေမာ္ဒယ္ေတြကို သတ္မွတ္တာျဖစ္ၿပီး Toyota RAV-4 J အေနနဲ႔ေရာ RAV-4 L အေနနဲ႔ပါ လူသိမ်ားပါတယ္။ ေမာ္ဒယ္ႏွစ္ အေနနဲ႔ကေတာ့ ၂၀၀၁ ခုႏွစ္ ေမာ္ဒယ္ အေနနဲ႔ စတင္ ထုတ္လုပ္ခဲ့တာ ျဖစ္ၿပီး ၂၀၀၅ ခုႏွစ္
ေမာ္ဒယ္ထိေအာင္ ထုတ္လုပ္ခဲ့တာ ေတြ႕ႏိုင္ပါတယ္။

ဒီေမာ္ဒယ္ မ်ိဳးဆက္ကိုလည္း ဂ်ပန္မွာပဲ ထုတ္လုပ္တာ ျဖစ္တာေၾကာင့္ အရည္အေသြးပိုင္းမွာ လက္ခြဲႏိုင္ငံထုတ္ ေမာ္ဒယ္ေတြထက္ ေကာင္း မြန္တာလည္း ျဖစ္ပါတယ္။ ကိုယ္ထည္ပိုင္းမွာက တံခါးသုံးေပါက္ စနစ္ Wagon အျဖစ္နဲ႔ေရာ တံခါးငါးေပါက္စနစ္ Wagon အျဖစ္နဲ႔ပါ ထုတ္လုပ္ခဲ့ၿပီး အမိုးဖြင့္ ေမာ္ဒယ္ကို ရပ္နားလိုက္တာ ေတြ႕ရပါတယ္။

အင္ဂ်င္ပိုင္းမွာေတာ့ ေ႐ြးခ်ယ္ႏိုင္စရာ မ်ားလာၿပီး ၁.၈ လီတာသုံး အင္ဂ်င္ေတြ ထုတ္လုပ္လာတဲ့ အျပင္ ၂.၀ လီတာသုံးကေန ၂.၄ လီတာသုံးထိေအာင္ ထုတ္လုပ္လာတာ ေတြ႕ႏိုင္ပါတယ္။ Transmission ပိုင္းမွာလည္း ငါးခ်က္ Manual စနစ္နဲ႔ ေလးခ်က္ Auto ေတြကိုပဲ ထုတ္လုပ္တာ ေတြ႕ရဆဲပါ။

တတိယမ်ိဳးဆက္ (XA30)
----------------------------

အခုေမာ္ဒယ္ကိုေတာ့ ဂ်ပန္မွာ Toyota Vanguard လို႔ လူသိမ်ားၿပီးေတာ့ ၂၀၀၅ ခုႏွစ္ ႏို၀င္ဘာလမွာ စတင္ ထုတ္လုပ္ခဲ့တဲ့ ေမာ္ဒယ္ကေန ၂၀၁၂ ခုႏွစ္ ဒီဇင္ဘာထိေအာင္ ထုတ္လုပ္ခဲ့တဲ့ ေမာ္ဒယ္ေတြကို ေျပာတာပါ။ ဒါေပမယ့္ အဆိုပါ တတိယ မ်ိဳးဆက္က ဂ်ပန္ကေန ျပည္ပကို ပို႔တဲ့
ေမာ္ဒယ္ေတြကိုပဲ ျဖစ္ၿပီးေတာ့ ဂ်ပန္မွာေတာ့ တတိယမ်ိဳးဆက္ကိုပဲ လက္ရွိအခ်ိန္ထိေအာင္ ထုတ္လုပ္ေရာင္းခ်ေနတာ ေတြ႕ရဆဲပါ။ ေမာ္ဒယ္ႏွစ္ အေနနဲ႔ကေတာ့ ၂၀၀၆ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္ထိေအာင္ ထုတ္လုပ္ တဲ့ ေမာ္ဒယ္ေတြကို ေျပာတာ ျဖစ္ၿပီးေတာ့ ဂ်ပန္က စက္႐ုံႏွစ္႐ုံ အျပင္ ကေနဒါနဲ႔ တ႐ုတ္ႏိုင္ငံေတြမွာပါ ထုတ္လုပ္ပါတယ္။ ထုတ္လုပ္တဲ့ ႏိုင္ငံအလိုက္ အရည္အေသြးပိုင္းမွာ အနည္းငယ္ကြဲလာတာ ေတြ႕ရတယ္ ဆိုတဲ့ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။

ဒီမ်ိဳးဆက္မွာေတာ့ တံခါးငါးေပါက္စနစ္ Wagon အျဖစ္နဲ႔ပဲ ထုတ္လုပ္ေတာ့ တာ ေတြ႕ရၿပီး တည္ေဆာက္မႈ ပုံစံ အသစ္ျဖစ္လာသလို Toyota New MC Platform နဲ႔ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ အခု ေမာ္ဒယ္မွာေတာ့ အင္ဂ်င္ပိုင္းမွာ ၂.၀လီတာသုံးကေန ၃.၅လီတာသုံးထိေအာင္ အင္ဂ်င္ အမ်ိဳးအစား ၈မ်ိဳးထိေအာင္ ေ႐ြးခ်ယ္ႏိုင္ဖို႔ ထုတ္လုပ္လာတာ ေတြ႕ရသလို Transmission ပိုင္းမွာလည္း ၆ ခ်က္နဲ႔ ၅ ခ်က္ Manual စနစ္ေတြကို ထုတ္လုပ္လာသလို ၄ခ်က္၊ ၆ခ်က္နဲ႔ ၅ခ်က္ Auto စနစ္ေတြကိုလည္း ထုတ္လုပ္လာတာ ေတြ႕ႏိုင္ပါတယ္။

စတုတၳမ်ိဳးဆက္ (XA40)
---------------------------

စတုတၳမ်ိဳးဆက္ကေတာ့ ၂၀၁၂ ခုႏွစ္ ဒီဇင္ဘာကေန ၂၀၁၈ အထိ ထုတ္လုပ္ေနတဲ့ ေမာ္ဒယ္ေတြ ျဖစ္ပါတယ္။ ေမာ္ဒယ္ ႏွစ္အေနနဲ႔ကေတာ့ ၂၀၁၃ခုႏွစ္ကေန ၂၀၁၈ အထိ ထုတ္လုပ္ေနတာ ျဖစ္ၿပီးေတာ့ ဂ်ပန္၊ ကေနဒါနဲ႔ တ႐ုတ္ႏိုင္ငံေတြမွာပဲ ထုတ္လုပ္တာ ေတြ႕ရပါတယ္။ ဒီမ်ိဳးဆက္မွာေတာ့ ထူးျခားတာက ၃.၅ L Engine V6 ကို ဆက္မသုံးေတာ့တာပါပဲ ၊ Camery - Lexus model ေတြမွာ V6 ကို ၂၀၁၈ အထိ သုံးေပမယ့္ RAV4 မွာေတာ့ ၂၀၁၃ model အထိပဲ V6 ကို သုံးပါတယ္။

တံခါးငါးေပါက္စနစ္ Wagon လို႔ ေခၚရမယ့္ SUV ေတြ အျဖစ္နဲ႔ပဲ ဆက္လက္ ထုတ္လုပ္ေနတာ ေတြ႕ႏိုင္သလို ၂.၀လီတာ၊ ၂.၂လီတာနဲ႔ ၂.၅လီတာသုံး ဒီဇယ္နဲ႔ ဓါတ္ဆီအင္ဂ်င္ေတြ အျဖစ္နဲ႔ ထုတ္လုပ္လာတာ ေတြ႕ႏိုင္သလို Transmission ပိုင္းမွာေတာ့ ျပန္လည္ ေလ်ာ့ခ်ၿပီး ၆ခ်က္ Auto နဲ႔ Manual စနစ္ေတြနဲ႔ ထုတ္လုပ္သလို ထူးျခားခ်က္ အေနနဲ႔ကေတာ့ အခု ေနာက္ပိုင္း
ေခတ္စားေနတဲ့ စနစ္ ျဖစ္တဲ့ CVT စနစ္ကိုပါ ထုတ္လုပ္လာတာ ေတြ႕ႏိုင္ ပါတယ္။

လက္ရွိမွာေတာ့ RAV4 အေနနဲ႔ ဥေရာပေစ်းကြက္နဲ႔ အေမရိက
ေစ်းကြက္ေတြမွာ လူႀကိဳက္မ်ားေနတာ ေတြ႕ႏိုင္ၿပီး အေမရိကန္ ေစ်းကြက္ တစ္ခုတည္းမွာတင္ ၂၀၁၄ခုႏွစ္က အစီးေရ ၂၆၇ ၆၉၈ စီးထိေအာင္
ေရာင္းခ်ထားရတာ ေတြ႕ရပါတယ္။

ေနာက္ဆုံးမ်ိဳးဆက္ XA50
Fifth generation (XA50; 2018)
၂၀၁၈ နစ္ကုန္ပိုင္း ၂၀၁၉ model အေနနဲ႔ စေရာင္းပါတယ္၊ Engine ကေတာ့ ၂.၀ -၂.၅ ဓာတ္ဆီအင္ဂ်င္ ႏွင့္ ၂.၅ ကို Hybrid System နဲ အတူ ထုတ္ပါတယ္၊ ၆-Speed manual ႏွင့္ ၈-Speed Automatic ႏွင့္ ထုတ္ထားပါတယ္ ၊

ထူးျခားခ်က္ကေတာ့ ၂၀၁၉ မွာတုန္းက Safety test မေအာင္ပဲ Software update လုပ္ၿပီးမွ ၂၀၂၀ ဇန္နဝါရီ မွပဲ Safety Test ေအာင္ ပါတယ္။

Crt - JPM


Post a Comment

0 Comments