Ads

header ads

Toyota Vitz အကြောင်း

Unicode

Toyota Vitz အကြောင်း

Toyota ကုမ္ပဏီကနေ Hatchback ကားအမျိုးအစားဖြစ်တဲ့ Toyota Vitz ကို ၁၉၉၉ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၀၅ မိုဒယ်အထိကို ပထမမျိုးဆက်၊၂၀၀၆ မိုဒယ်ကနေ ၂၀၁၀ မိုဒယ်အထိကို ဒုတိယမျိုးဆက်၊၂၀၁၁ မိုဒယ်နောက်ပိုင်းကို တတိယမျိုးဆက်အဖြစ်သတ် မှတ်ခဲ့ပါတယ်။ Toyota Vitz ကို Toyota Yaris ဆိုတဲ့ အမည်တစ်မျိုးနဲ့ လည်း ထုတ်လုပ်ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့ကို တင်ပို့ရောင်း ချခဲ့ပါတယ်။ ဆီစားနှုန်းသက်သာပြီး ကားကြံ့ခိုင်မှုရှိတဲ့ Toyota Vitz ကို လူကြိုက်များခဲ့တဲ့အတွက်လည်း ၂၀၁၀ မိုဒယ်အထိ နိုင်ငံပေါင်း ခုနစ်ဆယ် ကို အစီးရေ ၃ ဒသမ ၅ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။


အင်ဂျင်အမျိုးအစား

Toyota Vitz (ပုံပြောင်း) မှာ အရင်မိုဒယ်တွေလိုပဲ အင်ဂျင်ပါဝါ ၁၅၀၀ စီစီ၊ ၁၃၀၀ စီစီ နဲ့ ၁၀၀၀ စီစီ သုံးမျိုးထုတ်လုပ်ထားပြီး ၂၀၁၀ မိုဒယ် နောက် ပိုင်းမှာတော့ ၁၀၀၀ စီစီကို တင်သွင်းတဲ့သူနည်းပါတယ်။ ၁၅၀၀ စီစီမှာ RS ဂရိတ်နဲ့ Manual ဂီယာ ငါးချက် ထုတ်လုပ်ထားပြီး ကျန်တဲ့အင်ဂျင် တွေမှာတော့ CVT ဂီယာတစ်မျိုးတည်းနဲ့ပဲ ထုတ်လုပ်ထားပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Toyota Vitz ပုံပြောင်းဟာ အရင်မိုဒယ်ဟောင်းတွေနဲ့ ပုံစံလုံးဝကွဲပြားသွား ပါတယ်။၂၀၁၁ မိုဒယ်ပုံပြောင်းကားတွေက Sport Type ဆန်သွားပြီး Wiper ကလည်း တစ်ချောင်းတည်းပါသွားပါတယ်။ နောက်ပြီး ဒိုင်ခွက်က လည်း ပုံဟောင်းကားတွေလို အလယ်မှာမရှိတော့ဘဲ ယာဉ်မောင်းရဲ့အရှေ့မှာ ရှိသွားပါတယ်။ အရင်ပုံဟောင်းမှာ I’LL ဂရိတ်ကအမြင့်ဆုံးဖြစ်ပြီး ပုံပြောင်း မှာတော့ Jewela ကအမြင့်ဆုံးဖြစ်သွားပါတယ်။ ဒီဂရိတ်မှာ Push Start ၊ Digital Aircon ၊ Steering Volume Control ဖြစ်သွားပြီး ထိုင်ခုံနှစ်ရောင် စပ်နဲ့ စတီယာရင်ကြိုးချုပ်ဖြစ်သွားပါတယ်။ U ဂရိတ်မှာလည်း Jewela ဂရိတ်မှာပါတဲ့အတိုင်း ပစ္စည်းတော်တော်များများ ပါဝင်ပါတယ်။ F ဂရိတ် ကတော့ အရင်မိုဒယ်တွေလိုပဲ ဂရိတ်အနိမ့်ဖြစ်လို့ Key Remote နဲ့ Manual အဲကွန်းဖြစ်ပါတယ်

Crd:Automobile



Zawgyi

Toyota Vitz အေၾကာင္း

Toyota ကုမၸဏီကေန Hatchback ကားအမ်ိဳးအစားျဖစ္တဲ့ Toyota Vitz ကို ၁၉၉၉ ခုႏွစ္ကတည္းက စတင္ထုတ္လုပ္ခဲ့တာျဖစ္ၿပီး ၂၀၀၅ မိုဒယ္အထိကို ပထမမ်ိဳးဆက္၊၂၀၀၆ မိုဒယ္ကေန ၂၀၁၀ မိုဒယ္အထိကို ဒုတိယမ်ိဳးဆက္၊၂၀၁၁ မိုဒယ္ေနာက္ပိုင္းကို တတိယမ်ိဳးဆက္အျဖစ္သတ္ မွတ္ခဲ့ပါတယ္။ Toyota Vitz ကို Toyota Yaris ဆိုတဲ့ အမည္တစ္မ်ိဳးနဲ႔ လည္း ထုတ္လုပ္ၿပီး အေမရိကန္နဲ႔ ဥေရာပႏိုင္ငံတခ်ိဳ႕ကို တင္ပို႔ေရာင္း ခ်ခဲ့ပါတယ္။ ဆီစားႏႈန္းသက္သာၿပီး ကားႀကံ့ခိုင္မႈရွိတဲ့ Toyota Vitz ကို လူႀကိဳက္မ်ားခဲ့တဲ့အတြက္လည္း ၂၀၁၀ မိုဒယ္အထိ ႏိုင္ငံေပါင္း ခုနစ္ဆယ္ ကို အစီးေရ ၃ ဒသမ ၅ သန္း တင္ပို႔ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

အင္ဂ်င္အမ်ိဳးအစား

Toyota Vitz (ပုံေျပာင္း) မွာ အရင္မိုဒယ္ေတြလိုပဲ အင္ဂ်င္ပါဝါ ၁၅၀၀ စီစီ၊ ၁၃၀၀ စီစီ နဲ႔ ၁၀၀၀ စီစီ သုံးမ်ိဳးထုတ္လုပ္ထားၿပီး ၂၀၁၀ မိုဒယ္ ေနာက္ ပိုင္းမွာေတာ့ ၁၀၀၀ စီစီကို တင္သြင္းတဲ့သူနည္းပါတယ္။ ၁၅၀၀ စီစီမွာ RS ဂရိတ္နဲ႔ Manual ဂီယာ ငါးခ်က္ ထုတ္လုပ္ထားၿပီး က်န္တဲ့အင္ဂ်င္ ေတြမွာေတာ့ CVT ဂီယာတစ္မ်ိဳးတည္းနဲ႔ပဲ ထုတ္လုပ္ထားပါတယ္။

အျပင္ပိုင္းႏွင့္ အတြင္းခန္း အျပင္အဆင္

Toyota Vitz ပုံေျပာင္းဟာ အရင္မိုဒယ္ေဟာင္းေတြနဲ႔ ပုံစံလုံးဝကြဲျပားသြား ပါတယ္။၂၀၁၁ မိုဒယ္ပုံေျပာင္းကားေတြက Sport Type ဆန္သြားၿပီး Wiper ကလည္း တစ္ေခ်ာင္းတည္းပါသြားပါတယ္။ ေနာက္ၿပီး ဒိုင္ခြက္က လည္း ပုံေဟာင္းကားေတြလို အလယ္မွာမရွိေတာ့ဘဲ ယာဥ္ေမာင္းရဲ႕အေရွ႕မွာ ရွိသြားပါတယ္။ အရင္ပုံေဟာင္းမွာ I’LL ဂရိတ္ကအျမင့္ဆုံးျဖစ္ၿပီး ပုံေျပာင္း မွာေတာ့ Jewela ကအျမင့္ဆုံးျဖစ္သြားပါတယ္။ ဒီဂရိတ္မွာ Push Start ၊ Digital Aircon ၊ Steering Volume Control ျဖစ္သြားၿပီး ထိုင္ခုံႏွစ္ေရာင္ စပ္နဲ႔ စတီယာရင္ႀကိဳးခ်ဳပ္ျဖစ္သြားပါတယ္။ U ဂရိတ္မွာလည္း Jewela ဂရိတ္မွာပါတဲ့အတိုင္း ပစၥည္းေတာ္ေတာ္မ်ားမ်ား ပါဝင္ပါတယ္။ F ဂရိတ္ ကေတာ့ အရင္မိုဒယ္ေတြလိုပဲ ဂရိတ္အနိမ့္ျဖစ္လို႔ Key Remote နဲ႔ Manual အဲကြန္းျဖစ္ပါတယ္

Crd:Automobile

Post a Comment

0 Comments