Ads

header ads

Honda Fit Shuttle အကြောင်း

Unicode

Honda_Fit_Shuttle_အကြောင်း

ခုတလော ကျနော်မျက်စိကျနေတဲ့ Honda Fit Shuttle အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါ တယ်။ ပြည်တွင်းကားအသုံးပြုသူ တွေအတွက် အသုံးတည့်မယ့် ကားတစ်စီးဖြစ်ပေမယ့် တင်သွင်း အသုံးပြုမှုနည်းပါးနေသေးတဲ့ Honda Fit Shuttle အကြောင်း ရွေးချယ် ဖော်ပြပေးလိုက်ပါ တယ်။



Honda Fit Shuttle ကို ၂၀၁၁ မှာ စတင်ထုတ်လုပ်ခဲ့ပြီး Wagon ကိုယ်ထည်အမျိုးအစား ဖြစ်ပါတယ်။ အင်ဂျင်အရွယ်အ စားက ၁၅၀၀ စီစီဖြစ်ပြီး အိမ်စီး ကားအဖြစ်ရော လုပ်ငန်းသုံးကား အငှားယာဉ်အဖြစ်ပါ အသုံးပြုဖို့ သင့်တော်ပါတယ်။

အတွင်းခန်းဂရိတ်ရော ကား ဒီဇိုင်းပါလှပပြီး အရွယ်အစား လည်း သင့်တင့်တဲ့ကားတစ်စီးဖြစ် ပါတယ်။ မော်ဒယ်မြင့်ကားတစ်စီး ဖြစ်လို့ အဆင့်မြင့်ကားနည်းပညာ တွေကို ပေါင်းစပ်ထုတ်လုပ်ထား ပါတယ်။

အဆင့်မြင့်နည်းပညာတွေ အနေနဲ့ ABS, TRC, EBD, AntiTheft Cruise Control တို့လို နည်းပညာတွေ ပါဝင်ပါတယ်။ ဂီယာ အမျိုးအစားကိုတော့ CVT ဂီယာနဲ့ အော်တိုဂီယာငါးချက်ဆိုပြီး နှစ် မျိုးသာထုတ်လုပ်ပါတယ်။

Chassis ID အရ ခွဲခြားမယ် ဆိုရင်တော့ GG7 နဲ့ GG8 ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ဟွန်ဒါ က ထုတ်လုပ်တဲ့ကားတွေထဲမှာ GG Chassis ID ဖြင့် ထုတ်လုပ် တဲ့တစ်မျိုးတည်းသော ကားဖြစ် ပါတယ်။ GG ရဲ့ ဆိုလိုရင်းကို ပြည်တွင်းက မော်တော်ယာဉ် ကျွမ်းကျင်သူတွေ သုံးသပ်တာက တော့ အလတ်တန်းစားဇိမ်ခံကား တွေကိုသာ ဟွန်ဒါက GG Chassis ID ဖြင့် ထုတ်လုပ်တယ် လို့ သုံးသပ်ကြပါတယ်။

Chassis ID အရ ခွဲခြားလေ့ လာမယ်ဆိုရင်တော့ GG7 ကို 2WD, CVT, 1500CC ဆိုပြီး ခွဲခြားနိုင်ပါတယ်။ GG8 ကိုတော့ 4WD, 4AT, 1500CC ဆိုပြီး ထုတ်လုပ်တာ တွေ့ရပါတယ်။ ဂရိတ်တွေ ကိုတော့ 15C, 15X, 15X Fine Line, 15X Cool Edition ဆိုပြီး လေးမျိုးခွဲခြားထုတ် လုပ်ပါတယ်။

ဂရိတ်တွေထဲက 15C နဲ့ 15X တို့ကတော့ အခြေခံဂရိတ်တွေဖြစ်ကြပါတယ်။ 15X Fine Line က အလတ်စားဂရိတ်ဖြစ်ပြီး 15X Cool Edition ကတော့ အမြင့်ဆုံးဂရိတ် တွေဖြစ်ပါတယ်။

15C

အခြေခံဂရိတ်တစ်ခုဖြစ်ပေမယ့် အတွင်းရော အပြင်မှာပါ ထပ်မံတပ်ဆင်လို့ရပြီး ဂရိတ်အမြင့်တစ်စီးလို တပ်ဆင်နိုင်တဲ့ Option ဂရိတ်တစ်ခုဖြစ်ပါတယ်။ ဒီဂရိတ်ကို Chassis ID နှစ်မျိုး စလုံးမှာ တွေ့နိုင်ပါတယ်။ အ တွင်းခန်းအော်တီဗီ၊ နောက်မှန် Spoiler ၊ ထိုင်ခုံလက်တင်၊ ECON Mode ၊ပါဝါဝင်းဒိုးပတ်လည်၊ ဒစ်ဂျစ်တယ်အဲကွန်း၊ နောက်ကြည့် မှန် အချက်ပြတွေ ပါဝင်ပါတယ်။

15X

ဒီဂရိတ်ကလည်း Option ဂရိတ်တစ်ခုဖြစ်ပြီး အတွင်းခန်းက တော့ 15C နဲ့ တူညီပါတယ်။ အ ပြင်ကိုယ်ထည် တည်ဆောက်မှု အပိုင်းမှာ နောက်မှန်ဝိုက်ဘာ၊ နောက်မှန်အရောင်ဝင်တာတွေ က အဓိကထူးခြားချက်ဖြစ်ပါ တယ်။

15X Fine Line

Chassis ID နှစ်မျိုးစလုံးမှာ ထုတ်လုပ်တဲ့ဂရိတ်ဖြစ်ပြီး ကိုယ် ထည်ပိုင်းအပြောင်းအလဲတွေ ကြောင့် လူကြိုက်များ ဂရိတ်တစ် ခုဖြစ်လာပါတယ။် ပတ်လည် စကတ်အကြီးတွေက ရုပ်ပိုင်းဆိုင် ရာ အဓိကဆွဲဆောင်မှုဖြစ်ပြီး အတွင်းဂရိတ်တွေကလည်း ပို ကောင်းလာပါတယ်။ ထိုင်ခုံ Leather ဖြစ်တာ၊ ရှေ့နောက် ထိုင်ခုံတွေမှာ လက်တင်ပါဝင် တာ၊ အော်တီဗီပါဝင်တာ၊ DVDPlayer ဖြစ်တာ၊ ဒစ်ဂျစ်တယ် အဲကွန်းစနစ်ဖြစ်တာ၊ ပါဝါမှန် ပတ်လည်ဖြစ်တာတွေက ဂရိတ်မြင့်ကားတစ်စီးဆိုတာကို သိသာ စေတဲ့အချက်တွေ ဖြစ်ပါတယ်။ စကတ်တွေကိုလည်း ပတ်လည်စကတ်အကြီးတွေ တပ်ဆင်ထားတဲ့အပြင် နောက်မှန်အရောင်ဝင် တာ၊ နောက်မှန် Spoiler အကြီး၊ နောက်မှန်ဝိုက်ဘာ၊ နောက်ကြည့် မှန်အချက်ပြပါဝင်တာတွေက ဒီ ဂရိတ်ကိုမြင်ရုံနဲ့ ဆွဲဆောင်နိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

15X Cool Edition

၂၀၁၃ မှာ စတင်ထုတ်လုပ် တဲ့ ဂရိတ်ဖြစ်ပြီး မော်ဒယ်အမြင့် ဆုံးနဲ့ ဂရိတ်အပြည့်ဆုံးဖြစ်ပါ တယ်။ အတွင်းခန်းဂရိတ်တွေမှာ အော်တီဗီ၊ နောက်ကင်မရာ၊ ပါကင်ဆင်ဆာ၊ ပါဝါဝင်းဒိုးပတ် လည်၊ ထိုင်ခုံလက်တင်၊ အော်တိုအဲကွန်း၊ ရှေ့မှန် UV Filter စတာတွေ ပါဝင်ပါတယ်။ ၂၀၁၃ ပုံပြောင်းရုပ်ဖြစ်လို့ ရှေ့ပိုင်းဘောနက်နဲ့ ရှေ့ရှဲလ်တွေက ပုံပြောင်း ဖြစ်သွားတာ တွေ့ရပါတယ်။ အလွိုင်းခွေ၊ နောက်မှန်ဝိုက်ဘာ၊ နောက်မီးခွက်ပုံပြောင်း၊ ရှေ့မီးကြီး LED ကြောင်မီး၊ Fog Light ၊Door Lock Sensor စတာတွေကတော့ ဂရိတ်အမြင့်ကားတစ်စီးဆို တဲ့အတိုင်း ပြည့်ပြည့်စုံစုံပါဝင် လာတာ တွေ့ရပါတယ်။



Zawgyi

Honda_Fit_Shuttle_အေၾကာင္း

ခုတေလာ က်ေနာ္မ်က္စိက်ေနတဲ့ Honda Fit Shuttle အေၾကာင္းကို ေ႐ြးခ်ယ္ေဖာ္ျပေပးလိုက္ပါ တယ္။ ျပည္တြင္းကားအသုံးျပဳသူ ေတြအတြက္ အသုံးတည့္မယ့္ ကားတစ္စီးျဖစ္ေပမယ့္ တင္သြင္း အသုံးျပဳမႈနည္းပါးေနေသးတဲ့ Honda Fit Shuttle အေၾကာင္း ေ႐ြးခ်ယ္ ေဖာ္ျပေပးလိုက္ပါ တယ္။

Honda Fit Shuttle ကို ၂၀၁၁ မွာ စတင္ထုတ္လုပ္ခဲ့ၿပီး Wagon ကိုယ္ထည္အမ်ိဳးအစား ျဖစ္ပါတယ္။ အင္ဂ်င္အ႐ြယ္အ စားက ၁၅၀၀ စီစီျဖစ္ၿပီး အိမ္စီး ကားအျဖစ္ေရာ လုပ္ငန္းသုံးကား အငွားယာဥ္အျဖစ္ပါ အသုံးျပဳဖို႔ သင့္ေတာ္ပါတယ္။

အတြင္းခန္းဂရိတ္ေရာ ကား ဒီဇိုင္းပါလွပၿပီး အ႐ြယ္အစား လည္း သင့္တင့္တဲ့ကားတစ္စီးျဖစ္ ပါတယ္။ ေမာ္ဒယ္ျမင့္ကားတစ္စီး ျဖစ္လို႔ အဆင့္ျမင့္ကားနည္းပညာ ေတြကို ေပါင္းစပ္ထုတ္လုပ္ထား ပါတယ္။

အဆင့္ျမင့္နည္းပညာေတြ အေနနဲ႔ ABS, TRC, EBD, AntiTheft Cruise Control တို႔လို နည္းပညာေတြ ပါဝင္ပါတယ္။ ဂီယာ အမ်ိဳးအစားကိုေတာ့ CVT ဂီယာနဲ႔ ေအာ္တိုဂီယာငါးခ်က္ဆိုၿပီး ႏွစ္ မ်ိဳးသာထုတ္လုပ္ပါတယ္။

Chassis ID အရ ခြဲျခားမယ္ ဆိုရင္ေတာ့ GG7 နဲ႔ GG8 ဆိုၿပီး ႏွစ္မ်ိဳးခြဲျခားႏိုင္ပါတယ္။ ဟြန္ဒါ က ထုတ္လုပ္တဲ့ကားေတြထဲမွာ GG Chassis ID ျဖင့္ ထုတ္လုပ္ တဲ့တစ္မ်ိဳးတည္းေသာ ကားျဖစ္ ပါတယ္။ GG ရဲ႕ ဆိုလိုရင္းကို ျပည္တြင္းက ေမာ္ေတာ္ယာဥ္ ကြၽမ္းက်င္သူေတြ သုံးသပ္တာက ေတာ့ အလတ္တန္းစားဇိမ္ခံကား ေတြကိုသာ ဟြန္ဒါက GG Chassis ID ျဖင့္ ထုတ္လုပ္တယ္ လို႔ သုံးသပ္ၾကပါတယ္။

Chassis ID အရ ခြဲျခားေလ့ လာမယ္ဆိုရင္ေတာ့ GG7 ကို 2WD, CVT, 1500CC ဆိုၿပီး ခြဲျခားႏိုင္ပါတယ္။ GG8 ကိုေတာ့ 4WD, 4AT, 1500CC ဆိုၿပီး ထုတ္လုပ္တာ ေတြ႕ရပါတယ္။ ဂရိတ္ေတြ ကိုေတာ့ 15C, 15X, 15X Fine Line, 15X Cool Edition ဆိုၿပီး ေလးမ်ိဳးခြဲျခားထုတ္ လုပ္ပါတယ္။

ဂရိတ္ေတြထဲက 15C နဲ႔ 15X တို႔ကေတာ့ အေျခခံဂရိတ္ေတြျဖစ္ၾကပါတယ္။ 15X Fine Line က အလတ္စားဂရိတ္ျဖစ္ၿပီး 15X Cool Edition ကေတာ့ အျမင့္ဆုံးဂရိတ္ ေတြျဖစ္ပါတယ္။


15C

အေျခခံဂရိတ္တစ္ခုျဖစ္ေပမယ့္ အတြင္းေရာ အျပင္မွာပါ ထပ္မံတပ္ဆင္လို႔ရၿပီး ဂရိတ္အျမင့္တစ္စီးလို တပ္ဆင္ႏိုင္တဲ့ Option ဂရိတ္တစ္ခုျဖစ္ပါတယ္။ ဒီဂရိတ္ကို Chassis ID ႏွစ္မ်ိဳး စလုံးမွာ ေတြ႕ႏိုင္ပါတယ္။ အ တြင္းခန္းေအာ္တီဗီ၊ ေနာက္မွန္ Spoiler ၊ ထိုင္ခုံလက္တင္၊ ECON Mode ၊ပါဝါဝင္းဒိုးပတ္လည္၊ ဒစ္ဂ်စ္တယ္အဲကြန္း၊ ေနာက္ၾကည့္ မွန္ အခ်က္ျပေတြ ပါဝင္ပါတယ္။

15X

ဒီဂရိတ္ကလည္း Option ဂရိတ္တစ္ခုျဖစ္ၿပီး အတြင္းခန္းက ေတာ့ 15C နဲ႔ တူညီပါတယ္။ အ ျပင္ကိုယ္ထည္ တည္ေဆာက္မႈ အပိုင္းမွာ ေနာက္မွန္ဝိုက္ဘာ၊ ေနာက္မွန္အေရာင္ဝင္တာေတြ က အဓိကထူးျခားခ်က္ျဖစ္ပါ တယ္။

15X Fine Line

Chassis ID ႏွစ္မ်ိဳးစလုံးမွာ ထုတ္လုပ္တဲ့ဂရိတ္ျဖစ္ၿပီး ကိုယ္ ထည္ပိုင္းအေျပာင္းအလဲေတြ ေၾကာင့္ လူႀကိဳက္မ်ား ဂရိတ္တစ္ ခုျဖစ္လာပါတယ။္ ပတ္လည္ စကတ္အႀကီးေတြက ႐ုပ္ပိုင္းဆိုင္ ရာ အဓိကဆြဲေဆာင္မႈျဖစ္ၿပီး အတြင္းဂရိတ္ေတြကလည္း ပို ေကာင္းလာပါတယ္။ ထိုင္ခုံ Leather ျဖစ္တာ၊ ေရွ႕ေနာက္ ထိုင္ခုံေတြမွာ လက္တင္ပါဝင္ တာ၊ ေအာ္တီဗီပါဝင္တာ၊ DVDPlayer ျဖစ္တာ၊ ဒစ္ဂ်စ္တယ္ အဲကြန္းစနစ္ျဖစ္တာ၊ ပါဝါမွန္ ပတ္လည္ျဖစ္တာေတြက ဂရိတ္ျမင့္ကားတစ္စီးဆိုတာကို သိသာ ေစတဲ့အခ်က္ေတြ ျဖစ္ပါတယ္။ စကတ္ေတြကိုလည္း ပတ္လည္စကတ္အႀကီးေတြ တပ္ဆင္ထားတဲ့အျပင္ ေနာက္မွန္အေရာင္ဝင္ တာ၊ ေနာက္မွန္ Spoiler အႀကီး၊ ေနာက္မွန္ဝိုက္ဘာ၊ ေနာက္ၾကည့္ မွန္အခ်က္ျပပါဝင္တာေတြက ဒီ ဂရိတ္ကိုျမင္႐ုံနဲ႔ ဆြဲေဆာင္ႏိုင္တဲ့ အခ်က္ေတြ ျဖစ္ပါတယ္။

15X Cool Edition

၂၀၁၃ မွာ စတင္ထုတ္လုပ္ တဲ့ ဂရိတ္ျဖစ္ၿပီး ေမာ္ဒယ္အျမင့္ ဆုံးနဲ႔ ဂရိတ္အျပည့္ဆုံးျဖစ္ပါ တယ္။ အတြင္းခန္းဂရိတ္ေတြမွာ ေအာ္တီဗီ၊ ေနာက္ကင္မရာ၊ ပါကင္ဆင္ဆာ၊ ပါဝါဝင္းဒိုးပတ္ လည္၊ ထိုင္ခုံလက္တင္၊ ေအာ္တိုအဲကြန္း၊ ေရွ႕မွန္ UV Filter စတာေတြ ပါဝင္ပါတယ္။ ၂၀၁၃ ပုံေျပာင္း႐ုပ္ျဖစ္လို႔ ေရွ႕ပိုင္းေဘာနက္နဲ႔ ေရွ႕ရွဲလ္ေတြက ပုံေျပာင္း ျဖစ္သြားတာ ေတြ႕ရပါတယ္။ အလြိဳင္းေခြ၊ ေနာက္မွန္ဝိုက္ဘာ၊ ေနာက္မီးခြက္ပုံေျပာင္း၊ ေရွ႕မီးႀကီး LED ေၾကာင္မီး၊ Fog Light ၊Door Lock Sensor စတာေတြကေတာ့ ဂရိတ္အျမင့္ကားတစ္စီးဆို တဲ့အတိုင္း ျပည့္ျပည့္စုံစုံပါဝင္ လာတာ ေတြ႕ရပါတယ္။



Post a Comment

0 Comments